Thursday 21 December 2017
မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းရှိ မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာကြားတွင် အဆန်ကုန်ရထားတွဲချော်၍ ကုန်တင်တွဲ(၃)တွဲ တိမ်းမှောက်မှုဖြစ်ပွား
=========================================
မိုးကောင်း ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မြစ်ကြီးနား-မန္တလေးရထားလမ်းပိုင်း မိုးကောင်းဘူတာနှင့်နမ္မတီးဘူတာအကြားတွင် ဒီဇင်ဘာ၂၁ရက် ည၈နာရီခွဲက မန္တလေးမှထွက်ခွာလာသော အမှတ်(၉၃၃)ကုန်ရထားတစ်စီး တွဲချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးဖက်မှ မြစ်ကြီးနားဖက်သို့ စက်ခေါင်းမောင်း ဦးခင်မောင်ကြည်
နှင့် ဦးကျော်မြင့်တို့မောင်းနှင်လာသော အမှတ်(933)ကုန်တင်အဆန်ရထားသည် မိုးကောင်းဘူတာ၏ မြောက်ဖက်(၃)မိုင်ခန့်အကွာ မီးရထားမိုင်တိုင်အမှတ်(၆၈၉/၆နှင့် ၆၈၉/၉)ကြားတွင် ကုန်တင်တွဲ(၃)တွဲတိမ်းမှောက်ပြီး (၂)တွဲမှာလမ်းချော်တိမ်းစောင်း၍ မီးရထားသံလမ်းဆက်(၄)ဆက် ပျက်ဆီးသွားကြောင်း သိရသည်။
ရထားတွဲတိမ်းမှောက်ရာနေရာသို့ မိုးကောင်းဘူတာ ရုံပိုင်လေးဦးစံထွန်းသိန်း၊မိုးကောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးရွှေရွှေဟန်နှင့်တပ်ဖွဲ့ဝင်များ၊မီးရထားရဲ ရဲတပ်ကြပ်ကြီးရဲမင်းနှင့်တပ်ဖွဲ့ဝင်များ၊မိုးကောင်းမီးသတ်တပ်ဖွဲ့ဝင်များ၊မိုးညှင်းမြို့၊မြစ်ကြီးနားမြို့တို့မှ ကရိန်းများလာရောက်ကာ မီးရထားလမ်းပိုင်းများ အချိန်မီပြန်လည်ကောင်းမွန်ရေး ရထားများအချိန်မီထွက်ခွာနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မြစ်ကြီးနားလမ်းပိုင်းမှရထားစီးခရီးသည်များနှင့် မန္တလေးလမ်းပိုင်းမှရထားစီးခရီးသည်များအား ရထားချိန်းပြောင်းပြီး ထွက်ခွာပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ
မြန်မာ့ ပထမဆုံး ကျောက်စိမ်း လိုဏ်ဂူတော်ကို ၂၀၁၈ နှစ်ဆန်းပိုင်းတွင် ဖွင့်မည်
↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔
21 DECEMBER 2017
မြန်မာနိုင်ငံတွင် ကျောက်စိမ်း တန်ချိန် ၃၀၀ ဖြင့် တည်ဆောက် ထားသော ပထမဆုံး ကျောက်စိမ်း လိုဏ်ဂူတော်ကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် ဖွင့်လှစ်နိုင်မည် ဖြစ်ရာ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ဖွင့်လှစ်ပေးရန် ဖိတ်ကြား ထားကြောင်း ကျောက်စိမ်း လိုဏ်ဂူတော် တည်ဆောက်ရေး ကြီးကြပ်မှု အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ကြီး က ဒီဇင်ဘာလ ၁၅ ရက်တွင် ပြောသည်။
အဆိုပါ လိုဏ်ဂူတော်မှာ မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ် တောင်ဘက်ရှိ ဝေရောစန ကျောက်စိမ်း စေတီတော် ပရဝဏ် အတွင်း တည်ဆောက်ထားခြင်း ဖြစ်ကာ လိုဏ်ဂူ အကျယ် ၁၃ ပေ၊ အမြင့် ၁၃ ပေနှင့် အရှည်ပေ ၂၅၀ ခန့်ရှိပြီး ခရီးသွား များကို ဆွဲဆောင် နိုင်ရန်နှင့် ကျောက်စိမ်းနှင့် ပတ်သက်သော အကြောင်းအရာ များကို လေ့လာနိုင်ရန် ရည်ရွယ် ထားကြောင်း သိရသည်။
■ နှစ်ဆန်းပိုင်း၌ ဖွင့်မည်
''အရေးကြီးတာတွေတော့ အကုန် ပြီးနေပြီ။ အနုစိတ် ဆောင်ရွက်တဲ့ အပိုင်းမှာပဲ အချိန် နည်းနည်း နောက်ကျ သွားတာပါ။ အခု ၉၀ ရာခိုင်နှုန်းကျော် ပြီးနေပါပြီ။ ရေကန်နဲ့ မီးဆင်တာတွေလည်း ပြီးပြီ။ ပန်းပုရုပ်တွေ နံရံမှာ ကပ်တာလောက်ပဲ ကျန်တော့တယ်။ ဖွင့်ပွဲ ကိုတော့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖွင့်ပေးမှာပါ။ ဒီလတွေက အချိန် ကျပ်တယ်။ အဆင်ပြေမယ့် အချိန်ကို စောင့်နေတာကြောင့် လာမယ့် နှစ်ဆန်းပိုင်းလောက် ကျမှပဲ ဖွင့်မှာပါ'' ဟု ၎င်းက ပြောသည်။
ကျောက်စိမ်း လိုဏ်ဂူတော်တွင် ဇာတ်ကြီး ဆယ်ဘွဲ့၊ ၁၂ လ ရာသီ ပွဲတော်များ၊ ကျောက်စိမ်း ထမင်းပွဲ၊ ကျောက်စိမ်း ပန်းပုများ၊ ကျောက်စိမ်း လက်ကောက်၊ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော သစ်သီးများ၊ ပန်းကန် ခွက်ယောက်များ အပြင် ဒေသတွင် ရှိသော ပျူခေတ်၊ ပုဂံခေတ် ရုပ်တုများ၊ ရက်ကန်း လုပ်ငန်း၊ တောင်သူများ၊ အိုးလုပ်ငန်းများ ကိုလည်း ပန်းချီကားများဖြင့် ပြသထားကြောင်း သိရသည်။
■မြန်မာ့ပတ္တမြား
လိုဏ်ဂူကို ထူးခြား ဆန်းကြယ်စွာ ပြုလုပ်ထားပြီး မြန်မာ့ ပတ္တမြားကို လေ့လာနိုင်ရန်လည်း ဆောင်ရွက် ပေးထားကြောင်း၊ ဂူအဝင်ဝ တွင်လည်း ကျောက်စိမ်းဖြင့် ထုလုပ်ထားသော နဂါးနှစ်ကောင် ရုပ်တုရှိကာ လိုဏ်ဂူ အတွင်း ပြသထားသည့် ပစ္စည်းများ ကိုလည်း ကျောက်စိမ်း များဖြင့်သာ ပြုလုပ်ထားသောကြောင့် တန်ဖိုးအားဖြင့် ကျပ်သိန်း ၄၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
''လိုဏ်ဂူတော် နေရာကို သာယာ လှပအောင်ရယ်နဲ့ သဘာဝ ပုံစံ ဖြစ်အောင် လုပ်ပေးထားတယ်။ မည်သူမဆို အခမဲ့ ဝင်ရောက် လေ့လာနိုင်ပါတယ်။ အထဲမှာ ကျောက်စိမ်းတွေနဲ့ ပတ်သက်လို့ လေ့လာနိုင်အောင် ပြတိုက် တစ်ခု လုပ်ပေးထားတယ်။ ဘယ်ကျောက်စိမ်းက ဘယ်က ဘယ်လို ထွက်တယ် ဆိုတာတွေ ပါမယ်။ နံရံ ကျောက်သားတွေ မှာလည်း စေတီ ပုံစံ၊ သစ်ပင် ပုံစံ၊ ဆွဲသီး ပုံစံ၊ လူ ပုံစံနဲ့အခြား ပုံတွေ လုပ်ထားတာ ရှိပါတယ်'' ဟု ၎င်းက ထပ်မံပြောသည်။
■အထူး တည်းခိုဆောင်လည်းရှိ
ထို့ပြင်ကျောက်စိမ်း လိုဏ်ဂူတော် အပြင်ဘက် တွင်လည်း ဘုရားဖူး ခရီးသွားများ တည်းခိုနိုင်ရန် မြေဧက ၂၀ ကျော် တွင် ရိုးရိုး တည်းခိုဆောင် များနှင့် အထူး တည်းခိုဆောင် များ ပြုလုပ် ပေးထားကာ ရိုးရိုး တည်ခိုဆောင်တွင် တစ်ဦးလျှင် ဘုရားကြီး အတွက် ကျပ် ၁၅၀၀ နှင့် အထူး တည်းခိုဆောင်တွင် တစ်ဦးလျှင် ကျပ် ၅၀၀၀ ဖြင့် တည်းခိုနိုင်ရန် ဆောင်ရွက် ပေးထားကြောင်း သိရသည်။
''တည်းခိုခန်း အနေနဲ့လည်း ငါးလုံး ပြီးသွားပြီ။ နောက်ထပ် သုံးလုံး ထပ်ဆောက်နေတာ ဇန်နဝါရီလကုန် ဆိုရင် ပြီးမယ်။ အားလုံးပြီးရင် လူ အယောက် ၅၀၀ တစ်ပြိုင်တည်း တည်းခိုနိုင်ပါတယ်။ လုံခြုံရေးနဲ့ ပတ်သက် ပြီးတော့လည်း အပြည့် ဆောင်ရွက် ထားပါတယ်'' ဟု ဦးခင်မောင်ကြီးကပြောသည်။
ရှိန်းဝင်းထိုက်
(ဓာတ်ပုံ - ခင်မောင်ကြီး)
#ပြည်မြန်မာ
goo.gl/5TmQwX
သံဃာတစ်သောင်းကျော်ဖြင့် အနေကဇာတင်မည့်အခမ်းအနားကြောင့် ရွှေတိဂုံစေတီသို့ နိုင်ငံခြားသားလည်ပတ်မှု ယာယီပိတ်မည်
================================
၂၀..၁၂..၁၇
-
ရန်ကုန်မြို့တော် ရွှေတိဂုံစေတီတော် မြတ်ကြီးတွင် ဂိုဏ်းပေါင်းစုံ သံဃာတော် အပါးတစ်သောင်းရှစ်ထောင်ဖြင့် ဗုဒ္ဓ ဘိသေကအနေ
ကဇာတင် အခမ်းအနား နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ် မည်
ဖြစ်သဖြင့် နိုင်ငံခြားသားခရီးသွားများ လည်ပတ်မှုကို ယာယီပိတ်ထား
မည်ဖြစ် ကြောင်း ဧည့်လမ်းညွှန်များထံမှ သိရသည်။
-
ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီမှ ဇန်နဝါရီလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီအတွင်း နိုင်ငံခြားခရီးသည်များ ရွှေတိဂုံစေတီတော်
သို့ လာရောက်ခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ် နှင့် ခရီး
သွားညွှန်ကြားမှုဦးစီးဌာနက အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
-
အဆိုပါပြန်ကြားရေးအဖွဲ့၏အဆို အရ နိုင်ငံခြားသားခရီးသည်များ
အနေ နှင့် ဘုရားလာရောက်ဖူးမြော်ရာတွင် အဆင် မပြေမှုများ ရှိလာ
နိုင်သဖြင့် ဇန်နဝါရီလ ၁ ရက်နေ့ နေ့လယ်ပိုင်းကျော်လွန်မှသာ လာရောက်ဖူးမျှော်ကြရန် အကြောင်းကြား ထားခြင်း ဖြစ်သည်။
-
"ကျွန်တော့်အထင် သံဃာအပါးများ လို့ဖြစ်မယ်။ ဒါပေမဲ့ ရက်တိုက်
နေတဲ့ ဧည့်သည်တွေဆို တခြားရက်မရှိရင် လည်ခွင့် မရတော့ရင်တော့ သူတို့အတွက် စိတ်မ ကောင်းစရာပါ" ဟု လိုင်စင်ရအင်္ဂလိပ်ဧည့် လမ်းညွှန် ကိုရဲအောင်ဇော်ကဆိုသည်။
-
ခရီးသွားကုမ္ပဏီများအနေနှင့် လည်း နိုင်ငံခြားသားဧည့်သည်များကို ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက် ပြသဖူးမျှော်ရန် ခရီးစဉ်
များရေးဆွဲရောင်း ချထားမှုများကို ပြင်ဆင်ဆောင်ရွက်နိုင်ရန် မြန်မာ
နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက အသင်းသားများထံ ဒီဇင်ဘာ လ ၁၅ ရက်နေ့က သတင်းထုတ်ပြန် အသိပေးထားသည်။
-
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ရွှေတိဂုံစေတီတော်တွင်ကျင်းပမည့် သံဃာတော်အပါး တစ်သောင်းရှစ်ထောင် ဖြင့် အနေကဇာတင်ပွဲတွင် သံဃာတော် များက ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။
-
ရွှေတိဂုံစေတီတော်သို့ နိုဝင်ဘာလ တွင်းက တစ်လအတွင်း နိုင်ငံခြား
သားခရီး သွား ခုနစ်သောင်းခြောက်ထောင်ကျော် လာရောက်လည်
ပတ်ခဲ့ပြီး တစ်ရက်လျှင် ၂၅၃၅ ဦးခန့် လာရောက်ခဲ့ကြောင်း စေတီ
တော်ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
===========
The Voice Journal
#မီးလောင်နာနှင့် ပိန်းပင်အစွမ်း
တပ်မတော်သားတစ်ဦး တောမီးလောင်ရာက ကြံခင်းများသို့ မီးကူးစက်မည်စိုး၍ ၀ိုင်းဝန်းငြိမ်းသတ်ရာက တောမီးအရှိန် မီးတောက်ဟပ်ပြီး လက်ပြင် တစ်ခုလုံးမြင်မကောင်းအောင်ဖြစ်တော့သည်။
ဘာလုပ်ပေးရမည်မသိဖြစ်နေစဉ် ရှမ်းအဖွားအိုတစ်ဦး ပိန်းရိုးပိန်းရွက်များခူးလာကာ ကြိတ်ချေအရည်ညှစ်၍ မီးလောင်နာ ပေါ်သို့ ချပေးလေသည်။ ပိန်းပင်၏ အရည်သည် ပူခြင်းစပ်ခြင်းမရှိပါပဲ အေးမြသောအတွေ့ ကို ခံစားရသည်ဆိုသည်။
ထိုနောက်ပိန်းရိုး၊ပိန်းရွက်ညှစ်ရည်များကို အသာတင်အုံပြိး အ၀တ်ဖွဖွစည်းပေးခဲ့လေသည်။နေ့စဉ် ပိန်းရိုး၊ပိန်းရွက် သတ္တုရည်ကို မီးလောင်နာတွင် ထည့်ပေးခြင်းနှင့် အုံစည်း ပေးခြင်းကို (၄)ရက်ဆက်တိုက်ပြုလုပ်ပေးလေရာ မီးလောင် နာမှာ လက်ပြင်တစ်ခုလုံး ဖူးယောင်ညိုမဲ သွေးသံရဲရဲမှ အနာဖေးတက်ပြီး ဖြူသွားကာ ပျောက်ကင်းသွားပါတော့သည်။
ရှမ်းအဖွားအိုပြောပြသည်မှာ မောရှမ်းတို့၏ဆေးနည်းဖြစ်ပြီး မီးလောင်၊အပူလောင် အနာတရများ၊ ရုတ်တစ်ရက်ထိခိုက် ဒဏ်ရာရပါက ပိန်းပင်မှညှစ်ရည်သည် အစွမ်းထက်လှသည်ဆိုသည်။ ပိုပြီးအစွမ်းထက်သည်မှာ "ပိန်းနက်ပင်" ဖြစ်သည်ဟုလည်း ဆိုပါသည်။
လိုသူတို့သုံး စိတ်နှလုံး ရွှင်ပြုံးနိုင်ပါစေ…
#ရဲမျိုးသူ(ဗောဓိမြိုင်)
Wednesday 20 December 2017
ပြည်တွင်းဘဏ်များ၏ နေ့တွက်အတိုးကို လာမည့်နှစ်ဆန်းကစ၍ ထက်ဝက်ကျော်လျှော့ချမည်
====================
====================
နေ့တွက်အတိုးဖြစ်သည့် ခေါ်ယူအပ်ငွေ စာရင်းအတွက် (Call Deposit Account)အတိုး နှုန်းကို ပြည်တွင်းဘဏ်များက ၂၀၁၈ ဇန်နဝါရီတွင် ထက်ဝက်ကျော် လျှော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘဏ်များအသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထူးအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။
၂၀၁၇ စက်တင်ဘာအတွင်း ၆ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ခဲ့သည့် အဆိုပါတစ်နှစ်အတိုးနှုန်း ကို ပြည်တွင်းဘဏ်များက ၂ ရာခိုင်နှုန်းအထိ ထပ်မံလျှော့ချမည်ဖြစ်သည်။
မြန်မာနိုင်ငံဘဏ်များအသင်းက ညွှန်ကြား ထားသောကြောင့် လာမည့်ဇန်နဝါရီ ၂ ရက်က စတင်၍ ခေါ်ယူအပ်ငွေစာရင်း (Call Deposit) အတွက် အတိုးနှုန်းကို ၂ ရာခိုင်နှုန်းအထိ လျှော့ချ ခဲ့ကြောင်း ကမ္ဘောဇဘဏ်က ယမန်နေ့တွင် ထုတ် ပြန်ကြေညာထားသည်။‘‘ဘဏ်များအသင်းက သ ဘောတူထားရင် လိုက်လုပ်ရမှာ ပါ။ Call Deposit က တခြားနိုင်ငံ တွေမှာ ငွေ(အတိုး)မပေးပါဘူး။ ငွေသွင်း ငွေထုတ်လုပ်လို့ ဝန် ဆောင်ခပါ ပြန်ပေးရပါတယ်’’ဟု ဧရာဝတီဘဏ် အုပ်ချုပ်မှုဒါရိုက် တာ ဦးမြင့်ဇော်က ပြောသည်။
အဆိုပါခေါ်ယူအပ်ငွေအ တိုးပေးခြင်းသည် ဘဏ်လုပ်ငန်း ဖွဲ့စည်းပုံနှင့် မကိုက်ညီကြောင်း၊ ထို့ကြောင့် စနစ်တကျဖြစ်ရန် ပြန် လည်ပြင်ဆင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ခေါ်ယူအပ်ငွေစာရင်းကို ငွေပမာဏ အမြောက်အမြားအပ် နှံခြင်းဖြစ်ပြီး အထူးသဖြင့် ရုံးပိတ် ရက်များတွင် ဘဏ်၌ငွေအပ်ပြီးမှ ရုံးဖွင့်လျှင် ငွေပြန်ထုတ်ပြီး အတိုး ယူခြင်းဖြစ်သည်။
အဆိုပါအတိုးနှုန်းလျှော့ချမှု ကို ဘဏ်အားလုံးက သဘောတူ ၍ လိုက်နာဆောင်ရွက်မည်ဖြစ် ကြောင်း ပထမပုဂ္ဂလိကဘဏ်အ ကြီးတန်းအထွေထွေမန်နေဂျာ ဦးမြင့်ဇော်က ပြောသည်။
ခေါ်ယူအပ်ငွေစာရင်းသည် ဘဏ်တွင် ရက်အပိုင်းအခြားဖြင့် အပ်နှံပြီး ပြန်လည်ထုတ်ယူခြင်း ဖြစ်သည်။ အထူးသဖြင့် သောကြာနေ့တွင် အပ်၍ တနင်္လာနေ့တွင် ပြန်လည်ထုတ်ယူမှုများ ဖြစ် သည်။ စက်တင်ဘာမတိုင်မီအထိ ထိုငွေစာရင်းအတွက် အတိုးနှုန်း ကို ဘဏ်များက ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအတွင်း ဘဏ်မူဝါဒအတိုင်း ပေးအပ်နေကြောင်း ကမ္ဘာ့ရတနာဘဏ် ဒုတိယမန်နေဂျင်းဒါရိုက်တာ ဒေါက်တာလှညွန့်က ပြောသည်။ ယခုကဲ့သို့ အတိုးနှုန်းလျှော့ ချသတ်မှတ်ခြင်းကြောင့် ဘဏ် များတွင် ပိတ်ရက်အတွင်း စုငွေ များကို အတိုးပေးရသည့်ဒဏ်မှ လျှော့ချနိုင်မည်ဟု ဘဏ်လုပ်ငန်း ရှင်များက ပြောသည်။
နေ့တွက်အတိုး ပေးနေရ သည့် ခေါ်ယူအပ်ငွေစာရင်း အ တွက် ယခင်က ၄ ရာခိုင်နှုန်း သာပေးသော်လည်း နောက်ပိုင်း၌ ဈေးကွက်ပြိုင်ဆိုင်မှု များလာ သောကြောင့် ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ သားများဘဏ်ဥက္ကဋ္ဌ ဒေါက်တာ သောင်းဟန်က ပြောသည်။
အာဆီယံနိုင်ငံများအနက် စင်ကာပူနိုင်ငံတွင် နေ့ပြန်အတိုး အတွက် ၁ ဒသမ ၄ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိသာရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင် က ပြောသည်။
==========
7Day News Journal
http://7daydaily.com/story/116001
တရုတ်ဘက်မှလာသော လေဖိအားကြီးရပ်ဝန်းကြောင့် မြန်မာနိုင်ငံအနှံ့တွင် နောက်လေးရက်ခန့် အအေးပိုနေမည်
====================
====================
တရုတ်ဘက်မှလာသော လေဖိအားကြီးရပ်ဝန်းကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နောက်လေးရက်ခန့် အအေးပိုနေမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
“အခုရက်ပိုင်း အအေးပြန်ပိုလာတာက တရုတ်ဘက်ကလာတဲ့ လေဖိအားကြီးရပ်ဝန်းက ရှမ်းပြည်နယ်ဘက်ကနေ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေဖြစ်တဲ့ မွန်တို့၊ တနင်္သာရီတို့အထိ ရောက်နေတယ်။ ခုကနေ နောက် သုံး၊ လေး၊ ငါးရက်လောက်အထိ အေးနိုင်တယ်။ ဒီဇင်ဘာ ၂၅ ရက်လောက်မှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်နိုင်တယ်လို့ ခန့်မှန်းရတယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းဖြစ်ရင် ပြန်ပြီးအအေးပေါ့သွားနိုင်တယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာ ၂၀ ရက် ထုတ်ပြန်ချက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း၊ ညအပူချိန်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် ငါးဒီဂရီစင်တီဂရိတ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် သုံးဒီဂရီစင်တီဂရိတ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပြီး ထူးခြားသည့် ညအပူချိန်များအနေဖြင့် နမ့်စန်မြို့တွင် နှစ်ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့တွင် သုံးဒီဂရီစင်တီဂရိတ်၊ လွိုင်လင်မြို့နှင့် ဟားခါးမြို့တို့တွင် ငါးဒီဂရီစင်တီဂရိတ်စီနှင့် သီပေါမြို့၊ ကျိုင်းတုံမြို့နှင့် မိုင်းယမ်းမြို့တို့တွင် ခြောက်ဒီဂရီ စင်တီဂရိတ်စီရှိကြောင်း သိရသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာတတိယ ၁၀ ရက်ပတ် မိုးလေ၀သခန့်မှန်းချက်တွင် ညအပူချိန်များအနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။
မြူကျဆင်းနိုင်သည့် အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ငါးရက်မှ ၁၀ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နှစ်ရက်မှ လေးရက်ခန့် မြူထူများဆိုင်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ နံနက်ပိုင်းအချိန်များတွင် သိသိသာသာ အအေးပိုလာကြောင်း သိရသည်။
writer: ဆန်းထူးအောင်
==========
Eleven Media Group
http://news-eleven.com/news/27182
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူ နိုင်ငံသားများနှင့်
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် မိသားစုတို့ အတွက်
နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်း
ခရစ်ယာန် အသင်းတော်မှ အသင်းသူ၊ အသင်းသားများက ခရစ်တော်
မွေးနေ့အကြို ဆုတောင်း မေတ္တာပို့သ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
နေပြည်တော် ဒီဇင်ဘာ ၂၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်
သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် မိသားစုတို့အတွက် နေပြည်တော်
သပြေကုန်း ရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ
သိက္ခာတော်ရ ဆရာ ဦးစောအောင်အောင်လွင် ဦးဆောင်သော အဖွဲ့သည်
ယနေ့ညနေ ၅ နာရီတွင် နေပြည် တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၌
ခရစ်တော် မွေးနေ့အကြို အဖြစ် လာရောက် ဆုတောင်း မေတ္တာပို့သကြသည်။
ရှေးဦးစွာ နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်း
ခရစ်ယာန် အသင်းတော်မှ အသင်းသူ၊ အသင်းသားများက ခရစ္စမတ်
ဓမ္မတေးများ သီဆိုကြပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြသည်။
ယင်းနောက် သိက္ခာတော်ရ ဆရာ ဦးစောအောင်အောင်လွင်က ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော် သမ္မတနှင့်
ဇနီး မိသားစုတို့ အတွက် ဆုတောင်း မေတ္တာပို့သသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ
လူမျိုးပေါင်းစုံ နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ အသင်းသူ၊ အသင်းသား
များအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး သိက္ခာတော်ရဆရာ
ဦးစောအောင်အောင်လွင်က ခရစ္စမတ် လက်ဆောင်ကို ပြန်လည်ပေးအပ်သည်။
(သတင်းစဉ်)
ယန်ဟီးလီကို မြန်မာပြည်ဝင်ခွင့်ပိတ်
ဒီဇင်ဘာ ၂၀
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ ယန်ဟီးလီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းပြုမှာမဟုတ်သလို သူမရာထူးထမ်းဆောင်နေသမျှကာလပတ်လုံး ပြည်ဝင်ခွင့်လည်းပေးတော့မှာမဟုတ်ကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ယန်ဟီးလီဟာ လာမယ့် ဇန်နဝါရီလမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးအပါအဝင် လူ့အခွင့်အရေးအခြေအနေတွေကို စိစစ်အကဲဖြတ်ဖို့အတွက် မြန်မာနိုင်ငံထဲကို လာရောက်ဖို့ ရှိနေပါတယ်။
“ကျွန်မလုပ်ငန်းတွေကို ပူးပေါင်ဆောင်ရွက်ခြင်းမလုပ်ဘူးလို့ ကြေညာလိုက်ခြင်းက ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံရဲ့တခြားဒေသတွေမှာလည်း ဆိုးဝါးရက်စက်တာတွေ ဖြစ်ပွားနေပြီလို့ ခိုင်ခိုင်မာမာညွှန်းဆိုလိုက်တာပါပဲ" လို့ သူမက ဝေဖန်ပြောကြားလိုက်ပါတယ်။
ကိုးကား - ရိုက်တာ
#MUNA /နိုင်သူရ
Tuesday 19 December 2017
ဂျေရုစလင်အရေး ကုလမဲခွဲ အမေရိကန် ဗီတိုအာဏာနဲ့ ပယ်ချေ
ဂျေရုစလင်အရေး ကုလမဲခွဲ အမေရိကန် ဗီတိုအာဏာနဲ့ ပယ်ချ
ဂျေရုစလင် ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့အပေါ် အမေရိကန်အစိုးရက ဗီတို အာဏာနဲ့ ပယ်ချလိုက်ပါတယ်။
ထရမ့်ရဲ့ ကြေညာချက်ကို ပြန်လည် ရုပ်သိမ်းပေးရေး ဆုံးဖြတ်ချက်မူကြမ်းကို အီဂျစ်နိုင်ငံက ရေးဆွဲခဲ့ပါတယ်။ အဲဒီ မူကြမ်းကို အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတင်ပြခဲ့တဲ့အခါ ၁၄ နိုင်ငံက ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်တာပါ။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေ က အခုလို ဗီတိုအာဏာသုံးပြီး ပယ်ချရတာဟာ အမေရိကန်ရဲ့ အချုပ်အခြာအာဏာနဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကို ကာကွယ်တာဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်နေရာမှာ သံရုံး ရုံးစိုက်ရမယ်၊ ဘယ်နေရာမှာတော့ ရုံးမစိုက်ရဘူးလို့ ဘယ်နိုင်ငံမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ပြောဆိုပါတယ်။
လုံခြုံရေးကောင်စီမှာ အမေရိကန်နိုင်ငံက အခုလို ဗီတိုအာဏာ အသုံးပြုရတာဟာ ၆ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း နစ်ကီဟာလေက ပြောပါတယ်။
Photo: UN Web TV
#RFA
မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿာန် ၌ အမည်မသိရုပ်အလောင်း ၁၀ လောင်း ရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်
**********************************
နေပြည်တော် ၊ ဒီဇင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿာန်၌ လူများအား သတ်ဖြတ်မြှုပ်နှံထားကြောင်း အမည်မဖော်လိုသူတစ်ဦးက သတင်းပေးပို့ တိုင်ကြားလာမှုအပေါ် ဒီဇင်ဘာ ၁၈ ရက်တွင် ကနဦးသွားရောက်စုံစမ်း စစ်ဆေးခဲ့ရာ အမျိုးအမည်မသိ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယနေ့တွင် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ဦးဆောင်ပြီး မြို့နယ်တရားသူကြီး ဦးဇော်ဇော်သန်း၊ အင်းဒင်ရဲစခန်းမှ ရဲအုပ်အေးမင်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ မြတ်ထွန်းခိုင် တို့ပါဝင်သောအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ရာ မည်သူမည်ဝါမခွဲခြားနိုင်သော ရုပ်အလောင်း ၁၀ လောင်းအား တွေ့ရှိခဲ့သည်။ အဆိုပါအဖွဲ့အနေဖြင့် ရုပ်အလောင်းများ၏ စိစစ်ဖော်ထုတ်ချက်နှင့် ဖြစ်စဉ်မှန်ပေါ်ပေါက်နိုင်ရေးအတွက် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။.....
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #AZM
ရတနာပစ္စည်းများ ရက်ရောစွာ ဖြုတ်လှူကြတဲ့ တရားပွဲ။
ရန်ကုန် ရွှေပြည်သာ ဇီးကုန်းစံပြကျေးရွာမှာတော့သဒ္ဓါထက်
သန်ကြပါတယ်။
ချင်းတောင်တန်းသာသနာပြုဆရာတော်
ဒေါက်တာအရှင်တေဇောသာရ၏တရားပွဲမှာ ပရိသတ်များက
ဝတ်ဆင်ထားကြတဲ့ရတနာပစ္စည်းများကိုဖြုတ်လှူကြပါတယ်။
ဒီနေ့ညတရားပွဲကတော့ မြင်ရသူတွေ ကြက်သီးထ ပီတိမျက်ရည်ကျရတဲ့အထိဖြစ်ကြရပါတယ်။
ဆရာဒကာပရိသတ်များ စိတ်
ကျေနပ်မှု့ရှိကြပါစေ။
သာဓုခေါ်ပျော်နိုင်ကြပါစေ။
ဆရာတော်
၏တပည့်တကာများ
ပီတိဖြစ်နိုင်ကြစေရန် ကပ္ပိယချင်းကျောင်း
သားမှ တင်ပြအပ်ပါတယ် ။ 16-12-2017
သတင်းမှတ်တမ်း ချင်းကျောင်းသား
အသက်မပြည့်မိန်းခလေးကို ဆေးတိုက်အဓမ္မကျင့်ခဲ့သူကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
🗓၁၉..၁၂..၂၀၁၇
..
၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ် မိန်းခလေးတဦးကို ဆေးတိုက်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံ သန်းကိုကိုမောင်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခဲ့ပါတယ်။
..
ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ အပြီးသတ်အမိန့် ချမှတ်ခဲ့ တာပါ။ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ ခိုးယူပေါင်းသင်းမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
..
ဒါဟာသက်ငယ်မုဒိမ်းမှုတွေထဲမှာ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အပြီးသတ် အမိန့်ချတဲ့အချိန်မှာ တရားလိုရဲ့ မိသားစုဝင်တွေမရှိဘဲ အမိန့်ချလိုက်တဲ့အတွက်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
..
By : DVB
လင်းပိုင်အမတစ်ကောင် ဧရာတီဝမြစ် အတွင်း ဝမ်းဗိုက်ခွဲလျက်အနေအထားဖြင့် သေဆုံးနေ
လင်းပိုင်အမတစ်ကောင် ဧရာတီဝမြစ်
အတွင်း ဝမ်းဗိုက်ခွဲလျက်အနေအထားဖြင့် သေဆုံးနေ
---------------------------------------------
ရှားပါးမျိုးစိတ်စာရင်းဝင် ဧရာဝတီ
လင်းပိုင်အမတစ်ကောင် ဒီဇင်ဘာလ
(၁၇) ရက်နေ့ နံက်ပိုင်းက ကသာမြို့နယ် ကသာမြို့နယ် ကျောက်ပုံ ကျေးရွာအနီးမှာ အလျား(၇)ပေ(၆) လက်မ လုံး
ပတ်(၄) ပေ၊ (၈) လက်မရှိသော၊ လင်း
ပိုင်အမ တစ်ကောင် ဗိုက်ခွဲပြီး အနေ
အထားနဲ့ သေဆုံးနေကြောင်း သိရပါ
တယ် ။
ဧရာဝတီ မြစ်အတွင်းမှာ လင်းပိုင်တွေ
မကြာခဏ သေဆုံးနေရတဲ့ အကြောင်း
ရင်းက ငါးကျဉ်စက် ထိုးသူတို့ရဲ့ လက်
ချက်နဲ့ စနက်မကင်းပါဘူး . . . ။
လွန်ခဲ့သော လပိုင်းလောက်က ဧရာဝတီ
မြစ်အတွင်းမှာ လင်းပိုင်မ တစ်ကောင်
သေဆုံး နေတာကို တွေ့ရှိလို့ ဗိုက်ခွဲ
ကြည့်တဲ့အခါ ကလေးငယ်ပါ သေဆုံး
နေကြောင်း သိရှိရပါတယ် . . . ။
နှစ်စဉ် ဧရာဝတီ လင်းပိုင်တွေ သေဆုံးနေတာနဲ့ ပါတ်သက်လို့ ငါးကျင်စက် ထိုးသူ
တွေကို တာဝန်ရှိသူအပိုင်းက မည်သို့ တားမြစ်ကြမည်နည်း ။
ဧရာဝတီ လင်းပိုင်တွေ တစ တစ သေဆုံးရင်း မျိုးတုံး ပျောက်ကွယ်သွားမည့် အရေး ထည့်တွေးသင့် ကြောင်းပါ ခင်ဗျာ . . .။
မြင့် လွင်
ကျိုက်ထီးရိုးဘုရားဖူးသွားမယ့် ခရီးသည်တွေအတွက် သတင်းကောင်း
--------------------------
ကျိုက်ထီးရိုး ဘုရားဖူး ခရီးသည်တွေ အတွက် အခမဲ့ တည်းခိုနိုင်မယ့် နေရာတွေနဲ့ တည်းခိုခနှုန်းထားတွေကိုအသစ်ပြန်လည်သတ်မှတ်ပေးထားတယ်လို့သတင်း ရပါတယ်။
တိဿဓမ္မာရုံ၊ ဆီမီး ၉၀၀၀ ဓမ္မာရုံ၊ ပြည့်စုံ(ရင်ပြင်တော်)၊
ပြည့်စုံ (မုဆိုးတောင်)နဲ့ သုံးထပ်ဓမ္မာရုံ စတဲ့ဓမ္မာရုံငါးခုကို အခမဲ့ တည်းခိုနိုင်တဲ့ နေရာတွေ အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
သုံးထပ်ဓမ္မာရုံမှာ ဒုတိယထပ်အတွက် တည်းခိုသူ တစ်ဦးလျှင် ကျပ်တစ်သောင်း၊ သုံးထပ်ဓမ္မာရုံမှာပဲ (ရိုးရိုး) တစ်ခန်းတည်းခိုသူ တစ်ဦးလျှင် ကျပ်ငါးထောင်၊ ပေ ၄၀ ဓမ္မာရုံ တည်းခိုဆောင်တည်းခိုသူ တစ်ဦးလျှင် ကျပ်ငါးထောင်၊ ဂေါပကဓမ္မာရုံမှာတည်းခိုသူ တစ်ဦးလျှင် ကျပ်တစ်သောင်းကနေ တစ်သောင်းခွဲ၊ ဝင်းတည်းခိုဆောင်၊ ကြူကြူဝင်း တည်းခိုဆောင်နဲ့၊ ပွင့်ထူး တည်းခိုဆောင်တို့မှာ တည်းခိုသူ တစ်ဦးလျှင် ငွေကျပ်ငါးထောင်စီပဲ ကောက်ခံဖို့ တရားဝင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
သီတင်းကျွတ် လပြည့်နေ့က စပြီး တောင်ခြေ ကင်မွန်းစခန်းကနေ ဘုရားရင်ပြင်အထိ နောက်ခန်းကားခ ဈေးနှုန်းကို မူလ ဈေး ၂၅၀၀ ကျပ်ကနေ ၂၀၀၀ ကျပ်ကို လျှော့ချခဲ့တယ်လို့ သိရပါတယ်။ တောင်တက်ကားခနှုန်းတွေဟာ အခုဆိုရင် ကင်မွန်းစခန်းကနေ ရသေ့တောင်အထိ ရှေ့ခန်း ၂၅၀၀ ၊ နောက်ခန်း ၁၅၀၀ ကျပ်၊ တောင်ခြေက ဘုရားရင်ပြင်အထိဆိုရင်တော့ ရှေ့ခန်း ၃၀၀၀ ကျပ်၊ နောက်ခန်း ၂၅၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
သတင်းအချက်အလက်တွေကိုတော့ ဆင်ဟွာသတင်းဌာန ( China Xinhua News ) က ကူးယူဖော်ပြတာ
ဖြစ်ပါတယ်။
ကျော်သန့်(ရိုးရာလေး)
ဓါတ်ပုံ - ဇင်မိုး
Bo Win
ဖားကန့်မြို့၌ အမည်မသိ သေနတ်သမားများက ပစ်သတ်မှုဖြစ်ပွား
ဖားကန့်မြို့၌ အမည်မသိ သေနတ်သမားများက ပစ်သတ်မှုဖြစ်ပွား
===================================
၁၉.၁၂.၂၀၁၇ နေ့၊ နေ့လည် ၁၂:၀၀ ခန့်က ဖားကန့်မြို့နယ်
ပုဂ္ဂလိက မော်တော်ယဉ်ကြီးကြပ်ရေး ကော်မတီ( ယ .က .တ )
ဥက္ကဌ ဦးခင်စိုးသည် ဖားကန့် မြို့၊ မရှီကထောင်ရပ်ကွက် ဘေလီ
တံတားထိပ်ရှိ ၄င်းပိုင် မော်တော်ယဉ် ဂိတ်တွင် ထိုင်နေစဉ် အမည်
မသိ သေနတ်သမားများက သေနတ်ဖြင့် ၄ ချက် ပစ်ခတ်သွားဟု
သိရပါသည်။
သေနတ်ဒဏ်ရာရရှိထားသော ဦးခင်စိုးအား ဖားကန့်ဆေးရုံသို့
ပို့ဆောင်ခဲ့ရာ ၁၂:၃၀ ချိန်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွား
ခဲ့ကြောင်း ဖားကန့်မြို့နယ် ဒုအထွေထွေအုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားခဲ့ပါသည်။
ဖားကန့်မြို့တွင် မကြာခဏ သေနတ်ဖြင့်ပစ်သတ်သော အမှုများ
ဖြစ်ပွားလေ့ရှိပြီး၊ ပစ်ခတ်သူများမှာ KIA သူပုန်အဖွဲ့နှင့် ပတ်သက်
သူများဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
Htet Myat
Source မြစ်ကြီးနားသတင်း
Subscribe to:
Posts (Atom)