Thursday 12 October 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ တင်ပြချက်














နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ တင်ပြချက်

ပြည်သူပြည်သားအားလုံး ကျန်းမာ ချမ်းသာကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

ဦးစွာ ပထမ၊ ကျွန်မတို့နိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ နားလည်မှု အပြည့်အဝနဲ့ စည်းစည်းလုံးလုံး ကျွန်မတို့အစိုးရကို ဝန်းရံပေးတဲ့အတွက်၊ အင်မတန်မှ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ပြည်သူရဲ့ ထောက်ခံမှု၊ ပြည်သူရဲ့ ယုံကြည်မှု၊ ပြည်သူရဲ့ ညီညွှတ်မှုနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဘာအင်အား မှမရှိပါဘူး။ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံတွေ့ရပါစေ၊ ပြည်သူရဲ့ ညီညွှတ်မှုအင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။  

ကျွန်မတို့ပြည်သူတွေသိတဲ့ အတိုင်းပါပဲ၊ယခင်နှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ် ရဲစခန်းများ အတိုက်အခိုက်ခံရမှုမှ စတင်ခဲ့ပြီး၊ ယခုနှစ် သြဂုတ်လတွင် ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ဆက်လက် ကြီးထွားလာရတဲ့ ပြဿနာများအပေါ် ကမ္ဘာ့အာရုံစိုက်မှုဟာ အင်မတန်မှ ကြီးမားပါတယ်။ ကျွန်မတို့ နိုင်ငံအပေါ် ဝေဖန်မှုတွေလည်း များပြားပါတယ်။ နိုင်ငံတကာရဲ့ အမြင်သဘောထားတွေကို ကျွန်မတို့ သိရှိနားလည်ဖို့ လိုပါတယ်။ သို့သော်လည်း ကျွန်မတို့နိုင်ငံရဲ့ အ‌ခြေအနေကို ကျွန်မတို့ ပြည်သူပြည်သားများလောက် ဘယ်သူကမှ မသိနိုင်သလို၊ ကျွန်မတို့နိုင်ငံ အေးချမ်းသာယာဖွံ့ဖြိုးရေးကို ကျွန်မတို့ ပြည်သူပြည်သားများလောက် ဘယ်သူကမှ မလိုလားနိုင်ပါဘူး။ ဒါ့ကြောင့် ဒီပြဿနာတွေကို ကျွန်မတို့တွေရဲ့ စု‌ပေါင်းအင်အားတွေကို အဓိကထားပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။ 

ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ လုပ်စရာရှိတာတွေကို၊ ကိုယ်လုပ်သင့်တာတွေကို မှန်မှန်ကန်ကန် ရဲရဲတင်းတင်း ထိထိရောက်ရောက် လုပ်ကိုင်နေဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ လုပ်မယ်လို့ပြောထားတဲ့ လုပ်ငန်းတွေ၊ ကျွန်မတို့ လုပ်သင့်တယ်လို့ ခံယူထားတဲ့လုပ်ငန်းတွေကို တိုးတက်အောင်မြင်ဖို့ ကျွန်မတို့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဝေဖန်ချက်တွေ၊ စွပ်စွဲချက်တွေကို စကားနဲ့ တုံ့ပြန်ချေပနေတာထက် လက်တွေ့ လုပ်ဆောင်ချက်တွေ၊ တိုးတက်မှုရလာဒ်တွေနဲ့ ကမ္ဘာ့ကို ပြသသွားဖို့ ကျွန်မတို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ ကတော့ အများကြီးဖြစ်ပါတယ်။  ဦးစားပေးလုပ်ငန်းစဉ်တွေ ပြန်ပြီး စိစစ်လိုက်မယ်ဆိုရင် အဓိက လုပ်ငန်းစဉ်ကြီး (၃) ခု ရှိနေပါတယ် -
(၁) ပထမကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေး ဖြစ်ပါတယ်။
(၂)  ဒုတိယကတော့ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး ဖြစ်ပါတယ်။
(၃)  တတိယကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခကင်းဝေးရေးတို့ပဲ ဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ဖို့ လက်ရှိ အနေအထားကို ထပ်မံမြှင့်တင်ပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိသွားတဲ့သူတွေ ပြန်လည် လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကျွန်မတို့ ညှိနှိုင်းနေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကျွန်မတို့ နှစ်နိုင်ငံအကြား ညှိနှိုင်းပြီး လက်ခံရေးဆောင်ရွက်ခဲ့တာ (၂)ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီအစဉ်အလာကောင်းတွေကို အခြေခံပြီး တတိယအကြိမ်မြောက် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်အောင်လို့ ကျွန်မတို့ ကြိုးပမ်းနေပါတယ်။
ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လာမယ့်သူတွေ အတွက်သာမက ဒိုင်းနက်၊ မြိုအစရှိတဲ့ ရှားပါးဌာနေ တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေအတွက် မူလအနေအထားကို ပြန်လည်ရောက်ရှိအောင်၊ မူလအနေအထားထက် သာလွန်ကောင်းမွန်အောင် ရေရှည်တည်တံ့ခိုင်မြဲမယ့် စီမံကိန်းကို ကျွန်မတို့ အကောင်အထည်ဖေါ် သွားမှာဖြစ်ပါတယ်။ နောင်အစဉ်အဆက် ပဋိပက္ခတွေ ကင်းဝေးစေဖို့အတွက် ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခ ကင်းဝေးရေးကိုလည်း ရေရှည်စီမံကိန်းတွေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ် တစ်ခုချင်းစီမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများအပြား ရှိနေပါတယ်။ ပြည်တွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ NGO တွေ၊ CSO တွေနဲ့ ပြည်သူတွေက တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်ပေးဖို့ တင်ပြထားတာတွေလည်း  ရှိနေပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ဆန္ဒပြုထားကြပါတယ်။ ပြည်ထောင်စုနိုင်ငံတော်အရေးဖြစ်လို့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်/တိုင်းအစိုးရအဖွဲ့တွေ အနေနဲ့ ဦးဆောင်တာဝန်ယူရမှာဖြစ်သလို၊ စိတ်ရင်းစေတနာအမှန်နဲ့ ပူးပေါင်းပါဝင်ဖို့ ပြည်တွင်း၊ ပြည်ပက ကမ်းလှမ်းချက်တွေကိုလည်း အလေးအနက်ထား စဉ်းစားသုံးသပ်ရပါလိမ့်မယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကဏ္ဍစုံ လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်အစိုးရ၊ ပြည်သူပြည်သားများ၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်တွင်း NGO နဲ့ CSO များ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGO များ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ယန္တရားတစ်ရပ် ဖော်ဆောင်ရေး လိုအပ်ပါတယ်။

ဒီယန္တရားကို ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) လို့ အမည် ပေးထားပြီး နိုင်ငံတော်အစိုးရနဲ့အတူ ပြည်တွင်း/ပြည်ပနိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု၊ ကဏ္ဍစုံ/အလွှာစုံပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့အတွက် ရည်ရွယ်ပြီး  ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhineမှာ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်မ(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမှာဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေါက်တာဝင်းမြတ်အေးဟာ Dr. Kofi Annan ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့အလျောက်၊ ရခိုင်ပြည်နယ် အတွက် ရေတို၊ ရေရှည်လိုအပ်ချက် လုပ်ငန်းပေါင်းစုံကို ဆက်နွှယ်၍ ထိရောက်စွာ ကျွန်မတို့တွေအတူ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းတိုးတက်ဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ်ဖြစ်ပေါ်လာရေးအတွက်  လက်တွေ့ တိုးတက်မှု ရလာဒ်တွေနဲ့ ပြသဖို့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီစီမံကိန်းမှာ ပြည်သူပြည်သားတွေ၊ ပြည်တွင်း NGO တွေ၊ CSO တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်။ လာမယ့် အပတ်မှစပြီး စီမံကိန်း အကောင်အထည်ဖေါ်တဲ့အခါမှာ ကျွန်မတို့ ပြည်ထောင်စုကြီးတစ်ရပ်လုံးက ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာအားတွေ စုပုံပြီး ထက်ထက်သန်သန်၊ သတ္တိရှိရှိနဲ့ သမိုင်းမှတ်ကျောက်တင်ရလောက်အောင် သန့်ရှင်း၊ မှန်ကန်တဲ့အစွမ်းတွေ ပြကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးဖို့ကမ်းလှမ်းထားတဲ့ နိုင်ငံတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ World Bank နဲ့ ADB လို ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ Nippon Foundation လို INGO အဖွဲ့အစည်းတွေ၊ မိတ်ဆွေနိုင်ငံတွေ ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ကျွန်မတို့ အဓိက အားကိုးနေတာကတော့ ကျွန်မတို့ ပြည်ထောင်စုရဲ့သားသမီးတွေပါပဲ။ ပြည်တွင်းကသာမက၊ ကမ္ဘာ့ဘယ်အရပ်ကိုပဲ ရောက်ရှိနေပါစေ၊ မိခင်နိုင်ငံအပေါ်မှာ မေတ္တာ၊ သစ္စာ စောင့်စည်းကာ၊ စိတ်ကောင်း စေတနာစစ်နဲ့ ဝန်းရံ ကူညီကြလိမ့်မယ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ရုပ်ပိုင်းဆိုင်ရာအရ အင်အား မကြီးပေမယ့်၊ စိတ်အင်အားတွေစုစည်းပြီး အောင်မြင်မှု ရယူနိုင်လိမ့်မယ်ဆိုတာကို သံသယမရှိပါဘူး။ ကျွန်မတို့ ပြည်သူပြည်သားများဟာ သဒ္ဒါတရားထက်သန်စွာနဲ့ လှူဒါန်းပေးကမ်းရာမှာတော့ ကမ္ဘာ့နံပတ်(၁) လို့တောင် သတ်မှတ်ခြင်း ခံရပါတယ်။ ဒီသဒ္ဒါစိတ်တွေကို စည်းစနစ်နဲ့ သေချာစွာ ပြည်ထောင်စုအကျိုးအတွက် ကျွန်မတို့တွေ သုံးစွဲသွားကြရမှာပါ။

ကျွန်မတို့ ပြည်ထောင်စုကြီး အေးချမ်းသာယာ၊ တိုးတက်ဖွံ့ဖြိုးစေဖို့ အကြီးမားဆုံး အင်အားဖြစ်တဲ့ ပြည်သူတွေဟာ၊ဘယ်လိုပဲ ဒေါသတွေ၊ အမုန်းတရားတွေ၊ အနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်နေရပါစေ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာကို စွဲစွဲမြဲမြဲကိုင်ပြီး၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မှာပါ။ ကျွန်မတို့တွေဟာ နိုင်ငံရဲ့ ပထဝီဒေသ တစ်နေရာအတွက်သာ လုပ်နေတာမဟုတ်၊ ပြည်ထောင်စုတစ်ခုလုံးအတွက် လုပ်နေတာဆိုတဲ့ စိတ်ဓါတ်နဲ့ “ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း” အောင်မြင်ဖို့အတွက် ခိုင်မြဲစွာ လက်တွဲပြီး လုပ်သွားကြပါစို့။

ဘယ်လိုနည်းနဲ့ ကူညီနိုင်မယ်၊ ဘယ်လိုဆက်သွယ်ပြီး လုပ်ဆောင်နိုင်မယ်ဆိုတာကို Websiteနဲ့ တကွ၊ နိုင်ငံတော်သတင်းမီဒီယာတွေမှာ အောက်တိုဘာလ (၁၅)ရက်၊ တနင်္ဂနွေနေ့မှာ စတင်ပြီး ကြေညာပါမယ်။ ကမ္ဘာ့တဝှမ်း ရောက်ရှိနေကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့သား၊သမီးများနဲ့ ကျွန်မတို့ နိုင်ငံတော်အပေါ် စေတနာထားသော မိတ်ဆွေများအနေနဲ့ အနီးဆုံး မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပါဝင်ကူညီနိုင်ရန်လည်း စီစဉ်ပါမယ်။

နိုင်ငံရဲ့အင်အား၊ ကျွန်မတို့ရဲ့ ယုံကြည်အားထားရာဖြစ်တဲ့ ပြည်သူ၊ ပြည်သားအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ ထပ်မံ ဆုတောင်းလိုက်ပါတယ်။ ကောင်းကျိုးလိုရာ ဆန္ဒများနဲ့လည်း ပြည့်ကြပါစေ။

MSCO
Aung Kyaw Moe
Myan Go


Monday 9 October 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်နေမှုအပေါ် ထောက်ခံကြိုဆိုသည့်အနေဖြင့် ပန်းချီ၊ ပန်းပု ပညာရှင်များအမှတ်တရ ပန်းချီရေးဆွဲ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နေမှု အပေါ် ထောက်ခံကြိုဆိုသည့်အနေဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်း ဈေးရှိ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)ပြခန်း၌ ပန်းချီ၊ ပန်းပုပညာရှင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပုံတူပန်းချီကားများကို အမှတ်တရ ရေးဆွဲကြသည်။ “အမေ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကို ကြိုဆိုထောက်ခံတယ်။ နောက်တစ်ချက်ကတော့ အောက်စဖို့ဒ်တက္ကသိုလ်မှာရှိတဲ့ အမေ့ရဲ့ ပန်းချီကားကို ဖယ်ရှားခံရတယ်။ အဲဒီလို ဖယ်ရှားခံရတာဟာ ကျွန်တော်တို့လို ပန်းချီအနုပညာရှင်တွေအနေနဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ယူဆ တယ်။ ကျွန်တော်တို့ရင်ထဲမှာရှိတဲ့ အမေ့အပေါ်ယုံကြည်မှုကိုတော့ ဖယ်ရှားလို့မရပါဘူး။ အမေ ဒေါ်အောင်ဆန်း စုကြည်နဲ့ပတ်သက်ပြီး တစ်ပြည်လုံးမှာလည်း ထောက်ခံပွဲတွေ လုပ်နေကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တွေကလည်း အမေ့ကိုထောက်ခံတဲ့အနေနဲ့ အမေနဲ့ အတူရှိနေတယ်ဆိုတာကို ပြသချင်လို့ အခုလို လုပ်ဖြစ် ခဲ့တာပါ”ဟု မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို)မှ ဘဏ္ဍာရေးမှူး ဦးနေအောင်ရှုက ပြောကြား သည်။ အဆိုပါပွဲကို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)က ကြီးမှူး၍ အနုပညာ လှုပ်ရှားမှုအနေဖြင့် ကျင်းပခြင်းဖြစ်သည်။ ပုံတူပန်းချီကား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားများ ကို ပန်းချီ၊ ပန်းပုပညာရှင် ၁၀၀ ခန့်က နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ ပါဝင်ရေး ဆွဲခဲ့ကြသည်။ ထိုသို့ ရေးဆွဲရာတွင် အောက်စဖို့ဒ်တက္ကသိုလ်၌ ဖယ်ရှားခံခဲ့ရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကဲ့သို့ ပုံစံတူပန်းချီကားများလည်း ပါဝင်ကြောင်း သိရသည်။ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘ၀တစ်ခုလုံး ကို နိုင်ငံအတွက် ပေးဆပ်ထားတယ်။ ကျွန်တော်တို့နိုင်ငံအပေါ်မှာထားတဲ့ သူ့ရဲ့ မေတ္တာ၊ စေတနာတွေကို လေးစားတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရှိနေတယ်။ လုပ်ဆောင်ချက်တွေအပေါ်ကိုလည်း ထောက်ခံတယ်။ လေးစားဂုဏ်ပြုတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နှလုံးသားထဲမှာ ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြတဲ့အနေနဲ့ အခုလိုပွဲမှာ ပါဝင်ရေးဆွဲခဲ့တာပါ” ဟု မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို)၏ အတိုင်ပင်








နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်နေမှုအပေါ် ထောက်ခံကြိုဆိုသည့်အနေဖြင့် ပန်းချီ၊ ပန်းပု ပညာရှင်များအမှတ်တရ ပန်းချီရေးဆွဲ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နေမှု အပေါ် ထောက်ခံကြိုဆိုသည့်အနေဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်း ဈေးရှိ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)ပြခန်း၌ ပန်းချီ၊ ပန်းပုပညာရှင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပုံတူပန်းချီကားများကို အမှတ်တရ ရေးဆွဲကြသည်။ “အမေ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကို ကြိုဆိုထောက်ခံတယ်။ နောက်တစ်ချက်ကတော့ အောက်စဖို့ဒ်တက္ကသိုလ်မှာရှိတဲ့ အမေ့ရဲ့ ပန်းချီကားကို ဖယ်ရှားခံရတယ်။ အဲဒီလို ဖယ်ရှားခံရတာဟာ ကျွန်တော်တို့လို ပန်းချီအနုပညာရှင်တွေအနေနဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ယူဆ တယ်။ ကျွန်တော်တို့ရင်ထဲမှာရှိတဲ့ အမေ့အပေါ်ယုံကြည်မှုကိုတော့ ဖယ်ရှားလို့မရပါဘူး။ အမေ ဒေါ်အောင်ဆန်း စုကြည်နဲ့ပတ်သက်ပြီး တစ်ပြည်လုံးမှာလည်း ထောက်ခံပွဲတွေ လုပ်နေကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တွေကလည်း အမေ့ကိုထောက်ခံတဲ့အနေနဲ့ အမေနဲ့ အတူရှိနေတယ်ဆိုတာကို ပြသချင်လို့ အခုလို လုပ်ဖြစ် ခဲ့တာပါ”ဟု မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို)မှ ဘဏ္ဍာရေးမှူး ဦးနေအောင်ရှုက ပြောကြား သည်။

အဆိုပါပွဲကို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)က ကြီးမှူး၍ အနုပညာ လှုပ်ရှားမှုအနေဖြင့် ကျင်းပခြင်းဖြစ်သည်။ ပုံတူပန်းချီကား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားများ ကို ပန်းချီ၊ ပန်းပုပညာရှင် ၁၀၀ ခန့်က နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ ပါဝင်ရေး ဆွဲခဲ့ကြသည်။ ထိုသို့ ရေးဆွဲရာတွင် အောက်စဖို့ဒ်တက္ကသိုလ်၌ ဖယ်ရှားခံခဲ့ရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကဲ့သို့ ပုံစံတူပန်းချီကားများလည်း ပါဝင်ကြောင်း သိရသည်။ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘ၀တစ်ခုလုံး ကို နိုင်ငံအတွက် ပေးဆပ်ထားတယ်။ ကျွန်တော်တို့နိုင်ငံအပေါ်မှာထားတဲ့ သူ့ရဲ့ မေတ္တာ၊ စေတနာတွေကို လေးစားတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရှိနေတယ်။ လုပ်ဆောင်ချက်တွေအပေါ်ကိုလည်း ထောက်ခံတယ်။ လေးစားဂုဏ်ပြုတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နှလုံးသားထဲမှာ ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြတဲ့အနေနဲ့ အခုလိုပွဲမှာ ပါဝင်ရေးဆွဲခဲ့တာပါ” ဟု မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို)၏ အတိုင်ပင်ခံအကြံပေး ပုဂ္ဂိုလ်ဖြစ်သူ ဦးအောင်လင်းက ဆိုသည်။ အဆိုပါပွဲသို့ ပန်းချီ၊ ပန်းပု ပညာရှင်များနှင့်အတူ ဝါသနာရှင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြပြီး တက်ရောက်လာကြသူများအား လက်တွေ့ရေးဆွဲထားသော ပန်းချီကားများကို အမှတ်တရလက်ဆောင်ပေးအပ်ကြသည့်အပြင် ပန်းချီဆရာများ အနေဖြင့်လည်း မိမိတို့ကိုယ်တိုင်ရေးဆွဲထားသော ပန်းချီကားများကို အချင်းချင်း အမှတ်တရ လဲလှယ်ခဲ့ကြကြောင်း သိရသည်။

M O I / 9.10.2017


Sunday 8 October 2017

သမိုင်းဝင်ရုရှားခရီးတွင် ဆော်ဒီဘုရင်၏လေယာဉ်မှရွှေလှေခါးကျိုးပြီးဆင်းလျောက်ခဲ့ရ





















သမိုင်းဝင်ရုရှားခရီးတွင် ဆော်ဒီဘုရင်၏ လေယာဉ်မှ ရွှေလှေကားကျိုးပြီး
လမ်းဆင်းလျောက်ခဲ့ရ။
👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀

ဆော်ဒီဘုရင်ကို ရုရှားနိုင်ငံမှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေး

--- ---- --- --- -- --
ဆော်ဒီရှိဆယ်လ်မန်၏နန်းတော်ကိုသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

==================
==================

ရုရှားနှင့် ဆော်ဒီအာရေးဘီးယားတို့ သည် နိုင်ငံရေးအရ နှစ်နိုင်ငံတင်းမာမှု့ များ ရှိခဲ့သော်လည်း အောက်တိုဘာ ပထမသီတင်းပတ်အတွင်းက ဆော်ဒီဘုရင် ဆယ်လ်မန်သည် သမိုင်းဝင် ခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့  ပထမဆုံးအကြိမ်ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိခဲ့သည်။

အရှေ့ အလယ်ပိုင်းဒေသတွင် ဆော်ဒီသည် ချမ်းသာကြွယ်ဝသည့်
နိုင်ငံဖြစ်ပြီး အသက် ၈၁ နှစ်ရှိ ဆော်ဒီဘုရင် ဆယ်လ်မန်သည်လည်း လုံခြုံရေးသက်တော်စောင့်များနှင့် အဖွဲ့ ဝင် စုစုပေါင်း ၁၅၀၀ နှင့် အတူ ရုရှားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

မော်စကိုလေဆိပ်အရောက်တွင် ဆော်ဒီဘုရင် ဆယ်လ်မန်က
လေယာဉ်တွင် တပ်ဆင်ထားသည့် ရွေ့ လျား ရွှေလှေကားဖြင့် မြေပြင်သို့ ဆင်းရန်စီစဉ်ခဲ့သည်။

သို့သော် ရွှေလှေကားမှာ မထင်မှတ်ဘဲကျိုးသွားခဲ့ပြီးနောက် စက္ကန့်  ၂၀ ၀န်းကျင်ခန့် စောင့်ဆိုင်းခဲ့ပြီးနောက်တွင် ဆော်ဒီဘုရင် ဆယ်လ်မန်က ကိုယ်တိုင် ခြေထောက်ဖြင့်ပင် ဆင်းလျောက်ပြီး မြေပြင်သို့  ဆင်းခဲ့ရခြင်းကြောင့် သမိုင်းဝင် ရုရှားခရီးစဉ်တွင် ဆော်ဒီဘုရင် အရှက်ရခဲ့သည်ဟု ဥရောပမီဒီယာများက ဖော်ပြခဲ့သည်။

ဆော်ဒီဘုရင် ဆယ်လ်မန်၏ ရုရှားခရီးစဉ်အတွင်း ဆော်ဒီမှ ယူဆောင်လာခဲ့သည့် အစားအသောက်များကပင် စုစုပေါင်း ပေါင် ၁၈၀၀ အလေးချိန်ရှိခဲ့သည်။ ထို့ အတူ စာဖိုမှုး ၁၅၀ ဦး လိုက်ပါလာခဲ့သလို လည်ပတ်သွားလာရန်
Mercedes Benz S600s အမျိုးအစားကား၂ စီးကိုပါယူဆောင်လာခဲ့သည်။

ခရီးဆောင်အိတ်များ၏အလေးချိန်ကပင်တန် ၄၀၀ ကျော်ရှိခဲ့ပြီး တည်းခိုရန် မော်စကိုမြို့ ရှိ နာမည်ကျော် ဟိုတယ် ၂ လုံးကို အပြတ်ငှားရမ်းခဲ့ပြီး ခမ်းနားသည့် သမိုင်းဝင်ခရီးစဉ်တွင် ရွှေလှေကားကြောင့် မျက်နှာပျက်ခဲ့ရသည်။

ဆော်ဒီဘုရင် ဆယ်လ်မန်သည် စစ်လက်နက်ဝယ်ယူရေးအတွက် ငွေကြေးပမာဏများပြားလှသည့် သဘောတူညီမှု့ စာချုပ်ချုပ်ဆိုရန် ရုရှားသို့  သမိုင်းဝင်ခရီးအဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုရှားကလည်း ဆော်ဒီဘုရင် ဆယ်လ်မန်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းခဲ့သည်။

ရုရှားသို့ ရောက်ရှိနေစဉ်အတွင်းမှာပင်ဆော်ဒီရှိ ဆယ်လ်မန်၏ နန်းတော် Jeddah ကို အောက်တိုဘာ ၇၊ စနေနေ့ တွင် သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ရာနန်းတော်၏ လုံခြုံရေးအစောင့် ၂ ဦးသေဆုံးပြီး ၃ ဦး
ဒဏ်ရာရခဲ့ကြောင်းသိရသည်။

---

Refး DM , Telegraph

===========

The Ladies News


မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်၊စတုဘူမိက နဂါးပရိယတ္တိ စာသင်တိုက်အတွင်းတွင် တနင်္ဂနွေဘုရားရှစ်ခိုးအသင်းကြီးမှ ဦးဆောင်၍ မြောက်ပြင်ရပ်ကွက်အသီးသီးရှိ ဓမ္မာစကြာဝတ်အသင်းများနှင့် အလှူရှင်များက ဦးဆောင်၍ မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးနှင့်မြန်မာ့မုန့်ပွဲတော်















မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်၊စတုဘူမိက နဂါးပရိယတ္တိ စာသင်တိုက်အတွင်းတွင် တနင်္ဂနွေဘုရားရှစ်ခိုးအသင်းကြီးမှ ဦးဆောင်၍ မြောက်ပြင်ရပ်ကွက်အသီးသီးရှိ ဓမ္မာစကြာဝတ်အသင်းများနှင့် အလှူရှင်များက ဦးဆောင်၍ မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးနှင့်မြန်မာ့မုန့်ပွဲတော်ကို အောက်တိုဘာလ ၈ရက်၊မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)


ရန်ကုန်ရေကြောင်းဘတ်စ် ဒုတိယမြောက်နေ့ ပြေးဆွဲနေခြင်းအား အင်းစိန်ဆိပ်ကမ်းမှ တွေ့ရစဉ်။














ရန်ကုန်ရေကြောင်းဘတ်စ် ဒုတိယမြောက်နေ့ ပြေးဆွဲနေခြင်းအား အင်းစိန်ဆိပ်ကမ်းမှ တွေ့ရစဉ်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ