Saturday 27 May 2017

ဗမာအမျိုးသား အစည်းအရုံး: အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် ...

ဗမာအမျိုးသား အစည်းအရုံး: အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် ...: ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲရေးလား။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတဲ့ ဆောင်ပုဒ်မျိုးကို ၁၉၆၂ ခ...

Monday 15 May 2017

တောင်ငူသားတွေ ထောတော့မယ်

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက မီးလောင်ခဲ့တဲ့ တောင်ငူမြို့မဈေးကြီးဟာဆိုရင် ဒီကနေ့ ၃ နှစ်ကျော်တဲ့တိုင်အောင် ပြန်လည်တည်ဆောက်ဖို့ အကြောင်းအမျိုးမျိုးနဲ့ ပျက်နေဆဲဖြစ်ပါတယ် ... ဒီကြားထဲ အခု နောက်ဆုံးပေါ် ကောလာဟလတစ်ခုလည်း ထွက်လာပါတယ် ... ဒီမီးလောင်ပြင် (အခုဆို ခြုံတွေဖုံးနေ) ရဲ့မြေအောက် ပေ ၇၀ အနက်လောက်မှာ ရတနာသိုက်တစ်ခုရှိနေပြီး ရွှေချောင်းရွှေပြား၊ အခြားအဖိုးတန်ရတနာတွေ ရှိနေတယ်လို့ဆိုပါတယ် ... ဒါတွေကို ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်ထဲစဝင်တဲ့အချိန် အင်္ဂလိပ်တွေ ဆုတ်ခွါထွက်ပြေးရချိန်မှာ မသယ်ယူနိုင်လို့ ဥမင်လှိုဏ်တူးပြီး မြှုပ်ထားခဲ့တယ်လို့ ဆိုပါတယ် ... ခေတ်ကာလ တန်ဖိုးအားဖြင့် ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီပြီးတန်တဲ့ ရတနာသိုက်ဖြစ်တယ်လို့ တီးတိုးသတင်းတွေလည်း ထွက်နေပါတယ် ... ရှေ့မီနောက်မီ လူကြီးသူမတွေရဲ့အပြောအရ ဈေးအလယ်မှာ ဝါးတစ်ရိုက်လောက် မြောင်းမကြီးတွေရှိခဲ့ဖူးပြီး အဲဒီမြောင်းမကြီးတွေရဲ့ နံရံတစ်ဖက်ဖက်ကို ဖြိုချနိုင်ခဲ့ရင် ဥမင်လှိုဏ်ထဲကို ဝင်လို့ရနိုင်တဲ့ အပေါက်ရှိတန်ကောင်းတယ်လို့ ဆိုပါတယ် ... တောင်ငူဟာ အင်္ဂလိပ် - မြန်မာ ဒုတိယစစ်ပွဲအပြီးကတည်းက နယ်ချဲ့အသိမ်းခံခဲ့ရတဲ့ နယ်စွန်ဒေသဖြစ်တာမို့ ဒီလိုကြိုတင်ပြင်ဆင်မှုတွေကို အင်္ဂလိပ်တွေက လုပ်ထားနိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ် ... ဒါ့အပြင် ဒီဈေးကြီး ပြန်ဆောက်ရေးအတွက် ကန်ထရိုက်ယူမယ့်သူတွေ အဝေအခြမ်းမတည့်ဘဲ တစ်လစ်ကြီးဖြစ်နေတာဟာလည်း ဒီကိစ္စတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ဝေဖန်နေကြပါတယ် ... ဒါဟာ ကောလာဟလလား အမှန်အကန်ပဲလားဆိုတာကတော့ ဒီဈေးကြီးဆောက်ရေးကိုအကြောင်းပြပြီး မြေလှန်တူးဆွ ရှာဖွေလိုက်မှ သိရမယ့်ကိစ္စဖြစ်နေပါပြီ ... ဈေးကြီးကိုမြန်မြန်ဆောက်ကြစမ်းပါဗျ ... ဖောင်ဒေးရှင်းကို ပေ ၈၀ လောက် အနက်တူး ... ဒါဆို ရတနာသိုက်ကိုတွေ့ပြီ ... ဒေါ်လာသန်းပေါင်းထောင်နဲ့ချီတဲ့ ရတနာတွေရရင် တောင်ငူမှာရှိတဲ့ အိမ်ထောင်စုစာရင်း လူဦးရေအလိုက် ဝေခြမ်းပေးပေါ့ဗျာ ... ဒါဆို ကျနော်တို့လည်း ထောပြီ ...။ မှတ်ချက် - ဟုတ်ရင် ဟုတ်လို့ပေါ့လေ ...။ ကိုဇင် အဓိပတိပစ္စယော ၂၀၁၇ ခုနှစ်၊ မေလ (၁၅) ရက်။ Credit Zin Min Latt

Saturday 6 May 2017

ဓမ္မစေတီခေါင်းလောင်း ရှာဖွေခြင်းအား လက်လျှော့လိုက်ပြီ၊ အသစ်တလုံးပဲသွန်းလုပ်တော့မယ်ဆိုလာတဲ့ ဘိုးတော်ဦးဝင်းမြင့်

------ ------ ------ ------ ------ ပဲခူးမြို့နယ်၊ အင်းတကော်မြို့ မြနန်းတော်(ခ) မြနန်းနွယ်ကျောင်းတိုက်ကြီးတွင် ဧပြီ ၃၀ ရက်နေ့က ပဲခူးမြို့မှ ရွှေအုန်းပင်ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ပထမ ဘိုးဘိုးအောင်ရုပ်တုဖွင့်ပွဲကျင်းပပါတယ်။ ထိုသို့တွေ့ဆုံခိုက် ဦးဝင်းမြင့်ကို ဓမ္မစေတီ ခေါင်းလောင်းကြီး မဆယ်တော့ဘူးလားဟု စာရေးသူက မေးပါတယ်။ ဦးဝင်းမြင့်(ရွှေအုန်းပင်)သည် ၂၀၁၄ ခုနှစ်က ပဲခူးမြစ်၊ ဒေါပုံမြစ်နှင့် ပုဇွန်တောင် ချောင်းဝ စသည့် မြစ်ဆုံ သုံးခွမှာ ဘိုးတော် ဦးစံလင်း၊ ဦးကြည်ဝင်းတို့နှင့်အတူ ဓမ္မစေတီခေါင်းလောင်းကြီးကို ရေထဲမှရှာဖွေခဲ့သူ တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ထို့ကြောင့် စာရေးသူမှ ဦးဝင်းမြင့်အား ဓမ္မစေတီခေါင်းလောင်း ဆက်မရှာတော့ဘူးလားဟု မေးမြန်းရာ ဦးဝင်းမြင့်သည် အစပိုင်းတွင် ထိုကိစ္စနှင့်ပတ်သက်၍ မမေးရန် ငြင်းဆန်ပါတယ်။ သို့သော် အထက်ဖော်ပြပါခေါင်းလောင်းဆယ်စဉ်က သမိုင်းကြောင်းနှင့် ဦးဝင်းမြင့် သတင်းစာရှင်းပွဲပြုလုပ်စဉ်က (၂၅- ၉-၂၀၁၄) ရက်ကစပြီး ၆၂ ရက်တွင်း မိမိ တဦးတည်း ရအောင်ရှာမယ်။ ကုန်ကျငွေကိုလည်း မိမိဘာသာ အကုန်ခံမယ်။ နိုင်ငံတော်ကိုလည်း ခွင့်ပြုမိန့်တင်ထားပြီးပြီ။ အဓိဋ္ဌာန်လည်း ပြုပြီးပြီ။ ခေါင်းလောင်း ရှိကိုရှိ တယ်လို့ ဦးဝင်းမြင့် ပြောခဲ့ပါတယ်။ ဒါကြောင့် အခုတွေ့ဆုံခိုက် မေးရတာပါဟုဆိုသည့်အခါကျမှ ''ခင်ဗျား သိချင်ရင်လည်း ပြောပြပါမယ်။ ကျွန်တော် ဓမ္မစေတီခေါင်းလောင်းကို ရေထဲမှာ မရှာတော့ဘူး။ ရှိလည်း မရှိဘူး။ ဒါကြောင့် အခုကျွန်တော့်ကတိအတိုင်း မြေပြင်ပေါ်မှာပဲခေါင်းလောင်း တည်ဆောက်တော့မယ်''ဟု ဦးဝင်းမြင့်မှ ဆိုပါတယ်။ ဓမ္မစေတီခေါင်းလောင်းကြီးမှာ လွန်ခဲ့သည့် သက္ကရာဇ် (၈၃၃-၈၅၄) ခုနှစ်တွင် ဟံသာဝတီ(ပဲခူး)ဘုရင် ဓမ္မစေတီ မင်းသွန်းလောင်းခဲ့သည့် ခေါင်းလောင်းကြီး ဖြစ်ပါတယ်။ ၎င်းခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငဇင်ကာမှ ရန်ကုန်မြို့ ရွှေတိဂုံကုန်းမြေမှ သန်လျင်ဘက်ကမ်းသို့ ဖောင်ဖွဲ့ပြီး သယ်ယူအသွား မြစ်ထဲပြုတ်ကျခဲ့သော ခေါင်း လောင်းကြီးဖြစ်ပါတယ်။ ဆက်လက်ပြီး ၎င်းက “ဦးဝင်းမြင့်ကိုကြည့်ပါ၊ အရင်ဦးဝင်းမြင့်နဲ့ တူသေးရဲ့လား။ အ၀တ်ပြောင်းလိုက်ပြီ။ အ၀တ်ပြောင်းတာဟာ စိတ်ဓာတ်ပြောင်းလိုက်တာ ဖြစ်တယ်။ အဲဒီနေ့က တော်လှန်ရေးနေ့ကပဲ။ ဒါကြောင့် အခု ဖြူစင်သော အ၀တ်အစားနဲ့ ဦးဝင်းမြင့်ဟာ ကြေးပိဿာချိန် ၁၂၀၀၀၀ (တသိန်းနှစ်သောင်း) အချိန်ရှိ ဓမ္မစေတီခေါင်း လောင်းကြီးကို မြေပြင်မှာတည်မယ်။ ဓမ္မစေတီမင်းကြီးကို ကျေးဇူးပြန်ဆပ်တာ ဖြစ်တယ်။ ဘယ်နေရာမှာလဲဆိုတော့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးတောင်တန်းအနီးတ၀ိုက်မှာ ဖြစ်တယ်။ အရင်ခေါင်းလောင်းရှိတယ်။ အခု မရှိတော့ဘူးလို့ပြောတာက ကျွန်တော် အမေရိကန်သား (၇)ယောက်နဲ့ ခေါင်း လောင်းရှာခဲ့တဲ့ နေရာကိုရောက်သွားတယ်။ ဘယ်သတင်းမီဒီယာမှ မသိလိုက်ကြဘူး။ အသိလည်း မပေးဘူး။ အမေရိကန်ကျွမ်း ကျင်ပညာရှင်များက ရေထဲလည်းငုပ်တယ်၊ ကြည့်တယ်နောက်ဆုံးတော့ (နိုး)လို့ အဖြေ ပေးတယ်။ ဒါကြောင့် မရှိဘူးပြောတာပါ”လို့ ဆိုပါတယ်။ “အဓိဋ္ဌာန်လည်း အောင်ထားပြီးပြီမို့ မြေနေရာအကျယ်အ၀န်း (၄)ဧကရှိ မြေကွက်ပေါ်မှာ ဓမ္မစေတီ ခေါင်းလောင်းကြီး မကြာခင် ဦးဝင်းမြင့် ဒီအ၀တ်အစားနဲ့တည်ပါတော့မယ်။ ခေါင်းလောင်းသွန်းလောင်းမယ်၊ ကျွမ်းကျင်ပညာရှင်တွေပါမယ်။ ကျွန်တော်က အဘတို့ခွင့်ပြုပြီမို့ ၀ိဇ္ဇာနည်းပါမယ်။ (အဘဆိုသည်မှာ ပထမံဘိုးဘိုးအောင်နှင့် အဘအောင်မင်းခေါင်တို့အား ရည်ညွှန်သည်။) မကြာမီသော အချိန်အတောအတွင်းမှာ ကျိုက်ထီးရိုးတောင်တန်းတခွင်မှာ ဓမ္မစေတီခေါင်းလောင်းသံ လွင့်ပျံကြား ရပါတော့မယ်”လို့ ဘိုးတော်ဦးဝင်းမြင့်က ပြောကြားသွားပါတယ်။ နှစ်ပေါင်းငါးရာကျော် ရေထဲနွံထဲ နစ်မြုပ်နေသည့် ခေါင်းလောင်းကြီးကို နတ်တွေ၊ နဂါးတွေအကူအညီနှင့် တွေ့အောင်ရှာမည်ဟုဆိုကာ ၉-၈-၂၀၁၄ နေ့မှာ ရှာဖွေခဲ့ပါတယ်။ သို့သော် အချိန်ကုန်ငွေကုန်ဖြစ်ကာ နောက်ဆုံးတွင် ဘိုးတော်ဦးစံလင်းနှင့် ဦးဝင်းမြင့်တို့ သဘောထားချင်းမတိုက်ဆိုင်တော့၍ လမ်းခွဲလိုက်ကြပါတယ်။ ဒီနောက်ပိုင်း ဦးဝင်းမြင့်မှ ပဲခူးမြို့သူ၏ ရွှေအုန်းပင်ထမင်းဆိုင်တွင် ၂၀၁၄ ခုနှစ် စင်တင်ဘာလ ၂၅ ရက်တွင် မီဒီယာများအား ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ပါတယ်။ ထိုရှင်းပွဲတွင် ဦးဝင်းမြင့်က ဦးစံလင်းနှင့် လမ်းခွဲရခြင်းနှင့်ပတ်သက်၍ ရှင်းပြပြီးနောက် ခေါင်းလောင်းကြီးကို သူဆက်ရှာမယ်။ သိပ္ပံနည်းက ငါးဆယ်၊ ၀ိဇ္ဇာနည်းက ငါးဆယ်နဲ့ပေါင်းစပ်ပြီးရှာမယ်လို့ ဆိုခဲ့ပြန်ပါတယ်။
မိုးမြင့်လွင်

Wednesday 3 May 2017

သိန်းတစ်သောင်းကံထူးရှင်ကြီး၏ စိတ်ကူးများ

ပေ ၂၀ ခန့်ရှည်ပြီး ဆေးအပြာရောင် သုတ်ထားသည့် စက်လှေတစ်စီးက ကုက္ကိုဝမြစ်အတွင်း ပုံမှန်အရှိန်နှုန်းဖြင့် ခုတ်မောင်းနေသည်။ ယင်းစက်လှေပေါ်တွင် စက်လှေမောင်းလုပ်သားဖြစ်သည့် အသက်(၄၂)နှစ်အရွယ် ဦးအေးထွန်း သီချင်းတအေး အေးဖြင့် လိုက်ပါလာခဲ့၏။ အချိန်က မေလ ၁ ရက် နံနက် ၁၀ နာရီခန့်ဖြစ်သည်။ ထိုအချိန်တွင် ဦးအေး ထွန်းထံသို့ စက်လှေပိုင်ရှင်၏ ညီမထံမှ ဖုန်းဝင်လာ၍ ကောက်ကိုင်လိုက်သည်။‘‘ကျွန်တော် ကျပ်သိန်းတစ် သောင်းဆု ပေါက်တယ်လို့ လှမ်း ပြီး ဖုန်းဆက်ပြောတာ သတင်း ကြားကြားချင်းတော့ ကျွန်တော် မယုံရဲခဲ့ဘူး။ ထီထိုးတုန်းကတော့ ဆုတစ်ဆုဆုတော့ ပေါက်လိမ့် မယ်လို့ စိတ်ထဲထင်နေခဲ့တယ်’’ ဟု ဦးအေးထွန်းက ကျပ်သိန်း တစ်သောင်းဆု ပေါက်ကြောင်း စတင်သိခဲ့ပုံကို စိတ်လှုပ်ရှားစွာ ပြန်လည်ပြောပြသည်။ ဦးအေးထွန်းသည် (၂)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင် ဘာလေထီ၏ အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ်သောင်းကို ဆွတ်ခူးခဲ့သူဖြစ်သည်။ ပူပူနွေးနွေး ကျပ်သိန်းတစ် သောင်းဆုရှင်က ထီပေါက်မှုခံစား ချက်ဖြစ်စဉ်ကို ယိုင်နဲ့နဲ့ ၎င်း၏ အိမ်ဘုရားစင်ရှေ့တွင်ထိုင်၍ ပြန်လည်ပြောပြနေခြင်းဖြစ်သည်။ ဦးအေးထွန်းသည် ရန်ကုန် တိုင်းဒေသကြီး ထန်းတပင်မြို့ နယ် နှဲသမိန်စံပြကျေးရွာအုပ်စု ရှိ အထက်ခြံတန်းကျေးရွာတွင် မိသားစုနှင့်အတူ နေထိုင်သည်။ သူလက်ရှိနေသည့် အိမ်က ကုက္ကိုဝမြစ်ကမ်းစွန်းတွင် ဆောက် လုပ်ထားသည့် ၁၅ ပေပတ်လည် မျှသာရှိသော ဝါးခြမ်းပြားနှင့် ဝါး ထရံကာရံထားကာ ခပ်ကျဲကျဲပျဉ် ခင်းထားသော တဲအိမ်သာသာမျှ သာဖြစ်သည်။ ဝါးပေါသော ကျေးရွာဖြစ်၍ အိမ်တစ်လုံးလုံးကို ဝါးများဖြင့် လုံခြုံအောင် ဆောက်လုပ်ထားပြီး ခေါင်မိုးကို လွန်ခဲ့သည့်နှစ်ကမှ ဓနိမှ သွပ်ပြားပြောင်းမိုးထားကာ အိမ်ခန်းဟူ၍လည်း သီးခြားရှိမနေပေ။ ‘‘အိမ်တောင် အသစ်မ ဆောက်နိုင်လို့ လွန်ခဲ့တဲ့သုံးနှစ် လောက်ကမှ ပြန်ပြင်ဆောက် ထားတာ။ မြေက အလုပ်ရှင်မြေ လေ။ သူက အိမ်ဆောက်နေခိုင်း လို့ ရှိတာလေးနဲ့ ဆောက်နေတာ’’ ဟု ဦးအေးထွန်း၏ဇနီး မဝင်းစန်း က ၎င်းတို့နေထိုင်ရသည့် အခြေ အနေကို ပြောပြသည်။ ၎င်းတို့ ဇနီးမောင်နှံတွင် အသက် (၁၃)နှစ်အရွယ် သားတစ်ဦး၊ အိမ်ထောင်သည်သမီးတစ်ဦးရှိသည်။ သမီးသည် မကြာသေး မီကမှ အိမ်ထောင်ကျ၍ အိမ်ခွဲ သွားသည်။ ဦးအေးထွန်း နေထိုင်သည့် ရွာသည် ထန်းတပင်မြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးပြီး ကားလမ်းတိုက် ရိုက်မပေါက်သေးသော ခေါင် သည့် ဒေသတစ်ခုဖြစ်သည်။ မြို့ပေါ်သို့ သွားရောက်လို ပါက ကုက္ကိုဝမြစ်မှ စက်လှေဖြင့် လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့ နယ်သို့လည်းကောင်း၊ ထန်းတပင်မြို့သို့ သွားရောက်လိုပါက ဆိုင် ကယ်ဖြင့် ခရီးဆက်နိုင်သည်။ စက်လှေမောင်းအလုပ်ကို လက်ရှိအလုပ်ရှင်၏ အဖေလက် ထက် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကတည်းက လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိလစာသည် တစ်လလျှင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းခန့်သာရှိသည်။ စက်လှေကို နီးစပ်ရာ ကျေး ရွာများရှိ ငါးကန်များမှ ငါးများကို ကြည့်မြင်တိုင် ငါးဈေးသို့ပို့ခြင်း၊ ငါးစာဝယ်ယူခြင်း၊ အလုပ်ရှင်က ဖွင့်လှစ်ထားသော အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်အတွက် လိုအပ်သည့် ရောင်းကုန်များ မြို့ပေါ်သို့ သွားရောက်ဝယ်ယူပို့ ဆောင်ခြင်းများအတွက် မောင်း နှင်ပေးရခြင်းဖြစ်သည်။ ယခုလည်း ထီမထွက်မီ တစ်ရက် ကြည့်မြင်တိုင် ငါးဈေးသို့ ငါးသွားပို့ပြီးနောက် ညအိပ်ကာ မနက်ရွာသို့ပြန်လာစဉ် လမ်းခရီး၌ ထီပေါက်ကြောင်း သိရ ခြင်းဖြစ်၏။ အလုပ်ရှင်၏ညီမက လှိုင် သာယာမြို့နယ် မီးခွက်ဈေးရှိ ရန်နိုင်လင်း ထီဆိုင်မှတစ်ဆင့်ခံ ယူ၍ ရွာတွင် ထီရောင်းချသည်။ ထီပေါက်ခဲ့သည့် ပင်ရင်းဆိုင် သည် မိုးယံရွှေလမင်းနှင့် မြတ်ဆု ကုဋေ ဖြစ်သည်။ ဦးအေးထွန်းက အလုပ်ရှင် ၏ ညီမထံမှ စောင်ရေ သုံးဆယ့်တစ်စောင်ပါ ထီအုပ်ကို ကျပ်တစ်သောင်းရှစ်ထောင်ဖြင့် ဝယ် ယူကံစမ်းခဲ့ခြင်းဖြစ်သည်။ ‘‘ထီဖိုးက ချက်ချင်းပေးရ တာ မဟုတ်ဘူး။ ထီမဖွင့်ခင်တစ် ရက်မှ ပေးရတာလေ။ မိန်းမ မသိ အောင် စုထားတဲ့ မုန့်ဖိုးနဲ့ ထိုး လိုက်တာ’’ဟု ၎င်းက ပေါ့ပါးစွာ ရယ်မောရင်းပြောသည်။ ဦးအေးထွန်းဘဝတွင် ထီကို ငါးကြိမ်သာ ထိုးခဲ့ဖူးသည်။ ကျပ် ၂၀၀ တန် အောင်ဘာလေထီ သုံးကြိမ်နှင့် ကျပ် ၅၀၀ တန်ထီ နှစ်ကြိမ်ဝယ်ယူ ကံစမ်းခဲ့ခြင်းဖြစ် သည်။ ၎င်းသည် အစိုးရထီနှင့် ကံ စပ်သည်ဟု ဆိုနိုင်သည်။ ကျပ် ၂၀၀ တန် ထီသုံးကြိမ်ထိုးရာတွင် ကျပ်ငါးသောင်းဆု နှစ်ကြိမ်ပေါက်ခဲ့ဖူးပြီး ကျပ် ၅၀၀ တန် ထီ၏ (၂)ကြိမ်မြောက်တွင် အမြင့်ဆုံးဆုငွေ ခံစားခွင့်ရရှိခဲ့သော ကြောင့်ဖြစ်သည်။ ယခုထီဆုကြီး မဖွင့်မီက ၎င်းသည် အတိတ်နိမိတ်များ ကြိုတင်ခံစားရသည်ဟု ဆိုသည်။ ၎င်းနေထိုင်သည့် ကျေးရွာ အနီးရှိ ဘုန်းတော်ကြီးတစ်ပါးက လွန်ခဲ့သည့် ၂ နှစ်ခန့်က အသက်(၄၀)ကျော်လျှင် လက်ခမောင်းခတ်တော့၊ ထီပေါက်ကိန်းရှိသည် ဟု ဟောကိန်းထုတ်ခဲ့ဖူးသကဲ့သို့ ထီမထိုးမီရက်ပိုင်းက အိမ်အနီးရှိ (၂)နှစ်သား ကလေးက ထီပေါက်လိမ့်မယ်။ ထီပေါက်ရင် သူ့ကို ရွှေလုပ်ပေးဟူ၍ ပြောခဲ့ ကြောင်း ပြန်လည်ပြောပြသည်။ ထို့အပြင် သူကိုယ်တိုင် လည်း ထီထိုးပြီးကတည်းက ဆု တစ်ဆုဆုပေါက်လိမ့်မည်ဟု စိတ် ထဲထင်မြင်နေမိပြီး အမှန်တကယ် ထီပေါက်မည့်လတွင် ထီစောင်ရေကိုလည်း ယခင်ကထက် ပို၍ထိုး ဖြစ်ခဲ့သည်ဟုဆိုသည်။ ‘‘ထူးခြားတာက ထီမဖွင့်ခင် ညကဆို ကျွန်တော့်စိတ်ထဲ လွတ် လပ်ပျော်နေပြီး ကြည့်မြင်တိုင် ဆိပ်ကမ်းက စက်လှေညအိပ်ရပ် ထားချိန် စက်လှေခေါင်မိုးပေါ် ထိုင်ပြီး သီချင်းတွေ အကျယ်ကြီး အော်ဆိုနေမိတယ်’’ဟု ဦးအေး ထွန်းက ဆိုလေသည်။ ယခင်လများက ထီထိုးပါက ရွာမှ အိမ်နီးချင်း ဦးစိန်သော်နှင့် ထီလက်မှတ်ဖိုးနှစ်ယောက်စပ်၍ ထိုးခဲ့သော်လည်း ဧပြီတွင် အဆိုပါပုဂ္ဂိုလ်က လက်ထဲ ငွေပိုရှိမနေခဲ့ခြင်းကြောင့် ၎င်းတစ်ဦးတည်းသာ ထီလက်မှတ်ဖိုး ပေး ချေခဲ့သည်။ ထို့ကြောင့် ဦးအေးထွန်း သည် ငွေကျပ်သိန်းတစ်သောင်းကို တစ်ဦးတည်းအပြည့်အဝရရှိခဲ့ သည်။ ‘‘ငါက သူ့ကို သိန်းတစ် သောင်းအပြည့်ရစေချင်လို့ ပေး လိုက်တာလေ’’ ဟု ဦးစိန်သော်က ဟာသနှော၍ပြောကာ ရယ်နေ သည်။ ဦးအေးထွန်းသည် လခစား စက်လှေမောင်းသမားဘဝမှ နေ့ ချင်းညချင်း သန်းကြွယ်သူဌေး တစ်ဦးအဖြစ် ပြောင်းလဲသွား သော်လည်း သူ့ဘဝရှေ့ဆက်ရပ် တည်ရေးအတွက် အစီအမံကို ထူးထူးထွေထွေ ချမှတ်ထားခြင်း မရှိသေးပေ။ ကျပ်သိန်းတစ်သောင်းကို လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိပြီး နောက် ၎င်းပြုလုပ်လိုသည့်ဆန္ဒ သည် ဓမ္မာရုံဆောက်လုပ်ရာတွင်မတည်အလှူငွေ ထည့်ဝင်ရန်၊ တစ်ရွာလုံးကို ပုဂံ၊ ညောင်ဦးသို့ ဘုရားဖူးပို့ပေးရန်နှင့် သူ့မိသားစုရေရှည်ခိုင်ခိုင်ခံ့ခံ့နေထိုင်နိုင်မည့် ကိုယ်ပိုင်အိမ်တစ်လုံး ဆောက် လုပ်ပေးရန်သာ စိတ်ကူးရသေး သည်။ အိမ်ကို လက်ရှိနေထိုင်ရာ ရွာတွင်သာ ဆောက်လုပ်နေထိုင် မည်ဖြစ်ပြီး အခြားအရပ်ဒေသသို့ ရွှေ့ပြောင်းရန် ဦးအေးထွန်းတို့ တစ်မိသားစုလုံး စဉ်းစားထားခြင်း မရှိပေ။ တစ်ရွာလုံးကို ပုဂံ၊ ညောင် ဦးသို့ ဘုရားဖူးလိုက်ပို့ရန်ကို ယခုမှ စိတ်ကူးမိခြင်းတော့ မဟုတ်ပေ။ လွန်ခဲ့သည့် တစ်နှစ်ကျော်က ၎င်း၏အလုပ်ရှင်က သူအပါအဝင် ရွာသား ၄၀ ဦးခန့်ကို ပုဂံ၊ ညောင်ဦးသို့ ဘုရားဖူးလိုက်ပို့စဉ်ကတည်းက ထိုအလှူကို စိတ်ထဲကျိတ်၍ သဘောကျနေခဲ့ခြင်း ဖြစ်သည်။ ‘‘ကျွန်တော် ထီထိုးကတည်း ကိုကလည်း ပေါက်ရင် တစ်ရွာ လုံးကို လိုက်ပို့မယ် ရည်ရွယ်ပြီး သားဗျ။ သူဌေးကိုလည်း အခု ကျွန်တော် ပြောလိုက်ပြီ။ ဒီနှစ် တော့ ကျွန်တော်ပို့ပေးပါရစေလို့’’ ဟု ဦးအေးထွန်းက တက်ကြွစွာ ပြောသည်။ ကျပ်သိန်းတစ်သောင်း အ မြင့်ဆုံးဆုငွေအဖြစ် ဖွင့်လှစ်သည့် ကျပ် ၅၀၀ တန် ထီ၏ (၁)ကြိမ်မြောက်ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးစံရွှေခိုင်က ဆွတ်ခူးခဲ့သည်။ ထီလက်မှတ် သိန်း ၃၀၀ ကျော် ရှိသည့်အထဲမှ ထီတစ်စောင်သာ ကျပ်သိန်းတစ် သောင်းဆုကို ကံထူးနိုင်၍ ထီဆုကြီး ကံထူးနိုင်ရန် ခက်ခဲလှ သည်။ ကျပ်သိန်းတစ်သောင်း ကံ ထူးရှင် ဦးအေးထွန်းကတော့ မေ လ ၁ ရက်ကစ၍ သူ့ဘဝရှေ့ရေး မည်သို့ဖြတ်သန်းရမည်ကို မိသား စုနှင့် တိုင်ပင်၍ အိပ်မက်များ ပုံ ဖော်ခွင့်ရသွားလေပြီ။ သန်းကြွယ်သူဌေး ဖြစ်သွား သောကြောင့် နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်လာသည့် စက်လှေ မောင်းသမားအလုပ်ကို သူ့အနေ ဖြင့် စွန့်လွှတ်ရတော့ပေမည်။ ‘‘သူဌေးကလည်း ကျွန်တော့် ကို ပေးမမောင်းတော့ဘူး’’ဟု ဦး အေးထွန်းက ပြောသည်။ ‘‘ဒီစက်လှေက စဝယ်က တည်းက ကျွန်တော်မောင်းလာခဲ့ တာဆိုတော့ ခွဲရမှာ စိတ်မကောင်း ဘူး။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက် ဖြစ်သလို ကျေးဇူးရှင်ဆိုလည်း ဟုတ်တယ်လေ’’ဟု ဖြည်းဖြည်း လေးလေးပြောသည်။ အပြာရောင်ဆေးခြယ်ထား သည့် စက်လှေနှင့် နေ့စဉ်ထိတွေ့ လုပ်ကိုင်နေခဲ့သော သူ့အနေဖြင့် နေအိမ်၏မျက်နှာစာဝါးခြမ်းပြား၊ ဘုရားစင်ဘောင်နှင့် သောက်ရေ အိုးစင်တန်းတို့ကိုပါ ယင်းအ ရောင်ကို သင်္ဘောဆေးဖြင့် သုတ် လိမ်းထားခြင်းဖြင့် မည်မျှစွဲလမ်း သံယောဇဉ်ကြီးသည်ကို မြင်သာ စေသည်။ ‘‘ဒီစက်လှေကို ဓာတ်ပုံရိုက်၊ ပန်းချီပြန်ဆွဲပြီး ဘောင်ခတ်သိမ်း ထားဖို့ ကျွန်တော်ဆုံးဖြတ်ထား တယ်’’ #7Day

Monday 1 May 2017

ကျပ် သိန်း ၁၀၀၀၀ ကံထူးရှင် နှင့် တွေ့ဆုံမေးမြန်းခြင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ (၂)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာတော့ ရန်ကုန်တိုင်းဒေသ ကြီး ထန်းတပင်မြို့နယ်မှာနေထိုင်တဲ့ ဦးအေးထွန်းက ကံထူးသွားပြီဖြစ်ပါ တယ်။ ကျပ်သိန်း ၁၀၀၀၀ ဆု အောင်ဘာလေသိန်းဆုကြီးကို ရန်ကုန်တိုင်းဒေ သကြီး လှိုင်သာယာမြို့နယ် မီးခွက်ဈေး အနီးက "ရန်နိုင်လင်း ကူဘိုတာတရုတ်နီ စက်အပိုပစ္စည်းနှင့် အင်ဂျင်ဝိုင် အမျိုးမျိုး အရောင်းဆိုင်နှင့် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီအရောင်းဆိုင် " က ပေါက်ခဲ့တာဖြစ်ပါတယ်။ ကံထူးသွားတဲ့ဦးအေးထွန်းရဲ့ ထီကံစမ်းခဲ့တဲ့ အကြောင်းနှင့် ထီကိုယ်စားလှယ် ဒေါ်ယုယုခိုင် ရဲ့ ထီရောင်းချပေးခဲ့မှု အပေါ် မေးမြန်းခဲ့တာတွေကို တင်ပြလိုက်ပါတယ်။ (အယ်ဒီတာ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ သင်းအိအိပိုင် - မေးမြန်းသည် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ "ထီပေါက်တော့ အိမ်ပြန်ပြင်ဆောက်မယ်၊ အလှူလုပ်ချင်တယ်။ ရွာမှာဆောက်မယ့်ဗိမာန်တွေလည်းလှူမယ်။ အဲဒီလိုတော့ ရည်ရွယ်ထားပါတယ်။ ပျော်နေတော့ကျန်တာတွေလည်း ရှိဦးမှာပေါ့" ဦးအေးထွန်း (ကျပ်သိန်းတစ်သောင်းကံထူးရှင်) ***************************************************************** မေး - (၂)ကြိမ်မြောက် အောင်ဘာလေသိန်း ဆုဖွင့်ပွဲမှာ ကံထူးသွားတဲ့ ဦးအေးထွန်းရဲ့ အကြောင်းလေး အရင်ဆုံးပြောပြပေးပါ။ ဖြေ - ကျွန်တော်က စက်လှေမောင်းတဲ့ သူပါ။ စက်လှေမောင်းတဲ့သူဆိုတော့ ကျွန် တော့်သူဌေးရဲ့ညီမဆီမှာ ထီထိုးလိုက်တာ ဆိုတော့ သူက လှမ်းအကြောင်းကြားပေး တာပါ။ မေး - ဘယ်အချိန်မှာ သိရတာလဲ။ ဘယ် သူက လှမ်းဆက်သွယ်ပေးပါလဲ။ ဖြေ - ၁၁ နာရီကျော်လောက်ကမှ သိရတာပါ။ စစချင်းကြားတော့ ယုံတောင် မယုံနိုင်ဘူး။ အရမ်းဝမ်းသာတယ်။ ပြောမပြ တတ်ဘူး။ ၀မ်းလည်းဝမ်းသာပါတယ်။ ပိုး စိုးပက်ဆက်ပေါ့။ ဘယ်လိုပြောလို့ ပြောရ မှန်းမသိပါဘူး။ ထမင်းတောင်မစားနိုင်ဖြစ် ပါတယ်။ မေး - အခုပေါက်တဲ့ထီကို ဘယ်နေရာမှာ ထိုးခဲ့တာလဲ။ ဖြေ - ထီထိုးတာက လဆန်းပိုင်း ၄ ရက် ၅ ရက်ထိုးဖြစ်တာပါ။ သူဌေးညီမကိုသွား ကြိုရင်း တစ်ခါတည်းထီထိုးလာခဲ့တာပါ။ ထိုးတာကတော့ မိုးယံ လှိုင်သာယာမီးခွက် ဈေးမှာ ထိုးဖြစ်တာပါ။ မေး - ထီပေါက်တယ်ဆိုပြီးတော့ ဘယ် လိုမျိုးသိရပါလဲ။ ဘယ်လိုမျိုးအကြောင်း ပြန်လဲ။ ဖြေ - ထီဆိုင်ကညီမလေးကနေ ထီပေါက် တယ်ဆိုပြီး ဖုန်းဆက်လှမ်းအကြောင်းကြား ပေးတာပါ။ မေး - အခုပေါက်တဲ့ထီကိုကော ဘယ်လို မျိုးထိုးဖြစ်တာပါလဲ။ တစ်စောင်တည်းထိုး တာလား။ အုပ်လိုက်ထိုးတာလား။ ဖြေ - တစ်အုပ်ထိုးတာပါ။ မေး - အခုထီထိုးပြီးတော့ ထီမပေါက်ခင် ပေါ့၊ ထီပေါက်မယ်ဆိုပြီးတော့ အိပ်မက် မက်တာတွေရှိလား။ ဖြေ - အိပ်မက်လည်း မက်တယ်။ ထီ ပေါက်မယ်လို့လဲ အိပ်မက်မက်တယ်။ ကျွန် တော်တို့ကိုးကွယ်တဲ့ဘုန်းကြီးကလည်းပြော တယ်။ ထီထိုးဖို့ ၇ အစ ၄ အဆုံးထိုးတာ။ဗေဒင်ဆရာလည်းပြောတယ်။ ထီမထွက်ခင် ၂ ရက် ၃ ရက်ကလည်း ထီပေါက်မယ်လို့ ကြားရတာပေါ့။ ကိုယ့်ကိုယ်လည်း ထီပေါက် မယ်လို့ထင်တယ်။ မေး - မိသားစုဝင်ဘယ်နှယောက်လောက် ရှိလဲ။ ဖြေ - သမီးတစ်ယောက်နဲ့သားတစ်ယောက် မိသားစုက စုစုပေါင်းလေးယောက် ပဲရှိပါ တယ်။ ကလေးတွေမှာ အကြီးမ တစ်ယောက် က အိမ်ထောင်ကျသွားပြီ။ ၁၈ နှစ် ၁၉ နှစ် လောက်ရှိ ပါတယ် ။ အငယ်တစ်ယောက်က တော့ ကျောင်းတက်နေတယ်။ အခု ခုနစ် တန်းရောက်နေပါပြီ။ မေး - ထီပေါက်တော့ ဘာလုပ်ဖို့စဉ်းစား ထားလဲ။ ဖြေ - အဓိကတော့ အလှူအတန်းလေး လုပ်ဖို့ရယ်၊ ရှိတဲ့အိမ်ကလည်း နေလို့မရ တော့ဘူးဆိုတော့ အိမ်ပြန်ပြင်ဆောက်ချင် တာရယ်၊ အလှူလုပ်ချင်တယ်။ ရွာမှာလည်း ဆောက်မယ့်ဗိမာန်တွေ လှူရမှာပေါ့။အဲဒီ လိုတော့ ရည်ရွယ်ထားပါတယ်။ ပျော်နေ တော့ ကျန်တာတွေလည်းရှိဦးမှာပေါ့။အခု ကတော့ အပျော်လွန်နေတာပေါ့။ မေး - နောက်ဆုံးတစ်ခုအနေနဲ့ လိပ်စာအ ပြည့်အစုံလေးသိချင်ပါတယ်။ ဖြေ - ဒါကတော့ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် နှဲသမိန်ကျေးရွာအုပ်စု အထက်ခြံတန်းကျေးရွာမှာနေပါတယ်။ မေး- အခြား ဘာများပြောချင်ပါသေးလဲ။ ဖြေ - အရမ်းဝမ်းသာပါတယ်။ ပြောမပြ တတ်အောင် ၀မ်းသာပါတယ်။ ဒေါ်ယုယုခိုင် (ထီကိုယ်စားလှယ်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ မေး - အောင်ဘာလေကျပ်သိန်းတစ်သောင်း ဆုပေါက်တဲ့ ကိုအေးထွန်းတို့က အစ်မဆိုင်မှာ ဘယ်နေ့လောက်က ထီထိုးဖြစ်တာပါလဲ။ ဖြေ - လကုန်ပြီး ၅ ရက်၊ ၆ ရက်လောက်ပါ။အုပ်ကြီးတစ်အုပ် ထိုးသွားတယ်။ မေး - ထီပေါက်တာကို ထီတိုက်ပြီးသူတို့ ကို အကြောင်းကြားတာပေါ့နော်။ ဖြေ - ဟုတ်ကဲ့။ သူတို့ကို အကြောင်း လှမ်းကြားပေးတာပါ။ မနက်ပိုင်းမှာပဲ လှမ်း အကြောင်းကြားပေးတာပါ။ မနက်ပိုင်း အင် တာနက်မှာ ထီပေါက်စဉ်တွေ ထွက်တာနဲ့ တိုက်ကြည့်ပြီး လှမ်းအကြောင်းကြားပေး တာပါ။ မေး - ဖုန်းလှမ်းဆက်တော့ သူတို့ဘာပြော ပါလဲ။ ဖြေ - သူတို့က၀မ်း သာတာပေါ့။ ၀မ်းသာလို့ ထမင်းတောင် မစားနိုင်ကြဘူး။ မေး - အစ်မဆိုင်က ထီဆုကြီးပေါက်တော့ အစ်မကော ဘယ်လိုခံစားရပါ လဲ။ ထူးထူး ခြားခြားလေးပေါက်တယ်ဆိုတော့ အစ်မရဲ့ အနေအထားခံစား ချက်ပေါ့။ ဖြေ - ဘယ်လိုပြောရမလဲ။ ပျော်တာပေါ့။ ကိုယ့်ဆိုင်ကပေါက် တယ်ဆိုတော့ ကိုယ် ကိုယ်တိုင် ထီပေါက်သလိုမျိုးခံစားရတယ်။ ပျော်လည်းပျော်တယ်။ မေး - ထီကိုယ်စားလှယ်တွေ ဆုချီးမြှင့်တာ တွေရှိလား။ ဖြေ - ကိုယ်စားလှယ်ဆုကတော့ ဘယ် လိုလာဦးမလဲ မသိသေးဘူး။ မေး- အစ်မအနေနဲ့ ကိုအေးထွန်းတို့ကို အကြောင်းကြားပေးတဲ့အခါ အစ်မကိုကော ကိုအေးထွန်းတို့ဘက်က ဘယ်လိုပြန်ပြော တာတွေရှိလဲ။ ဖြေ - သူတို့ဆီကိုဖုန်းဆက်တော့ သူတို့က လည်း အရမ်းပျော်နေတယ်။ မုန့်ဖိုးပေးမယ် လို့တော့ပြောတယ်။ မေး- အခု အစ်မဆိုင်ရဲ့လိပ်စာပြောပေး နိုင်မလား။ ဖြေ - လှိုင်သာယာမီးခွက်ဈေးမှာပဲ နေ ပါတယ်။ ဆိုင်ကလည်း မီးခွက်ဈေးလမ်း ဆုံနဲ့နီးတယ်။ ညောင်တုန်းလမ်းမကြီးဘေး အတွင်း စိန်ပန်းမြိုင်လမ်း မီးခွက်ဈေးအနီးပါ။ မေး - အခြားဘာများဖြည့်စွက်ပြောချင် တာရှိပါလဲ။ ဖြေ - ကျွန်မအနေနဲ့ကတော့ ကျွန်မရဲ့ထီ ဆိုင်မှာ လာကံစမ်းကြတဲ့ ထီဝါသနာရှင်တွေ ကို စေတနာထားပြီးတော့ ၀န်ဆောင်မှုအ ပြည့်ပေးပါတယ်။ နောက်တစ်ခုက ဗန်းမော် ဆရာတော်ဘုရားကြီးရဲ့ဆုံးမသြ၀ါဒအတိုင်း ပုတီးစိပ်ပြီးတော့ ကျွန်မရဲ့ထီဆိုင်မှာ ကံစမ်း ကြတဲ့ ခုနစ်ရက်သားသမီးတွေအကုန်လုံး ကံ ထူးကံကောင်းပါစေဆိုပြီး အမြဲတမ်းမေတ္တာ ပို့တယ်။ အဲဒီအကျိုးဆက်ကြောင့်ပဲ ကျွန်မ ရဲ့ထီဆိုင်ထဲကနေပြီးတော့ ကျပ်တစ်သောင်း ကံထူးရှင်ထွက်ပေါ်လာတယ်လို့ ယုံကြည် တယ်။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။ Democracytoday