Sunday 26 June 2016

ကျွန်တော်တို့မှတ်မိသိရှိသမျှ ဗိုလ်ချုပ်

မှတ်ချက်။ ။လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်အောင် ဆန်းရဲ့ အတ္ထုပ္ပတ္တိအပိုင်း(၄)တွင် ရဲဘော်သုံးကျိပ်၏ အမည်များကိုသာ တင်ပြပါရစေ။ ကျော်၍ရေးရခြင်းမှာ ရဲဘော်သုံးကျိပ်၏ အမည်နာမများအား မေ့နေသောသူ များ သိရှိစေရန် စေတနာဖြင့်လည်းကောင်း၊ မသိသေး သောသူများ သိစေရန်အတွက်လည်းကောင်း အခန်း ဆက်ကျော်၍ တင်ပြရခြင်းဖြစ်ပါသည်။ နောက်လာ မယ့် အခန်း(၅)မှစ၍ ဗိုလ်ချုပ်အောင်ဆန်း အခန်း ဆက်အား ကလေးသူငယ် ကျောင်းသာဘဝမှစ၍ ရေးပါမည်ဖြစ်ကြောင်း အမျိုးများအားလုံးကို လေးစား စွာတင်ပြလိုက်ပါသည်။ ( ရဲဘော်သုံးကျိပ် ပန္နက်ဓိဌာန် ဖွဲ့စည်းခြင်းသည် ကား မြန်မာ့ရာဇဝင်သမိုင်းတို့တွင် စစ်ကိုင်းမြို့တည်၊ နန်းတည် သင်္ခယာစောယွန်းသည် မုဆိုးဘို စသော မြောက်ဘက်တစ်ခွင်တစ်ပြင်ကို မြင်းယာဉ်တပ်ဖွဲ့စည်း သကဲ့သို့လည်းကောင်း ၊ တပင်ရွှေထီးသည် မုဆိုးဘို တစ်ခွင်တွင် မြောက်မြင်းနယ် ၊ မိတ္ထီလာတစ်ခွင်ကို တောင်မြင်းနယ် ဖွဲ့စည်းသကဲ့သို့လည်းကောင်း ၊မုဆိုး ဘိုစီရင်စုမှ ဦးအောင်ဇေယျသည် မုဆိုးဘိုတစ်ဝန်းမှ စွမ်းရည် ၊သတ္တိ ၊ ဗျတ္တိနှင့်နှင့် ကတိသစ္စာရှိသူတို့ကိဲုရဲဘော်ခြောက်ကျိပ်ရှစ်ယောက် ဖွဲ့စည်းသကဲ့သို့လည်း ကောင်း အကြောင်းချင်းတူမျှပေသည်။) ထိုသို့ တပည့် ရဲဘော်သုံးကျိပ်ဟူသော အမည် တွင်ရှိလေအောင် သခင်အောင်ဆန်းခေါင်းဆောင်ကာ ရဲဘော်၊ ရဲဘက်စုစုပေါင်းသုံးဆယ် တိတိရှိလေသည်။ သခင်ထွန်းအုပ်မှလွဲ၍ အားလုံးသော ရဲဘော်အပေါငိးတို့သည် ဟိုက်နန်ကျွန်း၌ အပူတပြင်းစိုင်းနှင်းသင်ကြား လေ့ကျင့်ခဲ့ရလေသည်။ ရဲဘော်သုံးကျိပ်တို့သည် ယိုးဒယားပြည်မှစ၍ မြန် မာ သူရဲကောင်းများစုကာ တပ်ဖွဲ့ကြလေသည်။ ရဲဘော်သုံးကျိပ်တို့၏ အမည်များမှာကား အောက်ပါ အတိုင်းဖြစ်လေသည်။ ၁။ သခင်အောင်ဆန်း ဗိုလ်တေဇ ၂။သခင်လှဖေ ဗိုလ်လက်ျာ ၃။သခင်ရှုမောင် ဗိုလ်နေဝင်း ၄။ကိုလှမောင် ဗိုလ်ဇေယျ ၅။ကိုထွန်းရှိန် ဗိုလ်ရန်နိုင် ၆။သခင်လှမြိုင် ဗိုလ်ရန်အောင် ၇။ကိုရွှေ ဗိုလ်ကျော်ဇော ၈။သခင်စံလှိုင် ဗိုလ်မှူးအောင် ၉။ကိုဆောင်း ဗိုလ်ထိန်ဝင်း ၁၀။သခင်ထွန်းရွှေ ဗိုလ်လင်းယုန် ၁၁။သခင်အောင်သိန်း ဗိုလ်ရဲထွဠ် ၁၂။သခင်ဗဂျမ်း ဗိုလ်လရောင် ၁၃။သခင်တင်အေး ဗိုလ်ဘုန်းမြင့် ၁၄။သခင်ထွန်းခင် ဗိုလ်မြင့်ဆွေ ၁၅။သခင်သန်းတင်(၁) ဗိုလ်သန်းတင် ၁၆။သခင်ထွန်းအုပ် ၁၇။သခင်အောင်သန်း ဗိုလ်စင်္ကြာ ၁၈။သခင်စိုး ဗိုလ်မြင့်အောင် ၁၉။သခင်စံမြ ဗိုလ်တောက်ထိန် ၂၀။ကိုလှ ဗိုလ်မင်းရောင် ၂၁။သခင်စောလွင် ဗိုလ်မင်းခေါင် ၂၂။သခင်ကျော်စိန် ဗိုလ်မိုးညို ၂၃။သခင်သစ် ဗိုလ်စောနောင် ၂၄သခင်ခင်မောင်ဦး ဗိုလ်တာယာ ၂၅။သခင်ထွန်းလွင် ဗိုလ်ဗလ ၂၆။သခင်သန်းညွှန့် ဗိုလ်ဇင်ယော် ၂၇။သခင်အေးမောင် ဗိုလ်မိုဃ်း ၂၈။သခင်မောင်မောင် ဗိုလ်ဥာဏ ၂၉။သခင်ငွေ ဗိုလ်စောအောင် ၃၀။သခင်သန်းတင်(၂) ဗိုလ်မြဒင် တို့ ဖြစ်ကြလေသည်။ #credit ဆက်လက်ဖော်ပြပေးသွားသည်။