Wednesday 5 December 2018
သင် ဒရိုင်ဘာကောင်းတယောက်ဖြစ်ဖို့ဆိုရင်
သင် ဒရိုင်ဘာကောင်းတယောက်ဖြစ်ဖို့ဆိုရင်
ကားသမားတယောက် ကားမောင်းတပ်ယုံ လိုင်စင်ရှိပီဆိုယုံနဲ့ ကားသမား တယောက်ဖြစ်ပီလား
သေချာပါတယ် မဖြစ်တေပါဘူး ဘာတွေလိုအပ်လဲ ဘယ်လို စိတ်ရှည်ဖို့လိုအပ်လဲ အများကြီးရှိပါတယ် ကားသမားတယောက် မှာ
ကားသမားတယောက်ရဲ့ အရည်အချင်း ရှိဖို့လိုပါတယ် ဖြတ်ထိုးဉာဏ် ရှိဖို့လည် လိုပါတယ် မျက်စိလည် လျင်ရပမယ် အရေးအကြောင်း ဆို
ကိုယ်မောင်းတဲ့ ကား ပြန်ထိန်းနိုင်ဖို့ ဆုံးဖြတ်ချက် မှန်ကန်ပီ လျင်မြန်ဖြတ်လတ်ရပမယ် တောင်ဆင်းတောင်တက် တောင်အကွေ့တွေမှာ ကားသမားတယောက် ရဲ့ ကျွမ်းကျင်မှု့ကို သိရပါတယ် ကားကို ထိန်းထိန်းသိမ်းသိမ်းမောင်းတပ်ဖို့ အရေးကြီးပါတယ်
မြန်မာပြည်မှာ ကားမောင်းသမားတွေ ယဉ်တိုတ်မှု့ဖြစ်ကျတယ် မတော်တဆ ကားမှောက်ကျတယ် ဘာဖြစ်လို့လဲ
လမ်းအနေအထားကြောင့်လည် ဖြစ်ကျတယ် ကားသမား အိပ်ငိုက်လို့လည် မှောက်ကျတယ် ကားသမား ရဲ့ ပေါ့ဆမှူ့ကြောင့်လည် မှောက်ကျတယ်
ကားတယာပွင့်ထွက်လို့လည် မှောက်ကျတယ် အရှိန်များလို့လည် အမှောက်များကျပါတယ် ဖြစ်တဲ့အကြောင်းအရင်တွေကတော့ အများကြီးပါ
အမျိုးမျိုးပါပဲ အကြောင်းကြောင်းကြောင့် ယာဉ်တိုက်မှု ဖြစ်ကျတယ်
မတော်တဆကြောင့်ဖြစ်သလို အရှိန်များတာကြောင့်လည် အဖြစ်များပါတယ် ပြောချင်တာက ကားရဲ့ ကြံခို်င်မှု့ ကို စစ်ဆေးရပမယ်
ကားတာယာ ကောင်းမကောင်း စစ်ဆေးရပမယ် ကားတယာ မကောင်းရင် လည်သင့်လည် မလည်နိုင်သေးရင်လည် ထိန်းမောင်းပေါ့ ဖြေးဖြေး မောင်းပေါ့ အမြန်လမ်းမမှာ လေပေါင် ဂရုစိုက်ရပမယ် ဘယ်လမ်းနေနေ လေပေါင် ဂရုစိုက် ပါ နိုက်ထရိုဂျင်လေကို ထိုးထားရင်တော့ အကောင်းဆုံး ပေါ့
သူက လေပေါင် မတက်ဖူးလေ ရိုးရိုးလေဆိုရင် နွေရာသီမှာဆို လေပေါင် အတက်မြန်ပါတယ် သတိထား ဂရုစိုက်မောင်းကျပေါ့ ကားကို ကိုနားလည်သလောက် စစ်ဆေးပါ ကိုနားမလည်ရင်လည် နားလည်တဲ့လူကို ဆရာတင်ပါ ကို့သိကိုတပ်မလုပ်ပါနဲ့
ကားမောင်း နေရင် ကားကို စိတ်ဝင်တစား ဂရုစိုက်ပါ ကားပျက်လို့ ပြင်တဲ့အခါ သူများလုပ်တာ သေသေချာချာ လိုက်ကြည့်ပါ
သူ ဘယ်ဟာကို ဘယ်လိုဖြုတ်တယ် ဘာဖြစ်ရင် ဘာကို လုပ်တယ်ဆိုတာ ကို့မှတ်တပ်သလောက် လိုက်မှတ်ထားပါ
ကားရဲ့ အစိတ်အပိုင်းတွေ အမည်နာမတွေကို ကိုနားလည်သလောက် မှတ်ထားပါ ဥပမာ ဘရိတ်ရှူး တို့ ဘောဂျိုင်းတို့ ဒရမ်ပြားတို့ နည်းနည်းပါးပါး ပေါ့ ကိုယ်နားလည်သလောက် မှတ်ထားပါ ထားပါတော့ အဒါက တပိုင်း ပြန်ဆက်မယ်
အများဆုံးက အမြန်လမ်းမမှာ အိမ်စီးကားလေး တွေ တိမ်မှောက်တာ များပါတယ် သူတို့က လမ်းအနေအထားကို မသိတာကတကြောင်း ကားကို စစ်ဆေးဖို့ရယ် ကားရဲ့ ဒိုင်ခွက် အချက်ပြမီးတွေကို နားလည်သဘောပေါက်တာ အားနည်းတာက တကြောင်းကြောင့် အရေးကြုံလာရင် ဘာမှ မလုပ်တပ် မကိုင်တပ် ဘရိတ်အုပ်ဖို့ပဲ သိတော့ ဘရိတ် ပဲ လှိမ့်အုပ်ကျတာပေါ့ ဒါလောက် အမြန်လမ်းမမှာ ကီလို 100 နဲ့သွားနေတဲ့ကား ချက်ချင်း ဘရိတ် အုပ်လို့ ချက်ချင်းရပ်ပမလား စဉ်းစားသင့်ပါတယ် တချို့ ကားလေးတွေဆို ကီလို 120.130.140. ထိ နင်းကျပါတယ် သူတို့ အရှိန်တင်မောင်းတာတော့ ဟုတ်ပါပီ
အမြန်လမ်းမရဲ့ လမ်းအနေအထားကိုရော သိပါရဲ့လား အလွတ်ရရဲ့လား တွေးနော် ဘယ်မိုင်တိုင်လောက် မျောကွေ့ရှိတယ် လမ်းကျဉ်းရှိတယ် တံတားရှိတယ် လှိုင်းရှိတယ် အမြန်လမ်းဘေးမှာ
ဆိုင်းဘုတ်တွေ ရေးထားတယ်နော် ခက်တာက အိမ်စီးကားလေး တွေ လမ်းညွှန်းဆိုင်းဘုတ်ကို ကြည့်ပျင်းကျတယ် သူများ ကို့ကားကို ကျော်သွားရင် ကိုလည် သူလို လိုက်နင်းမယ်ဆိုတာပဲ သိတယ်
သူများ အမြန်မောင်းတာက ကားအကြောင်းကို နောကြေလို့ မောင်းကျတာ ရှိတယ် လမ်းအနေအထားကို အလွတ်ရလို့ မောင်းကျတာ ရှိတယ် မတူဘူးလေ ကိုယ်က သူလို အရှိန်ကို ဖြတ်ခနဲ့ ဂီယာနဲ့တွဲထိန်းနိုင်ပမလား စဉ်းစားပါ ကိုင်နိုင်တဲ့ အနေအထား မှာမောင်းတာ အကောင်းဆုံး ပါ
ထားပါတော့ ဒါက အမြန်လမ်းမမှာ ဖြစ်တပ်တဲ့သဘောကို ရေးပြတာ
ရေးမယ်ဆို အများကြီးပဲ
ကားသမား တယောက်ဟာ အရင်ဆုံး စိတ်ရှည်ဖို့လိုပါတယ်
ကားကို ညင်ညင်သာသာ မောင်းတပ်ဖို့လိုပါတယ် လေဘာနင်းရင် ကားဆိုတာ ပြေးမှာပဲ ဒါဆို လမ်းမကောင်းရင် ပြန်ထိန်းနိုင်ပမလား
စဉ်းစားနော် ကားမောင်းတာ လွယ်ပေမယ့် ကားကို ထိန်းထိန်းသိမ်းသိမ်းမောင်းတပ်ဖို့တော့ ခဲယဉ်းပါတယ်
ကိုယ်မောင်းနေတဲ့ကားဟာ ပြိုင်ကား မဟုတ်တာ သတိရပါ
ကားဟွန်တီးမယ်ဆိုလည် သူများနားခံသာအောင် တီးဖို့လိုပါတယ်
လေဘာ အနင်းမကြမ်းပါနဲ့ လေဘာ အနင်းကြမ်းလေ ဆီစားလေပဲ
မြို့ထဲ့ဖြစ်ဖြစ် မြို့ပြင်ဖြစ်ဖြစ် သူများကားနောက်က ကပ်မလိုက်ပါနဲ့ 
ကပ်လိုက်လို့  ရှေ့ကားက ဒတ်စတော့အုပ်ရင် ကိုယ်လည် သူလို အုပ်ဖို့ မလွယ်ပါ နောက်ကကပ်လိုက်လာတဲ့ ကားက ဘရိတ်အုပ်ချိန်မရပါဖူး ဂီယာချိန်းချိန်လည် မရပါဘူး ရှောင်ချိန်လည် မရပါဘူး ဂျိန်းဆို တိုတ်တာနဲ့  ဒိန်းဆို လျော်ဖို့ပြင်ထားပါ မလျော်နိုင်ရင် ကျောင်းတော်ကြီးကို သွားဖို့ ပြင်ထားပါ ဒါက သူများကားနောက်က
ကပ် လိုက်ချင်ရဲ့ ဆိုးကျိုးပဲ အတပ်နိုင်ဆုံး ကပ်မလိုက်ပါနဲ့
လမ်းဆုံ လမ်းဖြတ် လမ်းသွယ်ရှိရင် အရှိန်လျော့မောင်းပါ
စည်းကမ်းမရှိ ရှေ့နောက်မကြည့်ပဲ လမ်းဖြတ်တပ်တဲ့ လူတချို့ကြောင့်
သင် အကြီးအကျယ် ဒုက္ခ ရောက်နိုင်ပါတယ် ခုကားမောင်းနေတဲ့ ကားသမား တချို့ဟာ ဦးစားပေးမှု့နည်းပါတယ် ကိုဦးရင် ကိုယ်ဖြတ်
ဆိုသလို အချိန်မပေးချင်ကျဘူး တနည်းအားဖြင့် စိတ်မရှည်ကျတာ များတယ် လမ်းဖြတ်မဲ့ ယဉ် ကို ကိုယ်ကား အရှိန်လျော့ရရင် လျော့ပေး
လိုက်ပါ တချို့ အိမ်စီးကားလေး တွေ ရှိသေးတယ် ဇွတ်ဖြတ် ဇွတ်မောင်းတာ သူတို့က လူလို နားမလည်ကျဖူး တဘို့တည် ကြည့်တဲ့
လူမျိုးတွေပါ အတော်ဆိုးပါတယ်
ကားကို ထိန်းနိုင်တဲ့ စပီမှာပဲ မောင်းပါ ကားမောင်းရင် စိတ်ရှည်ရှည်ထားပါ စိတ်မရှည်ရင် ကားမမောင်းတာ အကောင်းဆုံးပါ
မြန်မာနိုင်ငံ မှာ ကားမောင်းရင် ကားသမားတယောက် ဟာ သီးခံစိတ်
မွေးရပမယ် ဘာလို့လဲ ဆို လမ်းမပေါ် မှာ စိတ်တိုစရာ ဒေါသထွက်စရာ
တွေဟာ ခဏတိုင်းကြုံနေမှာမို့ပါ
လူမိုက် ကားသမား လူမိုက်ဆိုင်ကယ်သမားနဲ့ ပြဿနာ ဖြစ်ရင်
အရင်ဦးဆုံး လက်သွက်ပါစေ လက်မနှေးပါနဲ့ လုပ်မယ်ဆိုလည် လုပ်
မလုပ်ဖူးဆိုလည် တောင်းပန်လိုက်ပါ တောင်းပန်လို့မရရင် ဆင်းရိုတ်ပါ
မသေအောင် ရိုတ်ပါ ခေါင်းကို မရိုတ်မိပါစေနဲ့ တခြားနေရာ ရိုတ်ပါ
ဒါဟာ သူရိုင်းလို့  ကိုယ်ရိုင်းတာ နောက်ဆံမတင်းပါနဲ
လမ်းမှန်ရင် ဂရုမစိုက်ပါနဲ့ ကို့ဘက်က မှန်နေဖို့တော့ လိုပါတယ်
အတပ်နိုင်ဆုံး ပြဿနာ မဖြစ်အောင် မောင်းရင်တော့ အကောင်းဆုံး ပေါ့ ငွေများ တရားနိုင်တဲ့ ခေတ်ကြီးမှာ သင် တရားရုံတွေ ရဲစခန်းတွေ
မရောက်ပါစေနဲ့ရောက်ရင် ငွေကုန်ကြေးကျများလို့ပါ လူလည် ဒုက္ခရောက်ပါတယ် ကားမောင်းရင် ကိုယ်က အရေးပေါ်ကား မီးသတ်ကား vib ကား လူနာတင်ကား မောင်းတာ
မဟုတ်တဲ့အတွက် ပုံမှန် ပဲ မောင်းပါ
ကားမောင်း ရင် အရက်သောက် မမောင်းပါနဲ့ မောင်းလို့တိုတ်ရင်
ကိုယ်ဖြစ်ကိုယ်ခံရမယ် ဘယ်သူမှ ကိုယ်စားလာမခံပါ
ကားမောင်းရင် အလျင်မလိုပါနဲ့ ကိုယ်က အရှိန်လျော့ရရင် လမ်းဖြတ်မဲ့
ယဉ်ကို ဦးစားပေးလိုက်ပါ လမ်းဆုံ မီးပွိုင့်မရှိတဲ့ နေရာတွေ မှာ ကိုယ်က လမ်းမက မောင်းလာရင် လမ်းကူးလမ်းဖြတ်မဲ့လူကို ပေးဖြတ်
လိုက်ပါ အလောက်အချိန်တော့ ပေးနိုင်ကျမှာပါ နားလည်မှု စာနာမှု့ပေါ့
သင် ကားသမားကောင်းတယောက်ဖြစ်ချင်တယ်ဆိုရင် စိတ်ကောင်းမွေးပါ စိတ်ရှည်ရှည်ထားပါ သူတပါးကို ဦးစားပေးပါ
ကိုယ်ချင်းစာတရား လက်ကိုင်ထားပါ ခရီးတခုကို အလျင်မလိုပါနဲ့
အချိန်ခဏစောင့်လိုက်ရတာ ပြဿနာ မရှိပါဖူး
အချိန်လုဖြတ်လိုက်မယ်ဆိုရင်တော့ ပြဿနာ ရှိပါတယ်
ဘာလို့လဲ ဆို လမ်းဆုံ လမ်းခွမှာ လမ်းလုမဖြတ်တာ အကောင်းဆုံး ပါ
လမ်းလုဖြတ်ရင် ယာဉ်တိုက်မှု ဖြစ်မှာမို့ လမ်းလုမဖြတ်စေချင်တာပါ.
ယာဉ်တိုက်မှု ဖြစ်ရင် ရှင်းရတာ ဇယားရှုပ်ပါတယ်
စိတ်ကောင်းမွေးပါ စိတ်ရှည်ရှည်ထားမောင်းရင် သင် ဒရိုင်ဘာကောင်းတယောက် ဖြစ်ပါပီ..
စာလည် ရှည်သွားပီ ရေးချင်တာတော့ အများကြီးပါ
စာဖတ်သူ ပျင်းမှာဆိုလို့  ဒါပဲနော်
မြန်မာတွေ စာဖတ်ပျင်းတာ သိနေတယ်လေ 😃😃😃😃
ကားသမားအားလုံးကို လေးစားချစ်ခင်လျက်ပါ
ဘေးရန်ကင်းကျပါစေ
San linn Aung
Mandalay
3.12.2018
Thursday 14 June 2018
LSO Maung Maung News : ရှေးဟောင်းသမိုင်းစာတွေမှာတော့ မြတ်စွာဘုရားရှင်ရဲ့ ...
LSO Maung Maung News : ရှေးဟောင်းသမိုင်းစာတွေမှာတော့ မြတ်စွာဘုရားရှင်ရဲ့ ...: ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သော ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ ? ? ? တရားတော်နှင်အဆုံးအမများ 0 ဘုရားရှင် ဆံတော် ဘာကြောင့်...
Wednesday 28 February 2018
ရခိုင်ပြည်နယ် ပြဿနာ အတွက် အမေ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံဖို့လိုပြီ။
၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီး တက်လာတဲ့ NLD အစိုးရ လက်ထက် အာဏာရပြီး မကြာခင်မှာပဲ အနောက်ဘက်တံခါးက ဘင်္ဂလီ အကြမ်းဖက်မှု ပြဿနာကို ရင်ဆိုင်ရပါတယ်။
ထို့အတူ ပြည်တွင်း ၊ ပြည်ပ၏ လားရာမတူသော ဖိအားနှစ်ခုနှင့် ထိပ်တိုက်ကြုံရပါသည်။ထိုအကြောင်း
အချက်အလက်တချို့ကိုလည်း နေရီ ကလောင်ဖြင့် စာရေးသူ ရဲမိုးက
သူ၏ စက်တင်ဘာ ၃၀ ရက်နေ့က (ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်ရပ်တွင် ထင်ရှားစွာ ပေါ်ထွက်လာသည့် အချက်များ) ဆိုသည့် စတေးတပ်ဆောင်းပါးတွင် ..
" ရခိုင်ပြသနာ ဖြေရှင်းနည်း၏ အဓိကလားရာမှာ နှစ်ခုသာ ရှိသည် ။
၁၉၈၂ နိုင်ငံသား ဥပဒေကို လျော့ပေါ့ပြီး ဘင်္ဂါလီအတော်များများကို နိုင်ငံသား ပေးလိုက်မလား သို့ မဟုတ် ယခုလက်ရှိ ဥပဒေအတိုင်းသာ ခိုးဝင်များ အဖြစ်ထားရှိပြီး အခြားလက်ခံလိုသည့် တတိယနိုင်ငံများသို့  သွားခွင့်ပြုမလား ဟူသည့် နည်းလမ်းဖြစ်သည် ။
ပထမနည်းလမ်းကို ကျင့်သုံးလျှင် ပြည်တွင်းရှိ ရခိုင်တိုင်းရင်းသားများ ၊ နိုင်ငံရေး အမျိုးသားရေး အင်အားစုများနှင့် ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိသည် ။
အစိုးရအပေါ် လူထုထောက်ခံမှု အကြီးအကျယ် ကျဆင်းနိုင်သည် ။
ဆူပူမှုများ ၊ အဓိကရုဏ်းများ ဖြစ်ပွားလာနိုင်သည် ။ ထိုကိစ္စမှာ အမျိုးသားရင်ကြားစေ့ရေးကိုပင် အကြီးအကျယ် အနှောင့်အယှက်ပေးနိုင်သည် ။
ဒုတိယနည်းလမ်းကို ကျင့်သုံးလျှင် နိုင်ငံတကာ ဖိအားကို အကြီးအကျယ် ဆက်လက်ရင်ဆိုင်ရမည် ။
ပိတ်ဆို့ မှုများ ထပ်မံပေါ်ပေါက်လာနိုင်သည် ။ တရုတ် ၊ အိန္ဒိယ ၊ ရုရှ စသည့်နိုင်ငံများနှင့် ယခုထက်ပိုပြီး ရင်းနှီးသော ဆက်ဆံရေး ရှိရန်လိုအပ်သည် ။" ဟု ထောက်ပြပြောဆိုထားပါသည်။
သို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအဖွဲ့သည် ဖြေရှင်းနည်းနှစ်ခုတွင် တစ်ခုကို ရွေးချယ်ပြီး တစ်ခု၏ဖိအားကို တင်းခံတွန်းလှန်သွားရမည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ် ပြဿနာနှင့်ပတ်သတ်ပြီး ယခုလက်ရှိဖြစ်ပျက်နေသည့်
ပြည်တွင်း ပြည်ပ အခြေအနေများ ၊ သတင်းများအရ သုံးသပ်ရပါလျှင်
ရွေးခြယ်စရာ နည်းလမ်းနှစ်ခုထဲမှ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖြေလျော့ပေးပြီး ဘင်္ဂလီတော်တော်များများကို နိုင်ငံသားပေးမယ့်လမ်းကို မရွေးပါပဲ
ခိုးဝင်ကို ခိုးဝင်အဖြစ်သာထားပြီး ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးသွားသူတွေကိုလည်း တဖက်က အရေအတွက် မည်မျှပြောပြော မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ကြောင်း အထောက်အထားခိုင်လုံမှသာ လက်ခံသွားမယ့် အခြေအနေရှိနေပါတယ်။
ထို့အတူ မြန်မာ့နိုင်ငံရေးမှာ သြဇာကြီးမားဆဲဖြစ်တဲ့ တပ်မတော်ဘက်က
်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ သူတို့ပြောသမျှ အရေအတွက် အတိုင်းလက်မခံနိုင်ဘူး။မြန်မာနိုင်ငံသား စစ်မှန်ရင် ပြန်လက်ခံပေးသွားမယ်ဆိုပြီး ပြောဆိုထားတာတွေလည်းရှိပါတယ်။
ဒီအကြောင်းကို Larry Jagan ရဲ့ Myanmar’s military chief’s popularity on the rise မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆက်ဆံရေးဟာ ပိုမိုနီးစပ်လာတယ်လို့ သုံးသပ်ထားတာကိုလည်း တွေ့ရပါတယ်။
ဒီတော့ ခေါင်းဆောင် နှစ်ဦးက ညီညီညာညာ နဲ့ ရခိုင်ပြည်နယ်ပြဿနာ ကို နိုင်ငံတကာ ဖိအားတွေကြားထဲက ဖြေရှင်းနေချိန်မှာ (အထူးသဖြင့်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ ဖိအားအတိုင်း ၁၉၈၂ နိုင်ငံသား
အက်ဥပဒေကို ပြင်ဆင်ပြီး ဘင်္ဂလီအများစု နိုင်ငံသားမပေးတာကြောင့် )
ဒေါ်အောင်ဆန်းစုကြည် အတွက် အဖက်ဖက်က တိုက်ခိုက်ခံရမှုတွေ ရှိလာပါတယ်။
အမေရိကန် အထက်လွှတ်တော် အမတ် ဘီလ်ရစ်ချတ်ဆန် (Bill Richardson) ကိစ္စလို နိုင်ငံတကာ အလယ်မှာ ဒေါ်အောင်ဆန်းစုကြည် ပုံရိပ် ကျဆင်းအောင် တိုက်ခိုက်မှုတွေ၊ အနောက်နိုင်ငံတွေက ယခင်
ပေးခဲ့ဖူးတဲ့ ဆု /ဘွဲ့တံဆိပ်တွေကို တစ်ခုပြီး တစ်ခု ရုတ်သိမ်းလာခြင်းတွေ၊ ပြည်ပ မီဒီယာတွေဖြစ်တဲ့ Irrawaddy ၊ VOA ၊ BBC က ဂူတာပြင်
မှာ ဘင်္ဂလီ အလောင်းတွေ ရာနဲ့ချီပြီး ထပ်တွေ့တယ် ဆိုပြီး AP သတင်းဌာနက ကိုးကားပြီး တပြိုင်နက် ဆိုသလို ရေးသားလာတာတွေ၊ Fackbook လူမှုကွန်ယက်မှာလည်း Ro Nay San Lwin လို ၊ Maung Maung ( မောင်မောင် ကရ၀ိတ်)လို စာမျက်နှာတွေကနေ အချိန်ကိုက် တင်လာတာတွေ တွေ့ရပါတယ်။
ယခုနောက်ဆုံး ၀င်းနိုင်ဆိုသူရဲ့ ဓာတ်ဆီ ပုလင်း မီးရှို့ပြီး ဒေါ်အောင်ဆန်းခြံဝင်းအတွင်း ပစ်လာတဲ့အထိဖြစ်ပါတယ်။
လက်ရှိထုတ်ပြန်ချက်အရတော့ ၀င်းနိုင်ဟာ စိတ်ဝေဒနာသည် ဖြစ်တယ်ဆိုပြီးတွေ့ရပါသည်
။ထူးဆန်းသည်မှာ မိရင် စိတ်ဝေဒနာသည်တွေချည်း ဖြစ်သွားတတ်ပါတယ်
ဒါပေမယ့် တစ်ဘက်က ဒီလိုမိသွားခဲ့ရင်တောင် ပြစ်မှုပြစ်ဒဏ်လျော့အောင် ပေါ့အောင် စိတ်ဝေဒနာသည်ပါတယ်ဆိုပြီး ပြနိုင်ဖို့ အထိ အကွက်ကျကျ လုပ်ထားတယ်လို့ ကျွန်တော် ယူပါတယ်
။ယခင်ရဲစခန်းကို ပုဆိုးလှန်ဆဲတဲ့ သူလည်း
စိတ်ဝေဒနာသည်ပဲ ၊
အခု ဓာတ်ဆီပုလင်း မီးရှို့ပစ်တဲ့သူလည်း စိတ်ဝေ
ဒနာသည်ပဲ ဖြစ်နေပြီး ထူးဆန်းတာက စိတ်ဝေဒနာသည်တွေဟာ နိုင်ငံ
ရေးမကျေနပ်ချက်ရှိတဲ့ ပစ်မှတ်ဆီ တည့်တည့်သွားတတ်ပြီး ၊
ဆောင်ရွက်
တတ်နေတာပါပဲ
။အရူးဆိုပေမယ့် ရဲစခန်းကိုသိတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ခြံကို တန်းနေအောင် သိတတ်တယ်။
ကဲ မထူးဆန်းဘူးလား။
အခုဖမ်းမိပြီ သိရပါတယ်။ စစ်ဆေးရင်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ
ရိုဟင်ဂျာတွေကို ဖိနှိပ်လို့မကျေနပ်လို့ လုပ်ပါတယ်ဆိုပြီး ထွက်ဆိုလိမ့်မယ်လို့ ယူဆပါသည်။
ဒါမှသာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို နိုင်ငံတကာအလယ်မှာ ထိုးကျအောင် လုပ်နိုင်မယ်မဟုတ်လား။
ဒီရည်ရွယ်ချက်ပဲ ဖြစ်မည်ဟု သုံးသပ်ပါသည်။
ထို့ကြောင့် အချုပ်အနေနဲ့ ဆိုရပါလျှင် ..ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးကို အထူးဂရုပြုကြဖို့လိုပါသည်။
သူမသည် ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်ပြီး ဘင်္ဂလီတွေ နိုင်ငံသား ဖြစ်မယ့် အခွင့်အရေးကို မပေးပဲ ရခိုင်ပြည်နယ်အရေးအတွက် နိုင်ငံတကာ ဖိအားကိုရင်ဆိုင်ပြီး ရပ်တည်နေချိန်မှာ ပြန်လည်ရိုက်ခတ်လာမည့် သက်ရောက်မှုတွေ အတွက် ကြံ့ကြံ့ခံ ဆောင်ရွက်နေချိန်မှာ ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကို ၀ိုင်းရံဖို့ လိုပြီဆိုတာ အများစဉ်းစားကြဖို့လိုပါတယ်။
ရခိုင်ပြည်နယ် အရေးအတွက် သူက ရှေ့ထွက်တိုက်ရင်
ကျွန်တော်တို့က ဓားကိုင် လိုက်နိုင်တဲ့ လက်ရုံးရည် နှလုံးရည် ရှိဖို့လိုမှာ ဖြစ်ပါတယ်။
သန့်မောင်(ခေတ္တ-ကိုရီးယား)
Sunday 25 February 2018
အဆိုတော် ခင်ဝမ်း နဲ့ ခင်မောင်တိုး တို့သီဆိုခဲ့ကြတဲ့ "ဆယ်လ်မွန်ငါးတို့အပြန်" ဆိုတဲ့သီချင်းလေးရဲ့ အဓိပ္ပါယ်ကို အခုမှဘဲသေချာနားလည်တော့တယ်.. "ဆယ်လ်မွန်ငါးတို့အပြန်"
j
ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်... မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်..
ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။
ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ.....
အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။
တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့.... ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်...ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေဥပ်ါချလိုက်တယ်.. အထီးဖြစ်သူဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေရေစီးနဲ့ပါမသွားအောင် အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားတော့ပါ ဒီလိုနဲ့ (၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ၎င်းရဲ့ ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်..အထီးဖြစ်သူကတော့ အနီးနားပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွားပါတယ်..။
အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေဟာ (၃)လမှာ ဥမှထွက်လာပါတယ်။ အဲဒီအခါမှာ ဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီးရုပ်ကြွင်းမှ အသားမျှင်လေးတွေအဖြစ် အနီးနားမှာပြန့်ကြဲနေပါပြီ။ ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေးပါ တွားသွားပြီး အစာအဖြစ် မိခင်ရုပ်ကြွင်းအသားမျှင်လေးများကို စားကြရပါတယ်။
အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ ဘာဖြစ်လို့ မျိုးဆက်သစ်မွေးဖွားတော့မယ်ဆိုတာနဲ့ အစာမစားတော့တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ(ရေညှိရေမှော်ကအစ) ဘာမှမရှိတဲ့ကျောက်စရစ်ရေအောက်မြေသားမှာ မိမိအသွေးသားကို မိမိမျိုးဆက်စားသောက်ပြီး အသက်ဆက်ဖို့အတွက်ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးအထီးကတော့ အနီးနားမှာသေဆုံးပြီး ကြီးပြင်းလာတဲ့မိမိမျိုးဆက်အပြင် တခြားသောဆယ်လ်မွန်ငါးတွေအတွက် အစာအဖြစ်ပေးဆပ်ပါတယ်။
ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ။
ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့သဘာဝကိုစံထားပြီး မိမိတို့မျိုးဆက်သစ်အတွက်ပေးဆပ်ဖို့ ပညာပေးကြပါတယ်။
.
ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်...ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါမှာ ရေငန် ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြတယ်တဲ့...
ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ...ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်းတောင် ရှိနေသေးတာဘဲ...
တကယ်ဆိုဆယ်လ်မွန်ငါး တွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ...
ဘယ်နေရာဘဲ ရောက်နေနေ သူတို့ရဲ့ ဇာတိကို မေ့မသွားဘူးလေ...ရောက်အောင်ပြန်ကြတယ်...
ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ...
မြစ်ချောင်းတွေဟာ အမြင့်မှာ...ပင်လယ်က ဟိုးအနိမ့်ဆုံးမှာ...
အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံနေရာဆီကို ဆန်တက်ကူးခတ်ပြီး ပြန်ကြရတာလေ...
သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေးတယ်...ပိုက်တွေထဲ တိုးဝင်ပြီး ပါသွားလိုက်တာ အများအပြား...
ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ်...ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်...အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ...
ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်...ဆည်တွေဖို့လိုက်တာမျိုး...မြောင်းတွေ ပိတ်ပစ်လိုက်တာမျိုးတွေပေါ့...အဲ့လိုနေရာတွေကို ရောက်တဲ့အခါမှာ ငါးလေးတွေဟာ လမ်းပျောက်သလိုဖြစ်ပြီး သေလိုက်ကြတာမှ အတုံးအရုံး...
ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့...ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့...
အိမ်ပြန်ရတာ အဲ့သလောက်ဘဲ ခက်ခဲသလား...
အိမ်အပြန်လမ်းဟာ အဲ့သလောက်ဘဲ ကြမ်းတမ်းသလား...
အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ ကျိန်စာတစ်ခုလို အသက်ကိုပါ နှုတ်ယူပစ်တတ်တာမျိုးလား...
အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား...
အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့...။
ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကိုအတုယူပြီး မိမိတို့မျိုးဆက်အတွက်ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပါရစေ..။
Credit to>>>;Ko Pyi Soe
Copy from Win min soe
ဗဟုသုတအဖြစ် ပြန်လည်မျှဝေပါသည်
Friday 23 February 2018
ရန်ကုန်မြို့တော်သင်္ကြန်တွင် ယခင်နှစ်က ပိတ်ထားသော ကုမ္ပဏီမဏ္ဍပ်ပါမစ်များ ချပေးရန် စီစဉ်နေဟုဆို
==================
==================
ယခုနှစ် ရန်ကုန်သင်္ကြန် ကာလအတွင်း ကုမ္ပဏီမဏ္ဍပ်ပါမစ်များ ချပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းတံတား) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒီနှစ်သင်္ကြန် ကုမ္ပဏီမဏ္ဍပ်တွေ ချပေးမယ်လို့ ပြောတယ်။ ဘယ်နေရာတွေ၊ ဘယ်ကုမ္ပဏီတွေလည်းတော့ မသိသေးဘူး။ နေရာလည်း ရွေးရဦးမယ်။ ချပေးမယ်လို့တော့ပြောတယ်။ ပါမစ်ကလည်း တကယ်တမ်း လုပ်မယ့်သူကိုပဲ ပေးမယ်လို့လည်းပြောတယ်” ဟု တာ ၀န်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုနှစ်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်မည့်သူများ အနေဖြင့် မီးသတ်ပိုက်များ သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
“သင်္ကြန်ကာလအတွင်းမှာ ပုံမှန်ရေပေးနေကျပုံစံအပြင် ရေကစားတဲ့သူတွေ အဆင်ပြေအောင် အချိန်တွေပြန်ပြီး သတ်မှတ်ပေးသွားမယ်။ အရင်တုန်းက အချိန်ပိုင်းတဲ့နေရာတွေကို အချိန်ထပ်တိုး ပေးနိုင်အောင် အဲဒီလိုတိုးပေးနိုင်ဖို့၊ ကြားထဲမှာ ရေတွန်းစက်တွေ တောက်လျှောက်ကောင်းနေဖို့၊ ရေလှောင်ကန်ကရေတွေ အပြည့်ရှိနေဖို့ ရေပိုက်လိုင်းတွေ စီမံခန့်ခွဲရတယ်။ ရန်ကုန်မြို့ရဲ့ ဗဟိုမဏ္ဍပ်ဖြစ်တဲ့ မြို့တော်ဝန်မဏ္ဍပ်မှာ ရေဖျန်းနိုင်ဖို့အတွက် ရေငုတ် ၂၀၀ နဲ့ စီမံဆောင်ရွက်တာပေါ့။ အခြားမဏ္ဍပ်တွေက ရေငုတ်က သူတို့အစီအစဉ်တွေနဲ့ ဆောင်ရွက်တာပါ။ မီးသတ်ပိုက်ကတော့ နှစ်စဉ်မီးသတ်ပိုက်ကို ခွင့်မပြုပါဘူး။ ဒီနှစ်လည်း ခွင့်မပြုပါဘူး။ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းနဲ့ ပေါင်းပြီးတော့ ပိတ်သိမ်းတာတွေ ဆောင်ရွက်ရပါတယ်။ အဓိကကတော့ မဏ္ဍပ်တည်ဆောက်ခွင့်က အာဏာပိုင် အဖွဲ့အစည်း ထွေအုပ်က ကြပ်မတ်ပေးရတာပါ။ နောက်တစ်ကြိမ် အစည်းအဝေးမှာ ကော်မတီတွေ ဖွဲ့ထားပါတယ်။ ကော်မတီအသီးသီးက ကြားကာလအတွင်းမှာ ကော်မတီအလိုက် ဒုတိယအကြိမ် အစည်းအဝေးမှာ ပြန်လည်တင်ပြမယ်လို့ သိရပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန ဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပထမအကြိမ်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ၂၀၁၈ ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း ကုမ္ပဏီမဏ္ဍပ်ပါမစ်ချပေးမှု မရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရာ၌ ခွင့်ပြုပေးထားသည့် နေရာအတိုင်းအတာထက် ကျော်လွန်ဆောက်လုပ်ပါက မဏ္ဍပ်ဆောက်လုပ်ခွင့် ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၁၇ မတ်တွင် ထုတ်ပြန်ခဲ့သည်။
ယခင်နှစ်က မဏ္ဍပ်ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိသူက အခြားသူများသို့ ငှားရမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း လုံးဝမပြုလုပ်ရ။ လျှောက်ထားသူကိုယ်တိုင် ဆောက်လုပ်အသုံးပြုရန်။ လိုက်နာမှုမရှိလျှင် မူလခွင့်ပြုချက် ရရှိထားသော ပိုင်ရှင်မှ ၎င်းပေးသွင်းထားသည့် စပေါ်ငွေအနက် မဏ္ဍပ်ကြီးအတွက် ကျပ်သိန်း ၅၀ ကိုလည်းကောင်၊ မဏ္ဍပ်အလတ်အတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခင်နှစ်ထုတ်ပြန်ချက်၌ မဏ္ဍပ်အကြီးများအား မျက်နှာစာအရှည် ပေ ၁၀၀ မှ ၁၂၀၊ အနောက်ဘက် သို့ ပေ ၄၀၊ မြေပြင်မှ ၈+၁၂ (ပေ၂၀) အထိ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ပြီး မဏ္ဍပ်အလတ်များကို မျက်နှာစာအရှည် ပေ ၅၀ မှ ၉၉ ပေ၊ အနောက်ဘက်သို့ ပေ ၃၀၊ အမြင့် ၆ + ၁၀ (၁၆ ပေ) အထိ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ပြီး မဏ္ဍပ်များ၏ အကျယ်အ၀န်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ခွင့်ပြုပေးထားသည့် ပုံစံအတိုင်း မဏ္ဍပ်တာဝန်ခံ အင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရမည် ဖြစ်ကြောင်း၊ သတ်မှတ်အရွယ်အစားထက် ပိုပါက တစ်ပေလျှင် ကျပ် ၁၀ သိန်း ဒဏ်ကြေးရိုက်ခံရမည် ဖြစ်ကြောင်း၊ အာမခံစပေါ်အဖြစ် သင်္ကြန်မဏ္ဍပ်အကြီးကို ကျပ်သိန်း ၂၀၀ နှင့် မဏ္ဍပ်အလတ်ကို ကျပ်သိန်း ၁၀၀ သတ်မှတ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) တွင် ကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များ ဖောက်ဖျက်ပါက သတ်မှတ်ဒဏ်ကြေးကို အာမခံစပေါ်ငွေမှ ပေးဆောင်ရမည်ဖြစ်ကာ စပေါ်ငွေကို သင်္ကြန်ကာလအပြီး မေလအတွင်း ပြန်လည်ထုတ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မဏ္ဍပ်ချပေးမှု နည်းပါးခြင်းကြောင့် စည်ကားမှု နည်းပါးခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အား ပြည်သူများက ဝေဖန်မှုများရှိခဲ့ကြောင်း သိရသည်။
writer: ဆန်းထူးအောင်
===========
Eleven Media Group
http://news-eleven.com/news/39956
Image may contain: one or more people, crowd and outdoor
Thursday 22 February 2018
ကြက်၊ ငှက် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
=
ကြက်၊ ငှက် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်တရပ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကြက်၊ ငှက် တုပ်ကွေးရောဂါဟာ နိုင်ငံအသီးသီးမှာ ရာသီမရွေး ဖြစ်ပွားနေလို့ မိမိတို့နိုင်ငံတွင်းရှိ ကြက်၊ ဘဲ၊ ငုံးခြံတွေတွင်လည်း ဇီဝလုံခြုံမှု စနစ်တကျ မြှင့်တင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ကြက်၊ ငှက် တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရန် အချက်များ
(က) ကြက်၊ ဘဲနှင့် ငုံးမွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်
(ခ) ကြက်၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ အရှင်ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေး ဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊
(ဂ) မွေးမြူရေးခြံအတွင်းသို့ ဝင်ပါက နှာခေါင်းစည်း၊ လက်အိတ် စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျ ဝတ်ဆင်ရန်၊
(ဃ) ကြက်၊ ငှက်များကို ကိုင်တွယ်ပြီးတိုင်း၊ ကြက်ခြံမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်းနှင့် တကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊
(င) အသား၊ ဥတို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန်၊
(စ) ကြက်၊ ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်း သတင်းပို့ရန်၊
(ဆ) ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
===========
DVB TV News
http://burmese.dvb.no/archives/254924
Monday 19 February 2018
ထိုင်းနိုင်ငံတောင်ပိုင်း၊ကော့တောင်ကျွန်း(လိပ်ကျွန်း)(ခိုတောင်ကျွန်း)
အ၈င်္လိပ်နှစ်ဦး အသတ်ခံရမှု့ -
(၂၂-၂-၂၀၁၈) ရက်နေ့ ရက်ချိန်းတွင် -ထိုင်းအစိုးရရှေ့နေဖက်မှ နောက်ဆုံးလျှောက်လဲချက်တင်ရန်ချိန်ဆိုထားသည့်နေ့ရက်ဖြစ်ပါတယ်-
ထိုလျှောက်လဲချက်တင်ရန်အတွက်-ထိုင်းရှေ့နေဖက်မှ စတုတ္ထအကြိမ် ရွေ့ဆိုင်းလာခဲ့ပြီး၊ ယခု ပဉ္စမမြောက် ရက်ချိန်းလည်းဖြစ်ပါတယ်။
အမှန်တရားသည် ခါး၏ ထိုပြင် အချိန်ကြာစောင့်ရတတ်၏ - လို့ ပြင်ရေး
ရပါတော့မည်။
အချင်းဖြစ်ညက တရားခံတို့သူငယ်ချင်းသုံးဦးဆိုင်ကယ်စီးနေသည့်ပုံကို တွေ့မြင်နိုင်ပါသည်-
A2 - ဇော်လင်း A1- မောင်မောင် A3- ၀င်းဇော်ထွန်း
တို့၏ cctv ပုံများဖြစ်ပြီး အချိန်မှာ ည ၉-နာရီ ၁၀-မီးနစ် ၂၃ စက္ကန့်ဖြစ်ပါတယ်။
ဆိုင်ကယ်၏နောက်ဆုံးတွင် ထိုင်နေသော A3-၀င်းဇော်ထွန်းမှာ ဘောင်းဘီရှည် အနက်ရောင်ဖြစ်ကြောင်းလည်းတွေမြင်နိုင်ပါတယ်။
၁၅-၉-၂၀၁၄ရက်နေ့ ၀၅း၄၁ -နာရီပါ cctv ပုံရိပ် တွင်ပြေးနေသူမှာ ဘောင်းဘီတိုနှင့် ဖြစ်ကြောင်းလည်းတွေ့မြင်နိုင်ပါတယ်။
ထိုသို့မတူကွဲပြားနေသော ဓါတ်ပုံပေါ်တွင်-
(ဓါတ်ပုံပေါ်ရှိ ပြေးနေသောပုံမှာ ကျနော်၏ပုံဖြစ်ပါသည်) ဟု ထိုင်းဘာသာဖြင့်ရေးသားကာ A3-၀င်ဇော်ထွန်း ကိုဝန်ခံလက်မှတ်ရေးခိုင်းခဲ့သည်။
ထိုင်းဘာသာနားမလည်-ထိုင်းစာမဖတ်တတ်သော- A3-၀င်းဇော်ထွန်း ကလည်း ရဲစခန်းတွင် မလွန်ဆန်နိုင်သော ခြိမ်းခြောက်မှု့ကြောင့် လက်မှတ်ရေးထိုးပေးခဲ့ရသည်။
(၂၂-ရ-၂၀၁၅)ရက်နေ့တွင် ကော့စမွေတရားရုံးသို့ အမှတ်(၈)ရဲတပ်ဖွဲ့
အမှု့စစ်ရဲမှူးကြီး လာရောက်အစစ်ဆေးခံခဲ့ပါတယ်။အမေးအဖြေတွင်-
တရားခံရှေ့နေ- ခင်ဗျားတင်တဲ့ သက်သေခံဓါတ်ပုံ-ဆိုင်ကယ်ပေါ်က-
A3-၀င်းဇော်ထွန်း မှန်ပါသလား?
အမှူစစ်ရဲဖြေ - မှန်ပါတယ်။
တရားခံရှေ့နေ- A3- ၀င်းဇော်ထွန်း -ဘောင်းဘီ အတိုဝတ်လား?အရ ၀တ်ပါသလား?
အမှု့စစ်ရဲဖြေ - မှုံ့နေလို့အသေအချာမမြင်ရပါ။
တရားခံရှေ့နေ- ခင်ဗျားတို့က ၀င်းဇော်ထွန်းပြေးနေပုံ ကို မဖမ်းမိခင်
ကတည်းက ဓါတ်ပုံမှာစာရေးပြီး သတ်မှတ်ထားတယ်ဆို
တော့ ဖမ်းမိဆဲ့အခါ သူ့ကို ဘောင်းဘီတိုဝတ်ပြီး ပြေးခိုင်း
ကြည့်ပါသလား?
အမှု့စစ်ရဲဖြေ- မပြေးခိုင်းခဲ့ပါ။
တရားခံရှေ့နေ- မပြေးခိုင်းပဲနဲ့ ဒီဓါတ်ပုံထဲက ပြေးနေသူကို ၀င်းဇော်ထွန်းလို့ ဘာကြောင့် တထစ်ချ ပြောနိုင်ရတာလဲ?
အမှု့စစ်ရဲဖြေ - ပြေးနေတာ သူနဲ့တူနေတယ်။
မှတ်သားလောက်သည့် ဥပဒေကို ကိုင်တွယ်နေသူ၏ဖြေဆိုချက်ပါ ပေ-
လူသတ်လက်နက်ပါ ဟု အခိုင်အမာတင်ပြစွပ်စွဲ ခဲ့သော ပေါက်တူး တွင်
တရားခံ တို့၏ DNA မတွေ့ရခြင်းကပင် အပြစ်မရှိကြောင်းထင်ရှားစေခဲ့ပြီး- ယခု တူသည်ဆိုယုံဖြင့်- -တရားခံအဖြစ် ထားရှိကာ လက်မှတ်ရေးထိုးဝန်ခံခိုင်းခဲ့ ခြင်းသည်
ဥပဒေ၏ သာတူညီမျှမှု့ကို ဖျက်ဆီးစေရာ ရောက်သည့်အတွက် တရားခံများသည် အမှန်
ကျူးလွန်ခဲ့ကြသော လူသတ်တရားခံများမဟုတ်ကြောင်း ထင်ရှားနေပါသည်။
U Aung MyoThant
ဥပဒေအကျိုးဆောင်
Sunday 18 February 2018
ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဆယ်ယူခွင့်ပြုလိုက်ပါက နိုင်ငံတော်သမ္မတ ဒေါင်ဒေါင်မြည်ကျန်းမာလာလိမ့်မည်ဟု ဦးစံလင်း ဆို ...
m
18.02.2018
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား ဆယ်ယူခွင့်ပြုလိုက်မည်ဆိုပါက နိုင်ငံတော်သမ္မတ ဒေါင်ဒေါင်မြည်ကျန်းမာလာလိမ့်မည်ဖြစ်ကြောင်း ခေါင်းလောင်းအား ဦးဆောင်ရှာဖွေမည့် ဦးစံလင်းက ပြောသည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီး တည်ရှိရာ သိဂုင်္တ္တရကုန်းတော်ပေါ်သို့ အမြန်ဆုံး တင်လှူပူဇော်နိုင်ရန် လုပ်ဆောင်လိုသည့်အကြောင်းနှင့် ယခင်ဆယ်ယူခဲ့စဉ်က အလှူငွေစာရင်းများနှင့် တွေ့ကြုံရသောအခက်အခဲများ အကြောင်းကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ Orchid Hotel ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ခွင့်ပြုချက်ပိတ်ရင် ပြည်ဟီးမယ်။ အခု သမ္မတ နေမကောင်းဘူး ပြောနေတယ်။ ဆေးကုသနေရတယ်။ နေကောင်းသွားအောင်လို့ ပဲ ခွင့်ပြုချက်သာ ပေးလိုက်။ တစ်ခါတည်း ဒေါင်ဒေါင်မြည်သွားမယ်” ဟု ၄င်းက ပြောသည်။
NLD အစိုးရတက်ခါစတွင် ခေါင်းလောင်းဆယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ စာတင်ခဲ့သော်လည်း မိုး ရာသီဖြစ်၍ ခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်ကြားခဲ့သည့်အတွက် နိုင်ငံတော်သမ္မတထံသို့ ဆက်လက်ပြီး ခွင့်ပြုချက် တင်ခဲ့ကြောင်း၊ သို့သော်လည်း ယနေ့အထိ အကြောင်းပြန်ကြားလာခြင်း မရှိသေးသည့်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်ဟု ဦးစံလင်းက ပြောသည်။
သို့သော်လည်း ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ထပ်မံဆယ်ယူခွင့်ရရန် စီစဉ်နေပြီး ခွင့်ပြုချက် ရရှိရန်အတွက်လည်း လာမည့် ဖေဖော်ဝါရီ ၂၁ရက်(ဗုဒ္ဓဟူးနေ့)တွင် နိုင်ငံတော်သမ္မတထံသို့ ထပ်မံ စာတင်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။” အဲဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတဆီ စာတင်မယ်။ကျွန်တော်တို့မှာ ဒီတင်တာ ပြန်ကျမကျ ဆိုတာကတော့ နိုင်ငံတော်ရဲ့ သဘောပဲဖြစ်တယ်။ နိုင်ငံတော်က ခွင့်ပြုရင် ကျွန်တော်က လုပ်မယ်။ နိုင်ငံတော်က ခွင့်မပြုရင် ကျွန်တော်မလုပ်ဘူး” ဟု ဦးစံလင်းကပြောသည်။
ဦးစံလင်းအနေဖြင့် ဓမ္မစေတီခေါင်းလောင်း တည်ရှိနေသည်ကို ယုံကြည်နေပြီး ခေါင်းလောင်း ရှာဖွေဆယ်ယူရာတွင် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ဆုံစည်းရာ မြစ်ဆုံအနီး၌ သောင်တူးစက်များ၊ ရေငုပ်သမားများဖြင့် ယခင်အကြိမ်များနည်းတူ ရှာဖွေမည်ဟု ၄င်းကဆိုသည်။ “ လုပ်မဲ့အချိန်ကတော့ ၀ါခေါင်လမှာပါ။ အခုလာမဲ့ ၀ါခေါင်လ မိုးတွင်း ရေအကြီးဆုံးအချိန်နဲ့ အကြမ်းဆုံးအချိန်ကို ရွေးထားပါတယ်။ အဲဒါကတော့ ဘယ်နေ့ဆိုတာတော့ ဒီမှာတော့ မပြောသေးပါဘူး” ဟု ဦးစံလင်းက ပြောသည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်ကတည်းက သွန်းလုပ်ခဲ့သည့် ခေါင်းလောင်းကြီးသည် မြေကြီးအတွင်း နှစ်မြှပ်ခဲ့သည်မှာ နှစ် ၄၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း မြေအောက်တွင် ဓါတ်ပြုမှုကြောင့် ခေါင်းလုံးပုံစံ အလုံးလိုက် မဟုတ်တော့ဘဲ အတုံးအခဲများအဖြစ်သာ ရှိနေပြီဖြစ်ကြောင်းနှင့် စတင်သွန်းလုပ်စဉ်က ရွှေ၊ ကြေး၊ ငွေ၊ ဘော် များပါဝင်ပြီး တန်ချိန် ၁၀၀ သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တန်၃၀၀ ရှိနေပြီဟုဆိုသည်။
ယင်းအပြင် ခေါင်းလောင်းတော်ကြီးအား ၁၀၊ ၁၅ ရက်အတွင်း ကြိုချည်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကယ်၍ ခေါင်းလောင်းအား ကြိုးချည်ပြနိုင်ပါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကျပ်သိန်း ၅၀၀၀ အလှူခံသွားမည်ဖြစ်ကြောင်း ဦးစံလင်းက ပြောသည်။
“ ဓမ္မစေတီခေါင်းလောင်းရှိတယ်။ ဖော်ပေးမယ်။ တွေ့ရင် နိုင်ငံတော်သမ္မတက တစ်လစာထည့်၊ ဒေါ်အောင်ဆန်းစုကြည်က ပိုက်ဆံများနေတော့ သိန်း ၅၀၀၀ လောက် ထည့်နိုင်မယ်။ ဒုသမ္မတဦးမြင့်ဆွေကတော့ ပိုက်ဆံများတယ်။ သိန်း ၂၀၀၀ လောက်ထည့် အလှူခံမယ်။ ကျန်တဲ့ ဝန်ကြီးတွေကတော့ အားလုံးတစ်လစာထည့်။ ဒါက တွေ့မှ ပြောတာနော်။ ခေါင်းလောင်းကို ကြိုးချည်ပြီးမှ ပြောတာ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တစ်လစာထည့်။ ဒါ ကျွန်တော် တောင်းနေတာ မဟုတ်ဘူး။ အလှူခံနေတာ မဟုတ်ဘူး။ တွေ့မှ ကျွန်တော်ကြိုးချည်ပြီးမှ အလှူငွေ ထည့်ခိုင်းတာ။ ဒီဟာသည် ကမ္ဘာကျော်မဲ့ ခေါင်းလောင်း” ဟု ၄င်းကပြောသည်။
ဦးစံလင်းသည် ဓမ္မစေတီခေါင်းလောင်း ရှာပုံတော်ဖွင့်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ အထိရှိနေပြီဟု သိရသည်။ ၁၉၉၆ ခုနှစ် မှ ၂၀၁၈ အထိ ၇ ကြိမ်ဆောင်ရွက်ခဲ့ပြီး (၇)ကြိမ်တိုင်တိုင် ဦးစံလင်းက ကြိုးစားဆယ်ယူခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ ယခုအကြိမ်ဆိုလျှင် ၈ ကြိမ်မြောက် ဆယ်ယူနိုင်ရေး ကြိုးပမ်းနေခြင်းပင်ဖြစ်သည်။
ယခင် ခေါင်းလောင်ဆယ်ယူခဲ့စဉ်က အလှူငွေ စာရင်းရှင်းတမ်းအရ အလှူရှင်အားလုံး ၁၁၄ ဦး ရှိပြီး အလှူငွေပေါင်း ၁၃၄၇၅၈၅၅ ကျပ် ရရှိခဲ့ကြောင်း၊ ယင်းအလှူငွေများအနက်မှ အလှူငွေကို ပြန်လည်ထုတ်ယူခဲ့သည့် အလှူ ရှင်များရှိနေပြီး ပြန်လည် ထုတ်ယူခဲ့သည့်ငွေမှာ ၆၃၆၃၈၀၀ ကျပ် ရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အလှူရှင် ၅၇ ဦးတို့၏ လှူဒါန်းငွေ ၇၁၁၂၀၈၅ ကျပ် ကျန်ရှိနေသေးကြောင်း ဦးစံလင်းက ရှင်းပြသည်။
ယခု ထပ်မံဆယ်ယူမည့် ခေါင်းလောင်းဆယ်ယူရေး (ကြိုးချည်နိုင်သည့် အဆင့်)အတွက် ငွေကျပ် သိန်း ၅၀၀ အကုန်အကျခံမည်ဟု ဆိုသည်။
လင်းလင်းအောင်
News Watch
Saturday 17 February 2018
ရှေးဟောင်းသမိုင်းစာတွေမှာတော့ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဟာ တော်တော်လေးကို ကောက်ပြီး လိပ်ခွေနေတယ်လို့  ရေးသားကြပါတယ်။
ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သော ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ ? ? ?
တရားတော်နှင်အဆုံးအမများ 0
ဘုရားရှင် ဆံတော် ဘာကြောင့်အရှည်ထားရတာလဲ
ဒီမေးခွန်းကို စတင်မေးခဲ့သူက ဘာသာခြားတစ်ယောက်။
ကြက်သေသေပြီး ဆွံအခဲ့သူက ကျွန်တော်နဲ့ သူငယ်ချင်းတွေ။
သူကမေးတယ်…
“”ဘုရားရှင်က ချစ်သားရဟန်းတွေကျတော့ ဦးပြည်းခေါင်းတုံးနဲ့ ။သူကိုယ်တိုင်ကျတော့ ဆံတော်အရှည်နဲ့ကျတော့ သိပ်နည်းလမ်းမကျဘူးမဟုတ်လား။
စော်ကားချင်လို့ မေးတာမဟုတ်ပါဘူး။
ကြိုပြီးတောင်းပန်တာပါ။ သိချင်လို့ ပါ။
တကယ်လို့တပည့်ရဟန်းတွေကို ဦးပြည်းခောင်းတုံးနဲ့ဆိုရင် သူလည်း ဦးပြည်းခေါင်းတုံးဖြစ်သင့်တယ်မဟုတ်လား။
ဒါမှနည်းလမ်းကျမှာပေါ့””….တဲ့။
ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာစစ်စစ်ပါလို့  ရဲရဲကြီးကြွေးကြော်တဲ့ ကျွန်တော် အရှက်ရပြီ။
ကိုယ်လည်းတစ်ခါမှ ဒီလောက်နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစားမိခဲ့။
မေးသူကမေး။ ဖြေရမယ့်လူတွေက ဆွံ့အ။ နောက်ဆုံးတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့အတွက် မရေရာပဲ ဖြီးဖြန်းမဖြေချင်တဲ့အတွက် ရှက်ရှက်နဲ့ပဲ မသိဘူးလို့  ဝန်ခံလိုက်ရပါတယ်။
သူပြန်သွားတော့ စိတ်တိုတိုနဲ့ ဒီအဖြေကို မရရအောင် Web တွေမှာ မွှေနှောက်ရှာဖွေရင်း မထင်မှတ်ပဲ စာရေးဆရာတစ်ယောက်ရေးထားတာတွေ့ မိတာနဲ့ တစ်လက်စတည်း သူငယ်ချင်းတွေကို မျှဝေ ပေးလိုက်ပါတယ်။
ကျွန်တော်ကတော့ နားလည်လွယ်အောင် ရိုးရိုးရှင်းရှင်းပဲရေးမယ်နော်။
မြတ်စွာဘုရားရှင်က ရဟန်းသံဃာတွေအနေနဲ့ ဆံပင်အရှည်ထားရင် ဆံပင်ဖြီးသင်ခြင်း၊
ဆီလိမ်းခြင်း စတာတွေလုပ်နေရင် အပြင်ပန်း အလှအပတွေနဲ့ အချိန်ကုန်နေမှာစိုးလို့  ဆံပင်လက်နှစ်သစ်ထက် ပိုပြီးခွင့်မရှိဘူးလို့  တိတိကျကျသတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရားရှင်ကိုယ်တိုင်ဘာလို့ဆံပင်အရှည်ထားခဲ့သလဲ။
ဒီလိုပါ…
မြတ်စွာဘုရားရှင်က မဟာကရုဏာရှင်ကြီးဖြစ်ပါတယ်။
ခြေတော်ရာတောင် ခုနှစ်ဆူပဲချထားတော်မူပါတယ်။ဘာလို့ လဲဆိုတော့ ခြေတော်ရာကို နောက်လူတွေရှောင်ရ။နင်းမိရင်လည်း ငရဲကြီးမှာစိုးတဲ့အတွက်ပါ။
ဒီနေရာမှာ စကားစပ်မိလို့  ကျွန်တော်သိတာလေးတစ်ခုပြောပြချင်ပါတယ်။ဘုရားရှင်တိုင်း သွားတဲ့လမ်းမှာခြေတော်ရာမထင်ပါဘူး။ခြေတော်ရာချသင့်တဲ့နေရာမှသာ အဓိဋ္ဌန်ပြုပြီးချတော်မူပါတယ်။
ဒါခြေတော်ရာပဲရှိသေးတယ်နော်။
ဘုရားဖြစ်ပြီးတဲ့နောက်ကစလို့  မြတ်စွာဘုရားရဲ့ ဦးခေါင်းတော်ကို မကိုင်ကောင်းဘူးလေ။
မြတ်စွာဘုရားရဲ့ ဦးခေါင်းတော်ကိုင်ပြီး ဆံတော်ရိတ်သင်ဖို့ဆိုရင် အနည်းဆုံးတော့ မြတ်စွာဘုရားရဲ့ အမြင့်မှာနေရမယ်။မြတ်စွာဘုရားထက်မြင့်မြတ်တဲ့သူ
ဒါမှမဟုတ် ဆရာလည်း ဖြစ်ရမယ်လေ။မြတ်စွာဘုရားမှာ ဆရာမရှိတဲ့အပြင် မြတ်စွာဘုရားထက် မြင့်မြတ်တဲ့သူကရော ဘယ်သူရှိလို့ လဲ။နည်းနည်းတော့စဉ်းစားကြည့်ပါဦး။
မြတ်စွာဘုရားရှင်ကရောဘယ်သူ့ကိုများ သူ့ ဦးခေါင်းတော်ကိုင်ပြီး ဆံပင်ရိတ်သင်စေမှာလဲ။ဘယ်သူကရော ရိတ်သင်ရဲမှာလဲ။
နောက်ပြီး မြတ်စွာဘုရားရှင် ဆံတော်ပယ်ပြီးကတည်းက ဆံတော်က လက်နှစ်သစ်ပဲရှိပါတယ်။
အဲ့လက်နှစ်သစ်ကနေပြီး သဘာဝအတိုင်း အခွေလေးတွေ လိပ်ထွက်လာပြီး လက်ျာရစ်သူ့ အစုနဲ့သူ တည်နေပါတယ်။ဦးထိပ်ပိုင်းဆံတော်တွေကတော့ သင်းကျစ်လို လက်ျာရစ်တည်နေပါတယ်။
ဒါဆို ဘုရားရှင်က ဘာလို့ တန်ခိုးတော်နဲ့  ဆံတော်မရိတ်လဲ.. မေးစရာရှိလာပါလိမ့်မယ်။
မြတ်စွာဘုရားက လူသားစစ်စစ်ဘုရားဖြစ်တဲ့အတွက်လူသားတစ်ယောက်လို သဘာဝကျကျ နေထိုင်တော်မူပါတယ်။
တပည့်သာဝကတွေကို တန်ခိုးပြခြင်းကို အားပေးတော်မမူတဲ့အပြင် ကိုယ်တိုင်လည်း တန်ခိုးပြခြင်းကို ရှောင်ရှားတော်မူပါတယ်။
ဒါ့ကြောင့် ဆံတော်မရှည်စေနဲ့လို့  တန်ခိုးတော်နဲ့လုပ်တော်မမူပါဘူး။မဟာလူသားလို့  တင်စားအပ်တဲ့ ဘုရားရှင်က လူသားတစ်ယောက်လို
ပဲသဘာဝကျကျနေထိုင်တော်မူပါတယ်…လို့ ဒီအကြောင်းလေးကို ဂျာမန် ဘုန်းတော်ကြီးတစ်ပါးရဲ့ 
Good Answers for Good Questions ဆိုတဲ့ကမ္ဘ္ဘာကျော်စာအုပ်ထဲမှာ ဒီလိုလေး ရေးပြထားပါတယ်။
Upon taking up the homeless life,
he cut his hair with knife. Because his
hair was so curly,it spiraled onto corkscrew curls that sat close to
his head.
နောက်ထပ် မြတ်ဗုဒ္ဓနဲ့ ပတ်သက်ပြီး နှိုက်နှိုက်ချွတ်ချွတ်အသေးစိတ်သိထားတာလေးများရှိရင်လည်း ပြန်လည် မျှဝေပေးပါဦးမယ်။
#မင်းညိုသွေး
Credit : ဖိုးသူတော်
#ပါမောက္ခချုပ် ဆရာတော်ကြီး၏ အဖိုးတန်သော အဖြေများ#
''အမျိုးသမီးများရဲ့ထဘီတန်းအောက်ကို ဝင်ရင်
ဘုန်းနိမ့်ပါသလား ဘုရား""
''နိမ့်တယ်ထင်ရင် နိမ့်ပါတယ် ၊
မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး''
ဘာကြောင့်လဲဆိုတော့ ထဘီကြောင့်
နိမ့်တာမဟုတ်ပဲ ''ထင်''ဆိုတဲ့ ဥပါဒါန်ကြောင့်သာ
နိမ့်သွားတယ်လို့ထင်တာပါ...
ပိတ်စတစ်ခုပဲဖြစ်တဲ့ ထဘီ လိုနူးညံ့တဲ့ပိတ်စ
တစ်ခုဟာ သင့်ကိုဘယ်လိုများဒုက္ခရောက်စေမလဲ။
ဘုန်းနိမ့်တယ်ဆိုတာက သင်ထင်သလိုမဟုတ်ပြန်ဘူး
''ဘုန်းနိမ့်ပြီဟဲ့''ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feelingဘက်ကိုရောက်သွားတယ်။
စိတ်အလိုမကျဖြစ်စေတယ်... စိတ်ကို
နောက်ကျိစေတယ် ၊ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ''
''ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား''
''အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်ဝင်ဖို့ တော့
စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့  ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့  မယူဆပါဘူး။ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန်းကြောင့် ကျဆင်းစရာ မရှိပါဘူး''
''သင်္ကန်းဟာ မြင့်မြတ်ပါသလား၊ဘုရား.''
''သင်္ကန်းကမြင့်မြတ်တာမဟုတ်ပဲ
သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က
မြင့်မြတ်နေတာပါ'ဒကာ။
''ဘာရည်ရွယ်ချက်မို့ လို့ လဲဘုရား''
''ရောင့်ရဲ ခြိုးခြံလိုခြင်း''
''တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမ အောက်ပိုင်းဝတ်တဲ့ ထဘီတန်းအောက်ဝင်ရင်
ဘုန်းနိမ့်တယ်လို့ 
ကြားဘူးထားပါတယ်ဘုရား''
''ဘုန်းဆိုတာကို ရှင်းမှ ရတော့မယ်ဒကာ ၊
ဘုန်းဆိုတာအကျိုးသဘောတရားပါ။ အစွမ်းအစလည်းဖြစ်တယ်။
အားသာချက်လည်းဖြစ်တယ်ဒကာ။
အကျိုးသဘောတရားပေါ့။
ဒါဟာအကြောင်းတရားလုပ်ဆောင်ချက်ကို
မူတည်ပြီး အကျိုးတရား ဘုန်းကံရယ်လို့ 
ဖြစ်လာတယ်။
အလေးမခြင်း အကြောင်းဟာ
သန်မာခြင်းအကျိုးကိုရမယ်။
သန်မာခြင်းဟာ ဘုန်းပဲ။
ဖော်ရွေပျူ ငှာခြင်းအကြောင်းဟာ
လူချစ်လူခင်များခြင်း အကျိုးကိုရမယ်။
ဒီလူချစ်လူခင်များခြင်းဟာ ဘုန်းပဲ။
ထဘီတန်းအောက်ဝင်ခြင်းအကြောင်းကြောင့်
ဘယ်အကျိုးများ ထိခိုက်စေသလဲ။
ဒကာတွေးကြည့်ပါ။ရက်ကြာကြာဝတ်ပြီး မလျှော်ရသေးတဲ့ ထဘီဆိုရင်တော့ အနံ့ 
အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့''
''ဘုန်းဘုန်း ခုနကပြောတယ် နိမ့်တယ်ထင်ရင်
နိမ့်တယ်ဆို''
''ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး နိမ့်တယ်လို့  ထင်မိတဲ့ ဥပါဒါန်အကြောင်းကြောင့်ပဲ။
စိတ်မသက်မသာခံစားရတယ်မဟုတ်လား...
ဒါ သက်တောင့်သက်သာစိတ် ပျက်စီးသွားခြင်းပေါ့...
စိတ်သက်တောင့်သက်သာဖြစ်တာ မကောင်းဘူးလား''
''ကောင်းပါတယ်ဘုရား''
''မိမိပိုင်ဆိုင်ထားသော ကောင်းသောအရာတစ်ခု ပျက်စီးယုတ်လျော့ခြင်းဟာ ဘုန်းနိမ့်ခြင်းပါပဲ''
''ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာဘုရား... အရှင်ဘုရားလည်း သိမှာပါ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ''
''ဗုဒ္ဓက ကာလာမသုတ်ကိုဟောတယ် ရှေးကပြောတဲ့စကားမို့ လို့ လည်း
အမှန်မယူလေနဲ့ တဲ့'
''ရှေးထုံးကပယ်သင့်သလားဘုရား''
''ပယ်သင့်ခြင်းမပယ်သင့်ခြင်းဟာ ရှေးထုံးတွေ
ဒီနေ့ ခေတ်ထုံးတွေပေါ်မှာမမူတည်ပါဘူး
အမှန်အမှားပေါ်သာမူတည်ပါတယ်
မှန်ရင်ယူမယ် မှားရင်ပယ်မယ်
အမှန်အမှားကို ခွဲခြားဖို့  သင့်မှာ ဥာဏ်ရည်ရှိတယ် ၊
ဆင်ခြင်နိုင်စွမ်းလည်းရှိတယ်
သင်တွေးကြည့်ပါ ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်းအစမျိုး ကျဆင်းနိုင်ပါသလဲ''
''မရှင်းတာတွေမေးဦးမယ်ဘုရား''
''မေးပါ ဒကာ''
''တပည့်တော် တစ်နေ့ ကားစီးတော့ ဘုန်းကြီးတစ်ပါးဘေးမှာ ထိုင်ဖြစ်တယ် ၊ အဖွားအို တစ်ယောက်တက်လာတော့ ကျနော်ကနေရာပေးတယ် အဖွားအိုက ငြင်းတယ် ၊
ဘုန်းကြီးဘေးမို့ မထိုင်ရဲဘူးတဲ့ဘုရား''
ကားပေါ်မှာ သံဃာတော်ကို ဦးစားပေးတဲ့အယူအဆကို မှန်တယ်လို့  အရှင်ဘုရားမြင်မိလား''
''ထိုင်ခြင်း ထခြင်းနှစ်မျိုးမှာ ထိုင်ခြင်းက ပိုသက်သာတယ်ဒကာ
ထခြင်းဟာ ပို အားစိုက်ရတယ်
ဒီလိုဆိုတော့ အင်အားနည်းပါးသူဟာ ထိုင်ဖို့  ပိုလိုအပ်တယ်....
ဒါကြောင့် အင်အားနည်းသူကို ဦးစားပေးရမယ်...
အကယ်၍အင်အားရှိသူချင်း ယှဉ်လာရင် အိနြေ္ဒပိုထိန်းရသူကို ဦးစားပေးမယ်... ကားအလှုပ်မှာ ယိုင်ထိုးနေမယ် ဆိုရင်အိနြေ္ဒထိပါတယ်
သဘောက ကလေးချော်လဲတာ ရုပ်မပျက်ပေမယ့် လူကြီးချော်လဲတော့ ရုပ်ပျက်တယ်
ဒါကြောင့် ကျန်းမာရေးကြောင့် အင်အားနည်းသူ အသက်အရွယ်ကြောင့်အင်အားနည်းသူကို ဦးစားပေးပြီးရင် အိနြေ္ဒဆောင် ရဟန်းသံဃာကိုလည်း ဦးစားပေးသင့်ပါတယ်''
''ရဟန်းထက် ပိုဦးစားပေးရတာ ရှိတဲ့သဘောပေါ့''
''အကြောင်းအရာပေါ်မူတည်ပြီး ဗုဒ္ဓထက်ကို ပိုဦးစားပေးရတာတွေ ရှိပါတယ်... အားလုံးဟာ ဆင်ခြင်တုံတရားနဲ့  တွေးရင် အဖြေထွက်ပါတယ်ဒကာ''
''ဘုန်းကြီးပုံစံက ရှေးရိုးစွဲ ဗုဒ္ဓဘာသာနဲ့  မူကွဲနေသလိုပဲ''
''ကွဲဖို့ လည်း ကြိုးစားခြင်းမဟုတ်သလို တူဖို့ လည်း ကြိုးစားနေခြင်းမဟုတ်ပါဒကာ
ရှေးရိုးကို စွဲပြီဆိုရင် ဗုဒ္ဓဘာသာ
ရယ်လို့ မခေါ်ပါဘူး...
ဘာကိုမှ စွဲနေလို့ မရဘူးဒကာ
ဘုန်းဘုန်းတို့ က ထေရဝါဒဆိုတဲ့ ခေါင်းစဉ်အတွင်းမှာ နာမည်တပ်ခံထားရတယ်...
ဒကာက ဘုန်းဘုန်းလို့ ခေါ်တယ်
ဒီပညတ်တွေကို အသည်းအသန်
ငြင်းဆန်ဖို့ မလိုလို့  ဒီအတိုင်း လက်ခံထားတယ်... ဇာတကဝတ္ထုတွေ ဇာတ်ကြီးဆယ်ဘွဲ့  တွေသင်ကြားရတယ်...
''ဒါကို သင်ကြားရခြင်းကို ရှေးရိုးစွဲပါလို့ 
လာပြောလို့ မရဘူး
အကြောင်းအရာကိုတော့ တူညီစွာသင်ခဲ့ရတယ်
သဘောတရားကိုတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားနဲ့  ယူပါတယ်...
မဟာဇနက တကယ်လက်ပစ်ကူးခဲ့မကူးခဲ့ဆိုတာကို ဘုန်းကြီးမတွေးဘူး
ဘာ messageပေးသလဲဆိုတာကို ဘုန်းကြီးယူတယ်...
''မသေမချင်း အလျှော့မပေးနဲ့  ''ဆိုတဲ့ message....
ဝမ်းဝအောင်စားတယ်... ခါးဝတ်ကို ရေမဝင်အောင် ဆီသုတ်တယ် ခါးဝတ်ကို သက်ကယ်ဘောလို လုပ်ပြီး ရှင်သန်ခွင့်ရှိသမျှ ရှင်သန်ဖို့  ကြိုးစားတယ် မေခလာနဲ့  တွေ့ တာ မတွေ့ တာနောက်ထား... သင်္ဘောပေါ်မှာ ဇနက အသက်အရှည်ဆုံးပဲမဟုတ်လား
survival ရနိုင်သမျှ ရအောင် ရှင်သန်ရဲရမယ်...
သုတ္တံတွေဟာ ဥပမာဆောင်ပြီး ဟောတဲ့တရားပါ
အီစွပ်ပုံပြင်တွေဟာ တကယ့်ဖြစ်ရပ်မဟုတ်သည့်တိုင် ယူစရာ messageတွေရှိရဲ့မဟုတ်လားဒကာ''
''ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက မဟာဇနကဇာတ်ကို တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့မတွေးဘူးဆိုတော့ ဒီစကားတာဝန်မကြီးဘူးလားဘုရား''
''ဗုဒ္ဓဘာသာမှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကိုယုံရမယ်ဆိုတဲ့ တာဝန်ရှိမနေဘူးဒကာ
ယုံခြင်းမယုံခြင်းဟာ မိမိအခွင့်အရေး
ယုံခြင်း၏ကောင်းကျိုး လည်းမိမိစံ
ယုံခြင်း၏ဆိုးကျိုးလည်း မိမိခံ
ဒါမျှတပါတယ်...
လေ့လာကြည့်ပါ
ကိုယ်ယုံတာကို သူများလည်းယုံစေလိုတဲ့ အရေးအသားတွေမြင်ရမယ်
ကိုယ်ကြည်ညိုရာကို သူများလည်း
ကြည်ညိုစေလိုတဲ့ အရေးအသားတွေမြင်ရမယ်
ဒါဟာ အနုမာနသဘောလည်းဖြစ်မယ်။
ကိုယ့်ဘာသာဝင်ကို များစေချင်တဲ့ လောဘလည်း
ဖြစ်မယ်။ဒါမှမဟုတ် ကောင်းရာသို့  အကြံပြု လိုတဲ့ မေတ္တာလည်းဖြစ်မယ်...။
အတ္တာဟိအတ္တနောနာထော
သင်ဘယ်လိုယူမလဲ ဘယ်လိုဆင်ခြင်မလဲ။
ဒါသင့်အပေါ်ပဲမူတည်တယ်''
''တင်ပါ့ဘုရား''
နားလည်ပါပြီ ဘုရား... ။
သာဓု သာဓု သာဓု.......... ။
{.si thu}.error}
#credit
NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် မေးခွန်းထုတ်လိုက်ပြီ..
နှစ်ပေါင်းများစွာ
ပြည်ထောင်စုလည်းနစ်နာ
လူထုလည်းနစ်နာ နိုင်ငံလည်းနစ်နာခဲ့ရတဲ့
ကျမတို့နိုင်ငံဟာ
နောက်ထပ် ဘယ်အချိန်ထိ
မညီညွတ်တဲ့နိုင်ငံဘဝနဲ့
နေ နေကြဦးမှာလဲ....
နောက်ထပ် ဘယ်အချိန်ထိ
စောင့်ဆိုင်းနေကြဦးမှာလဲ...
လက်နက်ကိုင်ပဋိပက္ခတွေကို
စတင်ခဲ့ကြတဲ့သူတွေကတော့
အခုမရှိကြတော့ပါဘူး...
အမွေဆိုးအဖြစ်ထားရစ်ခဲ့တဲ့
ဒီပဋိပက္ခစစ်မီးတွေကိုပဲ
သယ်ဆောင်ပြီး အနာဂတ်ကို
ကျမတို့တစ်တွေက
အမွေဆိုးပေးခဲ့ကြမှာလားဆိုတာ
မိမိတို့ကိုယ်မိမိတို့ ပြန်ပြီး
မေးခွန်းထုတ်ကြဖို့ အချိန်တန်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်
Pe Tar
သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို သေဒဏ်ပေးနိုင်ရေးဥပဒေကြမ်း ယခုလအတွင်း လွှတ်တော်တင်မည်
FEB 17,2018
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ချမှတ်နိုင်ရေးအတွက် လက်ရှိ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ပြင်ဆင်ရေးဥပဒေကြမ်းကို ဖေဖော်ဝါရီလအတွင်း လွှတ်တော်တင်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက ပြောသည်။
ရာဇသတ်ကြီးဥပဒေတွင် ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်သူများအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်များသည် ပြည့်စုံလုံလောက်မှုမရှိသည့်အတွက် လွှတ်တော်တွင်တင်ပြကာ ဥပဒေအဖြစ် ပြဋ္ဌာန်းရန်လိုအပ်ကြောင်း၊ ယခုရက်ပိုင်းတွင် သက်ငယ်မုဒိမ်းမှုများအဖြစ်များနေကြောင်း ဒေါ်ခင်စောဝေက ပြောသည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဒေါ်ခင်စောဝေသည်အသက် ၁၆ နှစ်အောက် မိန်းကလေးတဦးကို မုဒိမ်းမှုကျူးလွန်လျှင် တသက်တကျွန်းဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်ရေးနှင့် အုပ်စုဖွဲ့ပြီး မုဒိမ်းမှုကျူးလွန်ပါက သေဒဏ်ချမှတ်ရမည်ဟု လက်ရှိ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ကို ပြင်ဆင်နိုင်ရေးတင်ပြခဲ့သော်လည်း ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ဥပဒေလုပ်ထုံးလုပ် နည်းနှင့်မညီညွတ်ဟုဆိုကာ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခံခဲ့ရသည်။
ရာဇသတ်ကြီးဥပဒေတွင် သက်ငယ်မုဒိမ်းမှုများအတွက် သီးသန့်ဥပဒေမရှိကြောင်း၊ ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် လက်ရှိရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ တွင် မုဒိမ်းမှုကျူးလွန်သူကို တသက်တကျွန်း(၂၀-နှစ်)ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရ သည်။
၂၀၁၇ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှု ၂၂၆ မှု၊ သက်ကြီးမုဒိမ်းမှု ၇၉ မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ်ထက် စုစုပေါင်း ၃၀၅ မှု ပိုမိုဖြစ်ပွားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး ဖြစ်ပွားခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလတို့အတွင်း သက်ငယ်မုဒိမ်းမှုများမှာ အဖြစ်များလျက်ရှိပြီး ဥပဒေတွင် တိတိကျကျသေဒဏ်ပြဋ္ဌာန်းပြီး လက်တွေ့အကောင်အထည်ဖော်မည်ဆိုပါက လျော့နည်းသွားမည်ဟု ဥပဒေပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများက ယုံကြည်နေကြောင်း သိရသည်။
ဝင်းဇော်နိုင်
====================
News Watch
မူလနေရပ်ပြန်မည့် ဘင်္ဂါလီအယောက် ၈,၀၀၀ ကျော်ပါဝင်သည့် အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်ကို လွှဲပေး
17.2.2018
ဘင်္ဂလားဒေ့ရှ်ကနေ မူလနေရပ်ပြန်လာကြမယ့် ဘင်္ဂါလီ ဒုက္ခသည် ၈,၀၃၂ ဦး၏ အမည်စာရင်းများကို ဘင်္ဂလားဒေ့ရှ် အစိုးရ၀န်ကြီးတစ်ဦးက ဖေဖော်ဝါရီ ၁၆ ရက်မှာ မြန်မာ ပြည်ထဲရေးဝန်ကြီးထံကို လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နှစ်နိုင်ငံအကြား ရရှိထားတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ မူလနေရပ်ပြန်ပို့ရေး သဘောတူညီချက်ကို စတင်ဖော်ဆောင်ဖို့အတွက် လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။
ယခု ပေးအပ်လိုက်တဲ့ စာရင်းထဲမှာတော့ ဘင်္ဂါလီမိသားစု ၁,၆၇၃ စုက မိသားစုဝင်တွေ ပါဝင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောပါတယ်။ ဒီစာရင်းထဲမှာ ပါဝင်နေသူတွေရဲ့ အမည်စာရင်းကို ဘယ်လိုမျိုး ရွေးချယ်ခဲ့လဲဆိုတာကိုတော့ ၎င်းက ရှင်းပြသွားခြင်း မရှိပါဘူး။
၎င်းအနေနဲ့ ယခု နေရပ်ပြန်ပို့ခံရမယ့်သူများ စာရင်းကိုတော့ ပြည်ထဲရေး
ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ထံ ပေးအပ်လိုက်တာဖြစ်တယ်လို့ Khan က ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ ဒုက္ခသည် လွှဲပြောင်းလက်ခံရေးနဲ့ နှစ်နိုင်ငံနယ်စပ်ကိစ္စတစ်ချို့ ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
" မြန်မာဘက်ကလည်း ဒီ နာမည်စာရင်းကို လက်ခံခဲ့ပါတယ်၊ ဒါကို တကယ် လုပ်ဆောင်သွားနိုင်ဖို့ ကျွန်တော်တို့ဆီက အကူအညီကို သူတို့ တောင်းခဲ့တာပါ" ဟု Khan က ပြောပါတယ်။
လာမယ့် အင်္ဂါနေ့မှာတော့ ကနဦးအဆင့်အနေနဲ့ နေရပ်ပြန်ပို့ခံရမယ့် လူပေါင်း ၆,၅၀၀ ကို မြန်မာအစိုးရတာဝန်ရှိသူတွေက ရွေးချယ်သွားမှာဖြစ်တယ်လို့ Khan က ပြောသွားပါတယ်။
ယင်း ဒုက္ခသည် နေရပ်ပြန်ပို့ရေးလုပ်ငန်းကိုတော့ ဘယ်အချိန်မှာ လက်တွေ့စတင်သွားမလဲဆိုတာကိုတော့ ၎င်းက တိတိကျကျ ပြောမသွားပါဘူး။
#Mizzima
ဖလော်ရီဒါ အထက်တန်းကျောင်းပစ်ခတ်မှုကို ဆယ်ကျော်သက်က ဝန်ခံထွက်ဆို
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဆယ်ကျော်သက်က ပစ်ခတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁၄ ရက်က ဖလော်ရီဒါပြည်နယ် Parkland မြို့ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းကို ရောက်ရှိလာခဲ့ပြီးနောက် ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်ခဲ့ကြောင်းနဲ့ ထို့နောက် ၎င်းရဲ့သေနတ်ကိုစွန့်ပစ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အသက် ၁၉ နှစ်အရွယ် နီကိုလက်စ်ခရုဇ်က ပြောခဲ့တယ်လို့ တရားရုံးမှတ်တမ်းအရ သိရပါတယ်။
ခရုဇ်ကို ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး တင်ကူးကြံစည်ပြီး လူသတ်မှု ၁၇ ခု ကျူးလွန်မှုဖြင့် စွဲချက်တင်ထားပါတယ်။ ပစ်ခတ်မှုအတွင်း လူ ၁၇ ဦး သေဆုံးပြီး အခြား လူ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အစောပိုင်းက လူ ၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း သတင်းတွေက ဖော်ပြထားခဲ့ပါတယ်။
ဖလော်ရီဒါ အထက်တန်းကျောင်း ပစ်ခတ်မှုဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း အမေရိကန် စာသင်ကျောင်း ပစ်ခတ်မှုတွေအနက် လူသေဆုံးမှုအများဆုံးလည်း ဖြစ်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ ခရုဇ်ကို အဆိုပါ အထက်တန်းကျောင်းက စည်းကမ်းမလိုက်နာမှုကြောင့် ယမန်နှစ်အတွင်း ကျောင်းထုတ်ခဲ့ကြောင်း သိရပါတယ်။ လူဖြူ လူမျိုးကြီးဝါဒီအုပ်စုတစ်ခုရဲ့ အဖွဲ့ဝင်လည်းဖြစ်ခဲ့တဲ့ ခရုဇ်နဲ့ ပတ်သက်ပြီး အထက်တန်ကျောင်းမှ ဆရာ၊ ဆရာမတွေက သတိပေးမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် ခရုဇ်နဲ့ ပတ်သက်ပြီး သတင်းပေးမှုတစ်ခုကိုလည်း ယမန်နှစ်အတွင်း လက်ခံရရှိထားခဲ့ကြောင်း FBI က ဝန်ခံပြောကြားထားပါတယ်။ ခရုဇ်က YouTube မှာ 'ပရော်ဖက်ရှင်နယ် စာသင်ကျောင်းပစ်ခတ်သူ ဖြစ်လာမယ်' ရေးသားထားမှုကို တွေ့ရှိခဲ့သူတစ်ဦးက FBI ထံ ဆက်သွယ်ပြီး သတင်းပေးခဲ့တာ ဖြစ်ပါတယ်။
ထိုစဉ်က FBI အနေနဲ့ YouTube မှာ ရေးသားထားမှုကို စစ်ဆေးမှုပြုလုပ်ခဲ့ပေမဲ့ မည်သူ ရေးသားခဲ့ကြောင်း သိရှိရတဲ့အထိ စုံစမ်းစစ်ဆေးနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
ဖေဖေါ်ဝါရီ ၁၄ ရက် အထက်တန်းကျောင်း လျှောက်လမ်းနေရာနဲ့ ကျောင်းဝင်းအတွင်းရှိနေခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို AR-15 ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ခရုဇ်က ပြောပါတယ်။
သေနတ်ကျည်ကပ်အပိုတွေကိုလည်း အနက်ရောင်လက်ဆွဲအိတ်တစ်လုံးနဲ့ ကျောပိုးအိတ်တစ်လုံးထဲမှာ ထည့်သွင်းယူဆောင်လာခဲ့ ၎င်းက ပြောခဲ့ပါတယ်။
အထက်တန်းကျောင်းမှာ ပစ်ခတ်ပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးကြသူတွေနဲ့အတူ ရောနှောပြီး လွတ်မြောက်ရန် သေနတ်ကို စွန့်ပစ်ခဲ့ကြောင်း ခရုဇ်က ထွက်ဆိုခဲ့တယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ထို့နောက် ခရုဇ်ဟာ အခင်းဖြစ်နေရာကနေ မည်သူမျှ သတိမထားမိဘဲ လွတ်မြောက်သွားခဲ့ပြီး Walmart အရောင်းဆိုင်နဲ့ McDonald's စားသောက်ဆိုင်တို့ကို သွားရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့က ၎င်းကို ရှာတွေ့သွားကာ ပစ်ခတ်မှုအပြီး တစ်နာရီအကြာမှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
Duwun
========
#ST
🇲🇲MSK
Friday 16 February 2018
(ဗန်းမော်သိန်းဖေ)
............................................
ကျေးဇူးတင်ပါတယ်။
Page: fb.me/DantaTravel
............................................
[Unicode]
တခါမှာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကို သတင်းထောက်တွေက မေးခွန်းတခု မေးတယ်။
မေးခွန်းက လွယ်လွယ်လေးပါ။ တမိုင်မှာ ပေပေါင်း ဘယ်လောက်ရှိသလဲတဲ့။ အိုင်းစတိုင်း မဖြေနိုင်ပါဘူး။ မူလတန်းကျောင်းသားတယောက် လွယ်လွယ်ကူကူ ဖြေနိုင်တာလေးကိုတောင် ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး မဖြေနိုင်ဘူးဆိုပြီး သတင်းထောက်တွေက သူ့ကို ဟားတိုက်လှောင်ပြောင်ကြတယ်။ အိုင်းစတိုင်းက သူတို့ကို ခုလို ပြန်ပြောလိုက်ပါတယ်။
"ဒီမေးခွန်းရဲ့ အဖြေကို ငါ မသိဘူး။ သိစရာလည်း မလိုဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအဖြေကို သင်္ချာစာအုပ်မှာ တမိနစ်အတွင်း ရှာလို့ရတယ်။ ဒီလို လွယ်လွယ်ကူကူ ရှာလို့ရတဲ့ အကြောင်းအရာကို ငါ့ခေါင်းထဲမှာ ဘယ်တော့မှ ထည့်မထားဘူး"တဲ့။
ကမ္ဘာပေါ်မှာ မော်တော်ကားကို ပထမဆုံး တီထွင်ထုတ်လုပ်ခဲ့တဲ့ မီလျံနာသူဌေးကြီး ဟင်နရီဖို့ဒ်ကို ချီကာဂိုထရီဘွန်းသတင်းစာကြီးက "နလပိန်းတုံး" လို့ ရေးသားဖေါ်ပြခဲ့လို့ သူဌေးကြီးဖို့ဒ်က သတင်းစာတိုက်ကို တရားစွဲပါတယ်။ တရားရုံးတော်ရဲ့ တရားခွင်မှာ သူဌေးကြီးက သတင်းစာတိုက်က သတင်းထောက်တွေကို သူ့ကို 'နလပိန်းတုံး' 'ဘာမှ မသိသူ' လို့ ရေးသားဖေါ်ပြခဲ့တာ မှန်ကန်ကြောင်းကို သက်သေပြခိုင်းပါတယ်။ သတင်းထောက်တွေက သူဌေးကြီးကို လူတိုင်းနီးပါး ဖြေနိုင်တဲ့ ခုလို မေးခွန်းလေးတွေ မေးကြတယ်။
"အမေရိကန်နိုင်ငံရဲ့ ပထမဆုံးဗိုလ်ချုပ်ကြီးဟာ ဘယ်သူလဲ"
"အမေရိကန် ပြည်တွင်းစစ် ဘယ်နှခုနှစ်မှာ စတင်ဖြစ်ပွားခဲ့သလဲ" စတာတွေပါ။
သူဌေးကြီးဟာ ငယ်စဉ်က ကျောင်းမနေခဲ့ဖူးလို့ အဲဒီမေးခွန်းတွေကို မဖြေနိုင်ပါဘူး။ သတင်းထောက်တွေကလည်း မေးခွန်းတွေ ထပ်မေးကြတယ်။ သူတို့မေးခွန်းတွေကို မဖြေနိုင်တဲ့ သူဌေးကြီးဟာ စိတ်တိုလာပြီး သူတို့ကို ခုလို ပြောလိုက်ပါတယ်။
"မင်းတို့ မေးတဲ့ မေးခွန်းတွေကို ငါ မဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမေးခွန်းတွေကို ၂ မိနစ်အတွင်း ဖြေနိုင်ကြတဲ့ လူတွေ ငါ့မှာ ရှိတယ်။ မင်းတို့ အဲဒီအဖြေတွေကို သိချင်ရင် ငါ အခု ခေါ်ပေးမယ်" တဲ့။
အိုင်းစတိုင်းနဲ့ ဟင်နရီဖို့ဒ်တို့ဟာ အထွေထွေ ဗဟုသုတ သတင်းအချက်အလက်တွေကို ခေါင်းထဲထည့်ထားဖို့ စိတ်မဝင်စားကြဘူး။ သူတို့ စိတ်ဝင်စားကြတာက သတင်းအချက်အလက်တွေကို ဘယ်လို အသုံးချမလဲဆိုတာပါ။
ဒီအဖြစ်အပျက်နှစ်ခုဟာ ကျွန်တော်တို့ကို မှတ်သားစရာ အသိနှစ်ခု ပေးခဲ့ပါတယ်။ အဲဒါတွေက
(၁) ဦးနှောက်ဆိုတာ အချက်အလက်တွေကို သိုမှီးသိမ်းဆည်းထားရမယ့်နေရာ မဟုတ်ပါ။ စဉ်းစားတွေတောအကြံထုတ်ရမယ့် နေရာပါ
(၂) စာအုပ်ထဲမှာ လွယ်လွယ်ကူကူ ရှာလို့ ရတာဲ့ အချက်အလက်တွေကို ခေါင်းထဲမှာ သိမ်းမထားပါနဲ့။ မလိုတာတွေ မှတ်ထားတာများလာရင် ဦးနှောက်ဟာ မတွေးတတ် မစဉ်းစားတတ်တော့ဘူး။
(ဗန်းမော်သိန်းဖေ)
............................................
Travelling is good for the heart, mind and soul.
အပန်းဖြေ ခရီးသွားမယ်ဆို ...
Danta Travel (ဒန်တခရီးသွား) ကို သတိရပါ။
ကျေးဇူးတင်ပါတယ်။
Danta Travel (ဒန်တခရီးသွား)
Page: fb.me/DantaTravel
Website: www.dantatravel.com
............................................
Credit: Aung Phyo Khine
Via.Partick Minn
ပတ်စ်ပို့စ်နှင့် မဲ့ဆောက်မြဝတီလမ်းကြောင်းမှ နေရပ်ပြန်မည့် မြန်မာပြည်သားများအတွက် အထူးသတိပေးချက် ...
ပတ်စ်ပို့စ်ကိစ္စဖြင့်ဖြစ်စေ..အလည်ပြန်သည်.ဖြစ်စေမည်သည့်အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ..မဲ့ဆောက်မြဝတီလမ်းကြောင်းမှနေရပ်ပြန်မည်ဆိုပါက တောမောရုံး၌တုံးကြီးတံဆိပ်ထုပြီး
ပြန်ကြပါရန်နှင့် ထို့သို့တံဆိပ်တုံးထုပြီးပြန်ရာ၌ တရားဝင်မဲ့ဆောက်မြဝတီ တံတားပေါ်မှသာ ဖြတ်သန်းပြီး သွားကြရမည်ဖြစ်ပါသည်။ထိုသို့မဟုတ်ဘဲ တရားမဝင် ဘောဂိတ်
ရေလမ်းမှ ဖြတ်သန်းပြီး လှေဖြင့်ကူးမည်ဆိုပါက အစစ်အဆေး
အဖမ်းဆီးခံရလျှင် မိမိတို့ပတ်စ်ပို့သည် လုံးဝ ထိုင်းနိုင်ငံအတွင်း
လာရောက်အလုပ်လုပ်ကိုင်ခြင်း လည်ပတ်ခြင်းများကို ရာသက်ပန်
ပိတ်ပင်ခံရမည် ဖြစ်ပါကြောင်း အထူးသတိပေးအပ်လိုက်ရပါသည်။
မဲ့ဆောက်လှေဂိတ်မှနေ၍ ထိုင်းတောမောများ..ရဲများ..စစ်သားများသည် ထိုသို့
တရားမဝင်လှေဆိပ် ဘောဂိတ်မှနေပြီးကူးလာသူများအား စောင့်ပြီးဖမ်းစီးစစ်ဆေးရာ နေရပ်ပြန်မြန်မာလုပ်သား ၂၀ဦးသည် ပတ်စ်ပို့စ်များရှိပါလျှက်
တံတားပေါ်မှ တရားဝင် ကူးသန်းမှု မပြုသောကြောင့် ဖမ်းစီးစစ်ဆေးခံရပြီး ပြည်နှင်ဒဏ်
ပေးခံခဲ့ရသည်။
ထို့ကြောင့် နေရပ်ပြန်မြန်မာပြည်သားများပတ်စ်ပို့ တုံးကြီးထုပြီး
တရားဝင်မဲ့ဆောက်မြဝတီ တံတားပေါ်မှ ဖြတ်သန်းကြရန်
အထူးသတိပေးလိုက်ရပါသည်။
အားလုံးသိစေရန်များများရှယ်ယာပေးကြပါခင်ဗျာ။
CP. photo-Kyaw Wanna Ko
ရဲမင်း(RAKSTHAI foundation)
မူးယစ်ဆေးသုံးစွဲသူများအား လူမှုရေးပြစ်ဒဏ်သာချမှတ်မည့် မူးယစ်ဥပဒေကို သမ္မတလက်မှတ်ရေးထိုးထုတ်ပြန်
==================
==================
မူးယစ်ဆေးသုံးစွဲ သူများအား ထောင်ဒဏ်မပေးဘဲ လူမှုရေးပြစ်ဒဏ်သာ ချမှတ်မည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို သမ္မတက ဖေဖော်ဝါရီ၁၅ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
‘‘မူးယစ်ဆေးဝါး သုံးစွဲသူ တွေကို ထောင်မချတော့ဘူး။ လူမှုရေးပြစ်ဒဏ်ပေးတဲ့ ပုံစံမျိုး ဥပဒေပြုထားတယ်။ ပထမဦးဆုံး ကျွန်တော်တို့က ထိန်းသိမ်းပြုပြင် ရေး သင်တန်းကျောင်းတွေပို့မှာ ပါ။ အဲဒီမှာနေဖို့ မလိုက်နာဘူးဆို ရင်တော့ လူမှုရေးပြစ်ဒဏ်ကို ပေး မှာဖြစ်ပါတယ်’’ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အ တွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောသည်။
ယခင်ပြဋ္ဌာန်းထားသည့်၁၉၉၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅ တွင် မူးယစ်ဆေးဝါးသုံးစွဲသူကို ထောင်ဒဏ်သုံးနှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ပြည်ထောင်စုလွှတ်တော်က ယင်းအချက်ကို ပယ်ဖျက်ကာ လူမှုရေးပြစ်ဒဏ်ချမှတ်ရန်သာ ပြင်ဆင်ခဲ့သည်။ သို့သော် အဆိုပါ ပြစ်ဒဏ်ချမှတ်ခြင်းသည် မူးယစ်ဆေးသုံးစွဲသူများကို အားပေးအားမြှောက်ပြုရာရောက်သည်ဆိုကာ ပြည်သူအချို့က ဝေဖန်သည်။
‘‘ဒါက နိုင်ငံတကာ စံနှုန်းအ နေနဲ့ ရေးဆွဲထားတာ။ ဒီဟာကို တလွဲဆံပင်မကောင်းဖို့လိုတယ်။ အခွင့်အရေး ပိုရသွားမယ်ဆိုရင် မှားပါလိမ့်မယ်။ မူးယစ်ဆေးဝါး သုံးဂရမ်လောက်ကို ကိုင်ထား တယ်ဆိုရင် အဲဒီလူက သုံးစွဲသူပဲ။ သူ့ကို ရဲကခေါ်ပြီးတော့ တရားရုံး စွဲချက်နဲ့ သင်တန်းပို့မယ်။ လက် မခံရင် လူမှုရေး ပြစ်ဒဏ်ချမှတ် မယ်’’ဟု မူးယစ်ဆေးဝါးသုံးစွဲသူ များ ပြန်လည်ထူထောင်ရေးအ သင်းဥက္ကဋ္ဌ ဦးစံရှိန်က ပြောသည်။
ယခု ပြင်ဆင်လိုက်သော မူး ယစ်ဥပဒေကို နည်းဥပဒေရေးဆွဲ ရန်ရှိပြီး အဆိုပါ ဥပဒေတွင် မူး ယစ်ဆေးသုံးစွဲသူများကို မည်သို့ ထိန်းကျောင်း စောင့်ကြည့်မည်ဆိုသည့် အချက်များ ပါလာနိုင် ကြောင်း ၎င်းက ပြောသည်။
မူးယစ်ဆေးသုံးသူကို အနီးဆုံး ဆေးကုဌာနသို့ ဆောလျင်စွာပို့ရ မည်
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၉ (ဂ) ပုဒ်မ ခွဲ (ဃ)တွင် ရဲတပ်ဖွဲ့မှ မူးယစ် ဆေးဝါးသုံးစွဲကြောင်း စစ်ဆေး တွေ့ရှိပါက ဆေးကုသမှုခံယူနိုင် ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်ထား သည့်ဌာန၊ ဂေဟာ (သို့မဟုတ်) ဤကိစ္စအလို့ငှာ အစိုးရက အသိ အမှတ်ပြုထားသည့် အနီးဆုံး ဆေးကုသဌာန၊ ဂေဟာသို့ ဆော လျင်စွာ ပို့အပ်ရမည်ဟု ပြဋ္ဌာန်း ထားသည်။
ထို့အပြင် ဆေးဝါးသုံးစွဲသူ က ဆေးစစ်ချက်ခံယူရန်နှင့် ဆေး ကုသမှုခံယူရန် ပျက်ကွက်ပါက ခံဝန်ချုပ်ချစေသည့် အမိန့်ချမှတ် နိုင်ရန် တရားရုံးသို့ တင်ပို့လျှောက်ထားရမည်ဖြစ်ပြီး တရားရုံးက ထို ပျက်ကွက်သူအား ခံဝန်ချုပ်ချုပ် ဆိုစေသည့် အမိန့်ချမှတ်နိုင်မည် ဖြစ်ကာ တရားရုံး၌ ခံဝန်ချက်တစ် ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ် စေ၊ ဆေးကုသမှုခံယူရေးနှင့် ပြုစု ပျိုးထောင်ရေးတို့အတွက် ဖွင့်လှစ်ထားသော သက်ဆိုင်ရာ ပြုစုပျိုး ထောင်ရေးစခန်း (သို့မဟုတ်) ပြန်လည်ထူထောင်ရေးစခန်းသို့ ခြောက်လပို့အပ်သည့် အမိန့်ချ မှတ်ရမည်ဆိုသည့် အချက်ကို ထည့်သွင်းထားသည်။
အသစ်ပြင်ဆင်ရေးဆွဲလိုက် သည့် မူးယစ်ဥပဒေပါ ပြစ်မှုတစ် ခုခုကို ကျူးလွန်တတ်သူ (သို့ မဟုတ်) ကျူးလွန်ကြောင်း ကျော် စော သတင်းရှိသူအား သုံးနှစ် ထက်မပိုသော ကာလအတွင်း ကောင်းမွန်စွာ နေထိုင်စေရန် ခံဝန်ချုပ်ချုပ်စေရမည်ဆိုသည့်အချက် ကိုလည်း ဖြည့်ဆည်းရေးသား ထားသည်။
ပြန်လည်ထူထောင်ရေး စခန်း စည်းကမ်းချက်များ ဖောက်ဖျက် လျှင် လူမှုအကျိုးပြုလုပ်ငန်းများ ပြုလုပ်ရမည်
သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်သော မူးယစ်ဆေးဝါး ဥပဒေတွင် မူးယစ်ဆေးဝါးသုံးစွဲ သူသည် ဖွင့်လှစ်ထားသော ပြုစု ပျိုးထောင်ရေးစခန်း (သို့မဟုတ်) ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်ထားသည့် ကာလအတွင်း ယင်းစခန်းတို့က ထုတ်ပြန်ထား သော ညွှန်ကြားချက်နှင့် သတ် မှတ်ထားသည့် စည်းကမ်းချက် များကို ဖောက်ဖျက်သည်ဟု ပြစ် မှုထင်ရှားစီရင်ခြင်းခံရလျှင် လူမှု အကျိုးပြုလုပ်ငန်းများဖြစ်သည့် သစ်ပင်၊ ပန်းမန် စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊ လမ်းတံတားများပြုပြင် ခြင်း၊ လူမှုရေးအဖွဲ့များနှင့် ပူး ပေါင်း၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်။
‘‘ကျွန်တော်တို့ကို ထောင်ချ လိုက်မယ်ဆိုရင် ထောင်ထွက်ဆို ပြီး လူ့အသိုင်းအဝိုင်းထဲပြန်မဝင် နိုင်ဘဲ ဆေးသုံးတဲ့ဘက်ကိုပဲ ပြန် လှည့်သွားမယ်။ မူးယစ်ဆေးဝါး သုံးပြီးတော့ ထောင်မချဘူးလား ဆိုပြီး လူတွေက တစ်မျိုးမြင် ကောင်း မြင်လိမ့်မယ်။ ကျွန်တော် တို့အတွက်ကတော့ ထောင်မကျ ဘူးဆိုရင် ထောင်ထွက်မဟုတ် တော့ လူ့အသိုင်းအဝိုင်းထဲ ပြန် ဝင်လို့ရတယ်’’ဟု မူးယစ်ဆေးဝါး သုံးစွဲသူများ ကွန်ရက်ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
မူးယစ်ဆေးဝါးပမာဏများကို ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပြစ် မှုမြောက်၊ မမြောက် အခြေအနေ
မူးယစ်ဥပဒေကို ပြင်ဆင် သည့် ဥပဒေအသစ်တွင် ဘိန်းဖြူ (ဟီးရိုးအင်း) ဖြစ်ပါက သုံးဂရမ်၊ မော်ဖင်းဖြစ်ပါက သုံးဂရမ်၊ ဘိန်း ဖြူ (ဟီးရိုးအင်း)နှင့် မော်ဖင်း နှစ်ခုပေါင်း သုံးဂရမ်၊ ဘိန်းစိမ်း (သို့ မဟုတ်) ပြုပြင်ထားသည့် ဘိန်း(သို့မဟုတ်) နှစ်ခုပေါင်း ၁၀၀ ဂရမ်၊ ဆေးခြောက် (သို့မဟုတ်) ဆေးခြောက်အဆီ (သို့မဟုတ်) ယင်းနှစ်ခုပေါင်း ၁၀၀ ဂရမ်၊ ကိုကာရွက်ဖြစ်ပါက ၁၀၀ ဂရမ်၊ ကိုကင်းဖြစ်ပါက သုံးဂရမ်၊ ကျန်း မာရေးဝန်ကြီးဌာနက မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါးအဖြစ်အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော အလေးချိန် ပမာဏ (သို့မဟုတ်) အရေအတွက်ကို သတ်မှတ်ချက်ထက်ဖြစ်စေ၊ သတ်မှတ်ချက်ထက် ကျော်လွန်၍ဖြစ်စေ လက်ဝယ်တွေ့ရှိပါက ရောင်းချရန်အလို့ငှာ လက်ဝယ်ထားသည်ဟု လည်းကောင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းဖြစ်လျှင် ရောင်းချရန်အလို့ငှာ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းဖြစ်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားသည်။
မူးယစ်ဥပဒေ (၁၉၉၃) ၌ ဆေးခြောက် (သို့မဟုတ်) ဆေးခြောက်အဆီ (သို့မဟုတ်) ယင်းနှစ်ခုပေါင်း ၂၅ ဂရမ်ဟု သတ်မှတ်ထားသည်ကို ဥပဒေအသစ်တွင် ၁၀၀ ဂရမ်ဟု ပြင်ဆင်ခြင်းဖြစ်သည်။
ထို့ကြောင့် ဥပဒေပါ သတ် မှတ်ပမာဏအောက် လက်ဝယ် တွေ့ရှိသူအား ပြစ်မှုမြောက်၊ မမြောက်နှင့် အရေးယူရန် ရှိ၊ မရှိ ကို မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဇော်လင်း ထွန်းကို 7Day Daily သတင်းစာ က ဆက်သွယ်မေးမြန်းရာ ဥပဒေ ပိုင်းဆိုင်ရာများကို သိပ်နားမလည်သောကြောင့် ဥပဒေပြုရေးဌာနကို သာ မေးမြန်းရန် ပြောကြားသည်။
လက်ရှိ ဥပဒေတွင် သတ် မှတ်ထားသည့် ဆေးဝါးပမာဏ အောက်ရှိပါက အဖမ်းခံရမည် မဟုတ်ဘဲ သတ်မှတ်ထားသည့် နှုန်းထားထက်ကျော်ပါက ဖမ်းဆီး ခံရမည်ဟု ရေးသား ထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါး များဆိုင်ရာ ဥပဒေအား ပြင်ဆင် သည့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ဖေဖော်ဝါရီ ၁၃ ရက်တွင် အတည်ပြုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီ ၁၅ ရက်၌ လက်မှတ်ရေးထိုးကာ အတည်ပြုထုတ်ပြန်ခဲ့သည်။
===========
7Day News Journal
http://7daydaily.com/story/120577
#ဖေအောင်
Mobile Baking Password စာရွက်အား ခိုးယူ၍ ဘဏ်မှငွေခိုးထုတ်ယူ သွားသူအား ဖမ်းဆီးအရေးယူထား
မန္တလေးတိုင်းဒေသကြီး၊ မန္တလေး ကမ္ဘောဇဘဏ်ခွဲ(၄၆)မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့် က Mobile Baking Password စာရွက်အား ခိုးယူ၍ ဘဏ်မှငွေခိုးထုတ်ယူ သွားသူအား အမှတ်(၈)မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲရပ်နေ နိုင်မျိုးဆွေ(၃၂)နှစ်သည် မန္တလေးကမ္ဘောဇဘဏ်ခွဲ(၄၆)တွင် ဘဏ်အကောင့်ဖွင့်ပြီး ငွေသွင်းရန်ရှိသဖြင့် သူငယ်ချင်းဖြစ်သူ ခိုင်လင်းအား ဖုန်းဆက်၍ ဘဏ်တွင် စောင့်ပေးရန် ပြောဆိုပြီး သွားရောက်ခဲ့ပါသည်။
ဘဏ်တွင် ခိုင်လင်းနှင့်အတူ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်နေ မမယ်မဒီလွင်တို့(၂)ဦးအား တွေ့ရှိရပြီး ၎င်းတို့နှင့်အတူ ငွေကျပ်(၁၃) သိန်းအား ဘဏ်သို့သွင်းရာ ဘဏ်မှပေးသော Mobile Baking Password စာရွက်အား အနွေးထည်အိတ်ကပ်ထဲထည့်ပြီး ပြန်လာစဉ် မမယ်မဒီလွင်မှ ဆိုင်ကယ်အား ဆီထည့်မည်ပြောကာ ထွက်သွားခဲ့ရာ နိုင်မျိုးဆွေနှင့် ခိုင်လင်းတို့မှာ နေအိမ်သို့ ပြန်ခဲ့ကြောင်း သိရသည်။
မွန်းလွဲ ၁ နာရီ ၆ မိနစ်အချိန် ဘဏ်မှ ၎င်းအပ်နှံထားသည့် ငွေကျပ်(၁၃)သိန်းအား ဖုန်းအမှတ် ၀၉-၂၅××××××× သို့ လွှဲလိုက်ကြောင်း ၎င်းဖုန်းသို့ မက်ဆေ့စ်ဝင်လာသဖြင့် ဘဏ်မှ ပေးလိုက်သည့် Mobile Baking Password စာရွက်အား ကြည့်ရှုရာ မတွေ့ရှိတော့သဖြင့် ဘဏ်ကို သွားရောက်မေးမြန်းခဲ့သည်။
ဘဏ်မှ Mal Madi Lwin အကောင့်ထံသို့လွှဲပြီး မမယ်မဒီလွင်မှ ထုတ်ယူသွားကြောင်း သိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ အမှတ်(၈)မြို့မရဲစခန်း(ပ)၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
===========
ThitHtooLwin
မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် ၅၅ အဆန် အမြန်ရထားကို တွဲဆိုင်းအသစ်များဖြင့် ပြောင်းလဲပြေးဆွဲ
မန္တလေးဘူတာကြီးမှ ထွက်ခွာပြေးဆွဲလျက်ရှိသော ရထားခရီးစဉ်များအနက် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် ၅၅ အဆန် အမြန်ရထားအား တွဲဆိုင်းအသစ်များဖြင့် ပြောင်းလဲပြေးဆွဲခြင်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက မန္တလေးဘူတာကြီးတွင် ကျင်းပခဲ့သည်။
မြန်မာ့မီးရထား အနေဖြင့် ခရီးသွားပြည်သူများ ရထားစီးနင်းရာတွင် လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာဖြင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြေးဆွဲနေသော ရထားခရီးစဉ်များ အနက် လမ်းပိုင်းအလိုက် ဦးစားပေးစနစ်ဖြင့် တွဲဆိုင်းအသစ်၊ စက်ခေါင်းအသစ်များဖြင့် လဲလှယ်ပြေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ယခုနှစ် မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမြန်ရထား သုံးစင်းအနက် အမှတ် ၅၅ အဆန်၊ အမှတ် ၅၆ အစုန်ရထားကို နိုင်ငံတော်ငွေဖြင့် ပြည်တွင်းထုတ်လုပ် တည်ဆောက်သည့် တွဲဆိုင်းသစ်များဖြင့် အစားထိုး ပြေးဆွဲသွားမည်ဖြစ်ကာ ကနဦးအနေဖြင့် အမှတ် ၅၅ အဆန်ရထားအား ပြောင်းလဲပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။
“မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ အမှတ် ၅၅၊ အမှတ် ၅၆ ရထားတွေက လူစီးအများဆုံးရထားကို မြစ်ငယ်တွဲပြင်စက်ရုံကနေ ထုတ်လုပ်တဲ့ တွဲအသစ်တွေနဲ့ အစားထိုးပြီးတော့ ပထမဦးဆုံး အစားထိုးလဲလှယ် ပြေးဆွဲတဲ့ အခမ်းအနား ဖြစ်ပါတယ်။ အဲဒီဟာပြီးရင် ကျွန်တော်တို့က နောက်ထပ်လည်ပတ်ဖို့ တွဲဆိုင်းသုံးတွဲ လိုအပ်တာကြောင့် တွဲဆိုင်းသုံးတွဲစလုံးကို နောက်တစ်လ၊ နှစ်လအတွင်းမှာ လဲလှယ်အစားထိုး ပြေးဆွဲသွားမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့တွက်ပါ။ ခရီးသွားပြည်သူတွေက မန္တလေး-မြစ်ကြီးနား လမ်းပိုင်းမှာဆိုရင် ကားလမ်းကလည်း အရမ်းမကောင်းသေးတော့ မီးရထားနဲ့ အဓိက သွားလာမှုရှိတယ်။ ဒါကြောင့် ခရီးသည်တွေ လုံခြုံစိတ်ချစွာ သွားနိုင်ဖို့ သက်သောင့်သက်သာ ဖြစ်အောင်လို့ လဲလှယ်ပြေးဆွဲတာဖြစ်ပြီး ဒီအတွက် ရထားလက်မှတ်ခ ဈေးနှုန်းတွေ ပြောင်းလဲသွားဖို့ မရှိပါဘူး” ဟု မြန်မာ့မီးရထားရုံးချုပ် စစ်ဆေးရေးဌာနမှ အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောကြားသည်။
မန္တလေးဘူတာကြီးမှ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် နေ့စဉ်လူစီးတွဲအဖြစ် အမြန်ရထားသုံးစင်း၊ စာပို့ရထားတစ်စင်း၊ RBE လေးစင်း၊ လူစီးကုန်တင် လော်ကယ်ရထားသုံးစင်း ပြေးဆွဲလျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှရထားစီးနင်းသူဦးရေ တစ်သောင်းခန့်ရှိကာ အမြန်ရထား သုံးစင်းတွင် အမှတ် ၅၅ အဆန်၊ အမှတ် ၅၆ အစုန်ရထားမှာ ခရီးသည်လိုက်ပါစီးနင်းမှု အများဆုံးဖြစ်ကာ မန္တလေးဘူတာကြီးမှ နေ့စဉ် ညနေ ၄ နာရီတွင် ထွက်ခွာ၍ မြစ်ကြီးနား ဘူတာသို့ နောက်တစ်နေ့ နံနက် ၁၁ နာရီကျော်တွင် ဆိုက်ရောက်ကာ လမ်းတစ်လျှောက်တွင် ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း စသည့် ဘူတာများတွင် ရပ်နားမှု ပြုလုပ်ကြောင်း သိရသည်။
writer: လဲ့လဲ့အောင်
===========
Eleven Media Group
http://news-eleven.com/news/38626
#ဖေအောင်
မြန်မာ့လူ့အဖွဲ့အစည်းအတွက် တစ်ခုခုလုပ်ကိုင်ဆုံးဖြတ်သင့်ပါပြီ
တစ်အိမ်တည်းနေ ခဲအိုဝမ်းကွဲတော်သူမှ (၄)တန်းကျောင်းသူလေးအား
အကြိမ်ကြိမ် သားမယားဖြစ်ပြုကျင့်
***************************************************************
အမှုမှာ ၁၄.၂.၂၀၁၈ ရက်နေ့ ၁၇:၀၀ အချိန်တွင် တရားလို ဒေါ်ဧရာလင်းထွန်း မြရပ်ကွက်
သုံးပင်ကွင်းရပ်ကွက် ဟင်္သာတမြို့နေသူမှ မ..........၊အသက်(၁၀)နှစ်၊ (ဘ)ဉီး...........၊
..........လမ်း၊ .....,.......ရပ်ကွက် ဟင်္သာတမြို့နေသူအား တစ်အိမ်တည်းနေ ၎င်း၏ခဲအို
တစ်ဝမ်းကွဲတော်စပ်သူမှ သားမယားအဖြစ်ပြုကျင့်ကြောင်း သတင်းကြားသဖြင့်
ဒေါ်ဧရာလင်းထွန်း(တရားလွတ်တော်ရှေ့နေ) ဉီးကိုကိုဉီး(စေ/လူမှုဝန်ထမ်းဉီးစီးအရာရှိ )
တို့မှ .....,.....အုပ်ချုပ်မှူးဉီးခင်ဝင်း၏နေအိမ်၌ ဆယ်အိမ်မှူးဉီးအောင်နိုင်ဝင်း၊ အပြင်
ကျူရှင်ဆရာမတစ်ဦးတို့နှင့်အတူ ပြုကျင့်ခံရသူ မ............အားတွေဆုံမေးမြန်းရာ ၎င်းအား
တစ်အိမ်တည်းနေ အမဝမ်းကွဲ၏ယောင်္ကျားဖြစ်သူ ရဲဝင်း အသက် ၂၃ နှစ် ၊ (ဘ)ဉီးထွန်းဝင်း၊
...............လမ်း၊..........ရပ်ကွက်၊ဟင်္သာတမြို့နေသူမှ နေအိမ်၌သားမယားအဖြစ်
ပြုကျင့်ခဲ့ကြောင်း၊ ၎င်း၏မအင်္ဂါကို ပြုကျင့်ရာနာကျင်၍ အော်သဖြင့် ဆန့်ကျင်ဘက်နေရာ
အား ထပ်မံပြုကျင့်ခဲ့ပြီး ရဲဝင်းမှ ၎င်း၏အမျိုးသားအင်္ဂါကို ပါးစပ်ဖြင့် ***ခိုင်းကြောင်း
၃.၂.၂၀၁၈ နေ့ကနောက်ဆုံးအကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ယခင်ကလည်း(ရက်စွဲမမှတ်မိ)
ထိုကဲ့သို့ နှစ်ကြိမ်တိုင်တိုင်ပြုကျင့်ကြောင်း မ............မှပြောပြသိရှိရ၍ အရွယ်မရောက်
သေးသော ကလေးငယ်အားပြုကျင့်သူ ရဲဝင်းအား ဉပဒေအရအရေးယူပေးရန် တရားလို
ဒေါ်ဧရာလင်းထွန်း( တရားလွှတ်တော်ရှေ့နေ)မှတရားလိုပြုလုပ်တိုင်ကြားသဖြင့် ဟင်္သာတ
မြို့မရဲစခန်း စခန်းမှူးဒုရဲမှူးခင်မောင်ထွန်းမှ (ပ)၁၄၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၃၇
ဖြင့် အမှုဖွင့်ဆက်လက်စစ်ဆေးအရေးယူထား ကြောင်းသိရှိရသည်။
ဇော်မျိုးအောင်
MCRA/SH
ထိုင်းနိုင်ငံအတွင်း ၀က်များ ရောဂါဖြင့် သေနှုန်းမြင့်နေချိန်တွင် ပြည်တွင်းသို့ ၀က်သားပေါက် တရားဝင်တင်သွင်းမှုကို ရပ်နားထားရန်လိုကြောင်း မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ပြောကြား
ထိုင်းနိုင်ငံအတွင်း ၀က်များရောဂါဖြင့် သေနှုန်းမြင့်နေချိန်တွင် မြ၀တီနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ ၀က်သားပေါက်များ တရားဝင် တင်သွင်းနေမှုကို ရပ်နားထားရန် လိုအပ်ကြောင်း မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်းက ပြောကြားသည်။
“သေဆုံးတဲ့ ၀က်တွေရဲ့ အပြင်ပန်းမှာ PRRS လို့ခေါ်တဲ့ ၀က်နားရွက်ပြာလက္ခဏာတွေ တွေ့ရပေမယ့် သေနှုန်းမြင့်တဲ့အတွက် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်လို့ ယူဆပါတယ်” ဟု မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်းက ပြောကြားသည်။
“ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ မဟာချိုင်ကြား နခေါပထွန်ရှိ ၀က်ခြံနံပါတ် (၅) မှာ ပြီးခဲ့တဲ့လက တစ်နေ့တည်း ၀က်သားပေါက်ကောင်ရေ ၁၂၀၀၀ အထိ သေဆုံးခဲ့တာ သိရပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း ၀က်ရောဂါတွေ ဖြစ်နေပါတယ်။ ခုလို အိမ်နီးချင်းနိုင်ငံတွေ၊ အထူးသဖြင့် ထိုင်းမှာဝက်ရောဂါ ဖြစ်နေချိန်မှာ တရားဝင် တင်သွင်းတယ်ဆိုပေမယ့် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ တင်သွင်းခွင့် ရပ်ထားဖို့ လိုအပ်ပါတယ်” ဟု မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးအဖွဲ့ချုပ်အတွင်းရေးမှူး ကိုညိုမင်းက ပြောကြားသည်။
မြန်မာထိုင်းနယ်စပ် မြ၀တီမြို့မှတစ်ဆင့် ပြည်တွင်းမွေးမြူရေးခြံများသို့ ထိုင်းမွေးမြူရေး ၀က်သားပေါက်များကို အလုံးအရင်းဖြင့် တင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံမှ ကျန်းမာရေး စစ်ဆေးချက်တစ်ခုတည်းနှင့် မလုံလောက်ဘဲ မိမိနိုင်ငံဘက်တွင်လည်း စနစ်တကျ စစ်ဆေးရန် လိုအပ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ထို့အတူ ထိုင်းနိုင်ငံဘက်မှ ၀က်သားပေါက်များ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်းကြောင့် ပြည်တွင်းမွေးမြူရေးလုပ်ငန်းကိုလည်း အကြီးအကျယ် ထိခိုက်လျက်ရှိပြီး အချို့သော ၀က်သားပေါက်များတွင် PRRS ဟုခေါ်သည့် ၀က်နားရွက်ပြာ ရောဂါလက္ခဏာလည်း တွေ့ရသည်ဟု ဆိုသည်။
“တစ်ဖက်နိုင်ငံမှလာတဲ့ စာရွက်စာတမ်းပဲကြည့်ပြီး စစ်ဆေးတယ်ဆိုပေမယ့် ထိရောက်တဲ့ စစ်ဆေးမှု မလုပ်နိုင်ဘူး။ ခြံအမှတ် (၅) မှာ ဖြစ်တဲ့ပုံစံအတိုင်းဆိုရင် ကျွန်တော်တို့နိုင်ငံက မွေးမြူရေးခြံတွေ အကုန်ကုန်သွားမှာပါ” ဟု မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး ကိုညိုမင်းက ဆိုသည်။
ထို့အတူ ထိုင်းမွေးမြူရေး အသားထုတ်ဝက်များကိုလည်း တရားမ၀င် လှေဆိပ်များမှတစ်ဆင့် တင်သွင်းလျက်ရှိရာ ရောဂါကြောင့် သေဆုံးသည့် ၀က်များကို လမ်းဘေးတောချုံ များ၌ လွှင့်ပစ်ထွက်ပြေးမှုများပင်ရှိပြီး တရားမ၀င် အသားထုတ် ၀က်တင်သွင်းနေခြင်းကြောင့် ပြည်တွင်းမွေးမြူရေးလုပ်ငန်းကို ထိခိုက်လျက်ရှိကြောင်း မွန်ပြည်နယ် မုဒုံမြို့နယ်မှ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
မြ၀တီနယ်စပ်မှတစ်ဆင့် တရားဝင် အခွန်ဆောင်ပြီး တင်သွင်းလာသော ထိုင်းဝက်သားပေါက်များကို ပဲခူးတိုင်းဒေသကြီး ဘုရားကြီး မွေးမြူရေးခြံများသို့ သယ်ဆောင်ကာ ပြည်တွင်းသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။
writer: ရွှေသိန်း
Eleven Media Group
============
http://news-eleven.com/news/38490
#ST
🇲🇲MSK
Thursday 15 February 2018
အပျော်စီးပြိုင်ကားစီးနေစဉ် ဆံပင်ညပ်ပါသွားပြီး အိန္ဒိယအမျိုးသမီး သေဆုံး
အိန္ဒိယမြောက်ပိုင်း ဟာယာနာပြည်နယ်ရှိ အပန်းဖြေဥယျာဉ်တစ်ခုမှာ အပျော်စီး ပြိုင်ကားငယ်ဘီးများနဲ့အတူ ဆံပင်ညှပ်ပါသွားမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အသက် ၂၈ နှစ်အရွယ် Puneet Kaur အမည်ရှိ အမျိုးသမီး မိသားစုနဲ့အတူ အားလပ်ရက် အပန်းဖြေဥယျာဉ်သို့ လာရောက်ခဲ့စဉ် ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၁၄ ရက်) မှာ မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မတော်တဆမှုဖြစ်ပြီးနောက် သူမကို အနီးအနားရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးသွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်းနဲ့ အပန်းဖြေဥယျာဉ်ရှိ အပျော်စီးပြိုင်ကား မောင်းနှင်တဲ့ လမ်းကြောင်းနေရာကို ပိတ်ပင်ထားကြောင်း ပြောပါတယ်။ Puneet Kaur ဟာ သူမရဲ့ခင်ပွန်းနဲ့အတူ အပျော်စီးပြိုင်ကားစီးနေစဉ် မတော်တဆမှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မတော်တဆမှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူ Amardeep Singh၊ အသက် ၂ နှစ်အရွယ် ၎င်းတို့ရဲ့သားဖြစ်သူ၊ အခြား ဆွေမျိုးအနည်းငယ်တို့နဲ့အတူ Pinjore မြို့ရှိ အပန်းဖြေဥယျာဉ်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။
Puneet Kaur က ခင်ပွန်းဖြစ်သူနဲ့အတူ အပျော်စီးပြိုင်ကားစီးခဲ့ပြီး သားဖြစ်သူကတော့ အဘွားနဲ့အတူ အခြား အပျော်စီးပြိုင်ကားမှာ စီးခဲ့တယ်လို့ ဆိုပါတယ်။ အပျော်စီးပြိုင်ကားစီးနေစဉ် Puneet Kaur ရဲ့ ဆံပင်က ကားဘီးများမှညပ်သွားခဲ့ပြီးနောက် ပြိုင်ကားက ဆက်လက်ရွေ့လျားနေခဲ့ရာ သူမရဲ့ ဦးရေခွံ စုတ်ပြဲသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောပါတယ်။
"သေဆုံးမှုအကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး၊ ဒါပေမဲ့ အလောင်းကိုစစ်ဆေးပြီးရင်တော့ အသေးစိတ်သိရမှာပါ" လို့ ရဲတပ်ဖွဲ့အရာရှိက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုမရှိသေးကြောင်းလည်း ၎င်းက ဆိုပါတယ်။
မတော်တမှု ဖြစ်ပွားစဉ်မှာ Puneet Kaur ဟာ ဦးထုပ်ဆောင်းထားပြီး ဆံပင်ကို ဆံထုံးထုံးထားခဲ့တယ်လို့ ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။ အပန်းဖြေဥယျာဉ်ရှိ အပျော်စီးပြိုင်ကားနေရာမှ မန်နေဂျာကတော့ ၎င်းတို့အနေနဲ့ ဘေးကင်းလုံခြုံမှုအတွက် သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ထားခဲ့ကြောင်း ပြောပါတယ်။
"ကျွန်တော်တို့နှစ်ယောက် အပျော်စီးပြိုင်ကားစီးနေတုန်း ရုတ်တရက် ကျွန်တော့်ဇနီးရဲ့ဆံပင် ပြေကျသွားခဲ့ပြီး ကြောက်လန့်တကြား အော်ဟစ်ခဲ့ပါတယ်၊ သူတို့ ပေးထားတဲ့ ရာဘာသိုင်းကြိုးနဲ့ လုံခြုံရေးဦးထုပ်ရဲ့ အရည်အသွေးကို ကျွန်တော်လည်း မသိပါဘူး" လို့ သေဆုံးအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။ အိန္ဒိယမှာ အပျော်စီးပြိုင်ကား မတော်တဆမှု ဖြစ်လေ့မရှိဘဲ ယခုဖြစ်ရပ်ကို ထိတ်လန့်တုန်လှုပ်နေကြကြောင်း သိရပါတယ်။
Duwun
နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်ကြီးများနှင့် UN အဖွဲ့တို့ မောင်တော သွားရောက်
ဧရာဝတီ
ကမ္ဘာ့နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်ကြီးများ အပါအဝင် ကုလသမဂ္ဂ လက်အောက်ခံ UN အဖွဲ့အစည်းနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူ များသည် ရခိုင်ပြည်နယ် မောင်တောဒေသ အတွင်းသို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သွားရောက် လေ့လာ ခဲ့ကြောင်း သိရသည်။
ခရီးစဉ်တွင် အီဂျစ် ၊ ဂျာမနီ ၊ နယ်သာလန် ၊ နော်ဝေ ၊ ဖင်လန် ၊ အစ္စရေး ၊ အီတလီ ၊ သီရိလင်္ကာ ၊ ဘရာဇီး ၊ ပိုလန် ၊ ဆွီဒင်၊ ဒိန်းမတ် ၊ နယူးဇီလန် စသည်ဖြင့် နိုင်ငံ အသီးသီးမှ သံအမတ်ကြီး များနှင့် သံရုံး တာဝန်ခံများ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့မှ လူကယ်ပြန် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ လိုက်ပါခဲ့ပြီး ဘင်္ဂလားဒေ့ရ် ဘက်သို့ ရောက်ရှိနေသာ ဒုက္ခသည်များ ပြန်လည်လက် ခံမည့် တောပြိုလက်ဝဲ စခန်း ၊ ငခူရစခန်း ၊ လှဖိုးခေါင် ကြားစခန်းများနှင့် နယ်စပ်ဂိတ် များကို သွားရောက် ခဲ့ကြကြောင်းလည်း သိရသည်။
အဆိုပါ အဖွဲ့သည် ယနေ့ နံနက်ပိုင်က လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာပြီး တပ်မတော် ရဟတ်ယာဉ်ဖြင့် မောင်တောမြို့သို့ သွားရောက်ခဲ့ကာ ညနေပိုင်းတွင် စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိခဲ့ပြီး စစ်တွေ လေဆိပ် မှတဆင့် နေပြည်တော်သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်းလည်း သိရသည်။
The Irrawaddy
Wednesday 14 February 2018
သန်လျင်မြို့နယ်တွင် ပြည်တွင်းဖြစ် နိုင်ငံခြားအရက်များအတုပြု့လုပ်ရောင်းချ သူအားဖမ်းဆီး။
ရန်ကုန်တောင်ပိုင်းခရ်ုင် သန်လျင်မြို့နယ် အောင်ချမ်း
သာ(၂)ရပ်ကွက် တွင်ပြည်တွင်းဖြစ် နိုင်ငံခြားအရက်များအတုပြု့လုပ်
ရောင်းချနေကြောင်းသတင်းရရှိသဖြင့် သန်လျင်မြို့နယ် ခေတ္တမြို့နယ်
ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စောထွန်း ဦးစီး၍ သတင်းရရှိသောသန်လျင်မြို့
နယ် အောင်ချမ်းသာ(၂)ရပ်ကွက် ကသစ်ဝိုင်ကျောင်းလမ်း အမှတ်
(၅၂၀/ခ) ကိုဇော်မင်းသူ နေအိမ်အား (၁၀.၂.၂၀၁၈)ရက်နေ့ (၀၀၄၅)အချိန်တွင်သန်လျင်မြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်းအရာ
ရှိ ဒုရဲအုပ် မျိုးအောင်|နယ်ထိန်းရဲတပ်ကြပ်ကြီး မျိုးအောင်|ရဲတပ်ကြပ်
တင်မောင်ဝင်း|ရဲတပ်ကြပ် စိုးကျော်ဦး| ရဲတပ်ကြပ် မောင်မောင်ထွေး
နှင့် ရဲတပ်ဖွဲ့ဝင်များ သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ
တာဝန်ရှိသူများ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်
လွင်စိုးနှင့်အဖွဲ့ဝင်များ ပူးပေါင်း ဝင်ရောက်ရှာဖွေရာ ကိုဇော်မင်းသူ
၏နေအိမ်အပေါ်ထပ်တွင်GRAND ROYAL special စာတမ်း
ပါရွှေရောင် ပြည်တွင်းဖြစ် နိုင်ငံခြားအရက်(၂၅)လုံး| GRAND
ROYAL signature စာတမ်းပါ အပြာရောင် နိုင်ငံခြားအရက်
(၁၅)လုံး| GRAND ROYAL အနက်ရောင် နိုင်ငံခြားအရက်
(၈)လုံး GRAND ROYAL smooth စာတမ်းပါ ရွှေရောင်+အ
ပြာရောင် တံဆိပ်ကပ်လျှက် နိုင်ငံခြားအရက် (၁၃)လုံး| LUCKY-
ELEVEN WHISKY စာတမ်းပါ အနီရောင်+အနက်ရောင်တံ
ဆိပ်ပါ နိုင်ငံခြားအရက်(၇)လုံး| Red Label အနီရောင်နိုင်ငံခြား
အရက်(၇)လုံး|HIGH COMMISSIONER တံဆိပ်ပါ နိုင်ငံခြား
အရက်(၇)လုံး| Ballantine Finest တံဆိပ်ပါ နိုင်ငံခြားအရက်
(၁)လုံး|BLACK LABEL တံဆိပ်ပါနိုင်ငံခြားအရက်(၁)လုံးနှင့်
အရက်အတုပြုလုပ်ရာတွင်အသုံးသော ဆက်စပ် ပစ္စည်းများ ရှာဖွေ
တွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံသိမ်းဆည်းပြီး ပြည်တွင်းဖြစ် နိုင်ငံခြားအရက်မျာအား အတု ပြုလုပ်ရောင်းချသူ ဇော်မင်းသူ
အသက်(၄၃)နှစ် (ဘ) ဦးခင်အေး ၁၂/သခန နိုင် ၀၃၁၁၂၂ ဗမာ/
ဗုဒ္ဓ အမှတ် (၅၂၀/ခ) ကသစ်ဝိုင်ကျောင်းလမ်း အောင်ချမ်းသာ(၂)
ရပ်ကွက် သန်လျင်မြို့နယ် နေသူအား ဥပဒေ အရအရေးယူပေးပါ
ရန် နယ်ထိန်းအရာရှိ ဒုရဲအုပ် မျိုးအောင် မှတရားလိုလုပ် တိုင်ကြား
လာသည့်အတွက်သန်လျင်မြို့မရဲစခန်းမှ တရားခံ ဇော်မင်းသူအား
(ပ)၄၂၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့်အမှု့ဖွင့်လှစ်ပြီး
အမှု့စစ် ဒုရဲအုပ် ထိန်မင်းဦး မှ ဥပဒေနှင့်အညီ အရေးယူနိုင်ရန်စစ်ဆေးဆောင်ရွက်နေကြောင်းသတင်းရရှိပါသည်။
ကျော်ကျော် (သန်လျင်)
Subscribe to:
Posts (Atom)