Thursday 25 April 2019

ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားကို သွားမည်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကို လာလိမ့်မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဧပြီလ ၂၉ ရက်နေ့မှာ တရုတ်နိုင်ငံက ခေတ်သစ် ပိုးလမ်းမ စီမံကိန်း ဒုတိယအကြိမ် နိုင်ငံတကာ ညီလာခံ တက်ပြီးရင် ဘေကျင်းမြို့ ကနေ ဖနွမ်းပင်ကို တိုက်ရိုက် ရောက်လာပြီး မေလ ၁ ရက်နေ့ထိ ကမ္ဘောဒီးယားမှာ ရှိလိမ့်မယ်လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မစ္စတာ ဟွန်ဆန်က ပြောလိုက်တာ ဖြစ်ပါတယ်။ မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ နိုင်ငံရေး အရသာ မဟုတ်ဘဲ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စတွေပါ ပါဝင်တယ်လို့ ဟွန်ဆန်က ပြောပါတယ်။ [Photo: တရုတ်နိုင်ငံ ဘေကျင်းမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် /

No comments:

Post a Comment