Thursday 31 December 2015

မအူပင်မီး နေ့လည် ၁၂.၄၀ နာရီအချိန်ခန့် စတင်လောင်ကျွမ်းသည့်နေအိမ် မီးညွန့်ကျိုးသွားပြီး

မအူပင်မီး နေ့လည် ၁၂.၄၀ နာရီအချိန်ခန့် စတင်လောင်ကျွမ်းသည့်နေအိမ် မီးညွန့်ကျိုးသွားပြီး မီးကျွင်း မီးကျန်များအား ဆက်လက်ငြိမ်းသတ်နေကာ အနောက်ဘက် ဈေးလမ်းရှိ တိုက်ခန်းအဆောက်အဦးသို့ အနည်းငယ်ကူးစက်လောင်မှုကိုလည်း ဆက်လက်ငြိမ်းသတ်နေစဉ် Kaung Myat

ဝန်ကြီးဌာနများ၏အချက်အလက်များ အစိုးရထံ ဒီချုပ်တောင်းခံထား

ဝန်ကြီးဌာနများ၏အချက်အလက်များ အစိုးရထံ ဒီချုပ်တောင်းခံထား Thursday, December 31, 2015 အစိုးရသစ်လက် ထက်တွင် ဝန်ကြီးဌာနများကို ကိုင်တွယ်ရာ၌ အဆင်ပြေစေရန် ဝန်ကြီးဌာနများ၏ အချက်အလက် များကို အစိုးရအဖွဲ့ထံမှ တောင်း ခံထားကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဗဟိုအလုပ် အမှု ဆောင် ဦးဝင်းထိန်က ပြောသည်။ အာဏာလွှဲပြောင်းရေးလုပ် ငန်းစဉ်အတွက် အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ အသွင်ကူး ပြောင်းရေးအဖွဲ့တို့ ပြီးခဲ့သည့်ရက်သတ္တပတ်က တွေ့ဆုံရာတွင် ဝန် ကြီးဌာနများ၏အချက်အလက် များကို တောင်းခံထားခြင်းဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်းရေးအဖွဲ့ခေါင်း ဆောင် ဦးဝင်းထိန်က ပြောသည်။ ‘‘ဝန်ကြီးဌာနတွေရဲ့ဘဏ္ဍာ ရေး၊ ဝန်ထမ်းအင်အားနဲ့စီမံကိန်း အချက်အလက်တွေကို ပေးဖို့အ တွက် တောင်းထားတယ်။ အခု တော့ မရသေးဘူး’’ဟု ၎င်းက ပြောသည်။ ဒီဇင်ဘာ ၂၂ ရက်က နေပြည်တော်တွင် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏အသွင်ကူးပြောင်းရေးအ ဖွဲ့တို့ တစ်နာရီခန့် တွေ့ဆုံဆွေး နွေးရာတွင် ဝန်ကြီးဌာနများ စနစ်တကျ လွှဲပြောင်းပေးရေးကို ထည့်သွင်းဆွေးနွေးခဲ့သည်။ အစိုးရ၏ကိုယ်စားလှယ်အ ဖွဲ့နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏အသွင်ကူးပြောင်းရေးအဖွဲ့ တို့သည် တစ်ပတ်လျှင် အနည်း ဆုံး သုံးကြိမ်တွေ့ဆုံရန်သဘောတူထားပြီး ဒီဇင်ဘာ ၂၂ ရက်က တွေ့ဆုံမှုပြုလုပ်ထားခြင်း ဖြစ်ကာ ထပ်မံတွေ့ဆုံမည့်ရက်ကိုမူ မသိရှိရသေးကြောင်း ဦးဝင်းထိန်က ပြောသည်။ လက်ရှိအချိန်တွင် ဝန်ကြီး ဌာနများကို နောက်တက်လာမည့် အစိုးရသစ်ထံ စနစ်တကျ လွှဲ ပြောင်းပေးရန် သမ္မတရုံး ပြည် ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များသည် ဒီဇင်ဘာ ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ လက်ရှိအစိုးရ၏ ငါးနှစ်တာ သက်တမ်းသည် ၂၀၁၆ မတ်လ ၃၀ ရက်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ 7day

ဖားကန့်က ကျောက်တူး ယာဉ်တွေကို အရေးမယူဘဲ စုံစမ်းရုံသာ လုပ်တာဟာ မယောင်ရာ ဆီလူးတာလို့ ဒေါ်စုပြော

ဖားကန့်က ကျောက်တူး ယာဉ်တွေကို အရေးမယူဘဲ စုံစမ်းရုံသာ လုပ်တာဟာ မယောင်ရာ ဆီလူးတာလို့ ဒေါ်စုပြော Thursday, December 31, 2015 ဖားကန့် ဒေသသို့ တရုတ်နိုင်ငံမှ ကုန်တင်ကားများစွာ ရောက်ရှိကာ ကျောက်စိမ်းတူးဖေါ်မှုများအတွက် အဆိုပါကားများ မည်သို့ရောက်ရှိလာသည်ကို စုံစမ်းရေးကော်မရှင်တစ်ရပ် အစိုးရက ဖွဲ့စည်း ဆောင်ရွက်ခြင်းသည် မယောင်ရာ ဆီလူးခြင်းဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။ အဆိုပါ ကိစ္စများကို ထိထိထိရောက်ရောက် အရေးယူသင့်သည်ဟု လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း)၏ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွင် ပြောသွားခြင်းဖြစ်သည်။ လွှတ်တော်အမတ်များအတွက် နိုင်ငံရေး ပင်စင်မှ ရရှိသည့် ငွေကို နိုင်ငံအတွက် ပြန်လည် လှူဒါန်းသွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အလားတူ အစိုးရအသစ် ပြောင်းလဲသည့်အခါ နိုင်ငံပိုင် မီဒီယာများ မရှိသင့်တော့ဟု ဒေါ်အောင်ဆန်းစုကြည်က သဘောထားပေးခဲ့သေးသည်။ ထိုင်းနိုင်ငံတွင် သေဒဏ် ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးအရေး၊ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်ဆောက်သင့် မဆောက်သင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် နှစ်သစ်ကူး ဆုတောင်းစကားတို့ကိုလည်း လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း) ၏ ထုတ်လွှင့်မှုကို မဇ္ဈိမက ပြန်လည် ဖေါ်ပြပေးလိုက်ပါသည်။ အမှိုက်ကောက်တဲ့ ယဉ်ကျေးမှုက တော်တော် ထွန်းကားနေတာပဲ။ အဲ့ဒီတော့ ဒီလို အများပြည်သူ လိုက်ပါနိုင်တဲ့ တခြား လှုပ်ရှားမှုတွေကော ဘာတွေများ ဆက်လုပ်ဖို့ရှိသေးလဲ ခင်ဗျာ့။ လုပ်စရာတွေကတော့ အများကြီးပဲ ဒါပေမယ့် အခု လောလောဆယ်ကတော့ နေပြည်တော်မှာ လွှတ်တော် ကိစ္စတွေက နည်းနည်း များနေတော့ တခြားကို မဆင်းဖြစ်ဘူး။ အမှိုက်ကောက် တာကတော့ ကိုယ်စားလှယ်တွေကလည်း ဆက်လုပ်ရမယ်။ အခုအချိန်မှာတော့ ကိုယ်စားလှယ်တွေကိုလည်း သင်တန်းတွေ ဘာတွေ ပေးနေတယ်။ ဒါမှ ပြည်သူ့တာဝန်ကို သူတို့ ကောင်းကောင်း ထမ်းဆောင်နိုင်အောင်လို့။ ပြည်သူ ပါဝင်မှပဲ အားလုံး လုပ်လို့ရမှာပါ။ အစိုးရတာဝန် လွှဲပြောင်းရေးတွေကကော ချောချောမောမောပဲလားခင်ဗျာ့။ ဝန်ကြီးဌာနတွေ မလိုအပ်ပဲ များပြားနေတဲ့အတွက် ပေါင်းပစ်မယ် ဒါပေမယ့်လည်း ပိုလျှံတဲ့ ဝန်ထမ်းတွေကိုတော့ အလုပ်ထုတ်ပစ်မှာ မဟုတ်ဘူးလို့ အစ်မ ပြောပါတယ်။ အဲ့ဒီတော့ သူတို့ကို ဘယ်လို နေရာချထားပေးမှာလဲခင်ဗျာ့။ (အစိုးရတာဝန်လွှဲပြောင်းရေး) ခုထိတော့ ချောချောမောမောပါပဲ။ ဝန်ကြီးဌာနတွေ ပေါင်းတယ်ဆိုရင်လည်း ဝန်ထမ်းတွေကတော့ လိုမှာပဲလေ။ နောက် တခြား လုပ်စရာတွေလည်း အများကြီးရှိပါတယ်။ တကယ်ဆို ဘယ်လိုဖြစ်နေလဲဆိုတော့ ဝန်ထမ်းတွေက တချို့နေရာတွေမှာ ဖေါင်းပွနေပြီးတော့ တစ်ချို့နေရာတွေမှာ မလောက်ဘူး ဖြစ်နေတယ်။ အဲ့ဒီတော့ ဒါတွေကို ပိုပြီးတော့ တိတိကျကျ မှန်မှန်ကန်ကန် သုံးစွဲဖို့ပဲပေါ့။ အလုပ်ရှိတဲ့နေရာကို အလုပ်မရှိတဲ့ ဝန်ထမ်းတွေ ပို့ရမှာပေါ့။ အစိုးရပိုင် မီဒီယာတွေရဲ့ အနာဂတ်ကိုကော အစ်မ ဘယ်လို သဘောထားလဲခင်ဗျာ့။ အစိုးရပိုင် မီဒီယာတွေဆိုတာ ဒီမိုကရေစီနဲ့ သင့်လျော်တဲ့ ကိစ္စတွေ မဟုတ်ဘူးလို့ ထင်တယ်။ ဒါပေမယ့် ဒါဟာ နေ့ချင်းညချင်း မလုပ်ပါဘူး။ သေသေချာချာ တိုင်ပင်ပြီးတော့မှ လုပ်မှာပါ။ ဒါပေမယ့် သိပ်လည်း အချိန်မဆွဲချင်ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင်လို့ အမြန်ဆုံး လုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွားမှာပါ။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဆိုရင်ကော ခင်ဗျာ။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဆိုရင် ဥပမာ အမေရိကားတို့ အင်္ဂလန်တို့မှာလည်း တစ်ကယ်တော့ နိုင်ငံက ထောက်ပံ့ထားတဲ့ ရုပ်မြင်သံကြားတို့ ရေဒီယိုတို့ဆိုတာ ရှိတာပဲလေ။ ဥပမာ VOA တို့ BBC တို့လိုဟာမျိုးပေါ့။ သို့သော်လည်း သူတို့ရဲ့ လွတ်လပ်မှုရှိတယ် သူတို့ Charter နဲ့သူတို့ အလုပ်လုပ်နိုင်တယ်။ အဲ့ဒီတော့ ထောက်ပံ့ထားတဲ့ဟာ ရှိရင်တောင်မှ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ဟာ အရေးကြီးပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသကို ဒီရက်ပိုင်းအတွင်းမှာ တရုတ်ပြည်က ကုန်တင်ကားတွေ ရာနဲ့ချီပြီး နယ်စပ်က ဝင်လာတယ်ဗျာ့။ ကျောက်စိမ်းတွင်းကနေပြီးတော့ မြေတွေ ကျောက်တွေ အလုအယက် သယ်ပြီး တရုတ်ပြည်ကို သယ်ကြတာပေါ့။ ဒါကို အစိုးရက ဖားကန့်သွားပြီး ချက်ချင်း မစစ်ဆေးဘဲနဲ့ ဒီကားတွေကို နယ်စပ်တွေကို ဘယ်လိုဝင်လာသလဲဆိုတာ စုံစမ်းရေး အဖွဲ့ ဖွဲ့တယ်လို့ သိရတယ် ခင်ဗျာ့။ အဲ့ဒီတော့ ရွာထဲ ဝင်ပြီး ဓါးပြတိုက်နေတာကို သူကြီးက ချက်ချင်းသွားမဖမ်းဘဲနဲ့ ရွာသားတွေကို အစည်းအဝေး ခေါ်နေသလိုမျိုး ဖြစ်နေတာပေါ့။ ဒီကိစ္စမျိုးကို ဘယ်လို အရေးယူသင့်တယ်လို့ ထင်ပါသလဲ။ မယောင်ရာ ဆီလူးတဲ့ကိစ္စတွေ ဒါဟာ လုပ်နေကျ ကိစ္စတွေပဲ။ ဒါတွေကတော့ အများကြီး ပြုပြင်စရာ ရှိတာပေါ့။ ဒီကိစ္စလည်း လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ကြတယ်ဆိုတာလည်း ကိုခင်မောင်စိုး ကြားပြီးသား ဖြစ်မှာပါ။ ဟုတ်ကဲ့ အစ်မ ဟိုတစ်ပတ်ကလည်း ပြောတယ် ငါးကြိမ်ရှိပြီဆို။ ခုလည်းနောက်တစ်ကြိမ် ထပ်ဖြစ်လာပြီ။ ဒါကို ဘယ်သူမှ ချက်ချင်း ထိထိရောက်ရောက် အရေးမယူဘူးလို့ပဲ မြင်နေရတာပဲ ခင်ဗျာ့။ ထိထိရောက်ရောက် အရေးမယူတာတွေကတော့ အများကြီးပါ။ ဒါကြောင့်မလို့ တရားဥပဒေ စိုးမိုးရေးဆိုတာ လွှတ်တော်ထဲကနေ ဥပဒေ ထုတ်ရုံနဲ့ မပြီးသေးဘူး။ ဒီဥပဒေကို ထိရောက်အောင် လုပ်ဖို့ဆိုတာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အဓိကပဲလေ။ နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူအတွက် လုံခြုံရေး ဥပဒေကြမ်းကိုကော အစ်မ ဘယ်လို သဘောထားပါသလဲ ခင်ဗျာ့။ အဲ့ဒီဟာကတော့ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အခါကျလို့ရှိရင် အစ်မတို့ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို သိရမှာပါ။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ဥပဒေကြမ်းကိုကော အစ်မ ဘယ်လို သဘောထားသလဲ ခင်ဗျာ့။ ဒါလည်း လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အခါ သိရမှာပါ။ လွှတ်တော်ထဲမှာ ဆွေးနွေးရမယ့် ကိစ္စတွေကိုတော့ ကြိုတင်ပြီးတော့ သိပ်ပြီးတော့ မပြောချင်ဘူး။ ဒါဟာ အစ်မတို့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ပြောရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေ တစ်လုံး တစ်ခဲတည်း နိုင်ငံရေး ပင်စင်ချီးမြင့်မယ့် ကိစ္စကိုကော ခင်ဗျာ့။ အဲ့ဒီဟာကတော့ အစ်မတို့ ယူမယ်လေ၊ ဒါ အားလုံးက ဥပဒေအရ ရတယ်ဆိုတော့ အစ်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရတယ်။ ဒါ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက သဘောတူညီပြီ ဒီငွေတွေကို ပူးပေါင်းပြီးတော့ နိုင်ငံကို အကျိုးဖြစ်မယ့် စီမံကိန်း တစ်ခုအတွက် လှူဖို့ ဆိုပြီးတော့ အစ်မတို့ ဆွေးနွေးထားပါတယ်။ ပင်စင်ချီးမြင့်ငွေ အားလုံးလားခင်ဗျာ့။ ဟုတ်တယ် အားလုံးပေါ့ အစ်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေက လခ ရနေတာပဲ။ မလိုပါဘူး ဒီ ပင်စင်ချီးမြင့်ငွေကို။ ဒီလို ဥပဒေတစ်ခု ထုတ်လိုက်တာကိုကော အစ်မ ဘယ်လိုမြင်လဲ။ ဘာ့ကြောင့် ထုတ်သလဲတော့ အစ်မမသိဘူး၊ တခြားနိုင်ငံတွေမှာလည်း အစ်မ စုံစမ်းကြည့်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း အဲ့ဒီလို ပေးတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အများအနည်းတော့ မတူကြဘူးပေါ့။ ကျနော်တို့ နိုင်ငံက တခြားနိုင်ငံ အခြေအနေနဲ့ မတူဘူး မဟုတ်လား ခင်ဗျာ။ ဟုတ်တယ်လေ ဒါကြောင့်မလို့ အစ်မတို့က ရတဲ့ ပင်စင်ချီးမြင့်ငွေတွေကို စုပေါင်းပြီးတော့ ချီးမြင့်ငွေတွေကို နိုင်ငံအတွက် လှူဖို့ဆိုပြီးတော့ စဉ်းစားထားပါတယ်။ ဆွေးနွေးပြီးပါပြီ အစ်မတို့ ကိုယ်စားလှယ်တွေကလည်း သဘောတူပါတယ်။ လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အစ်မ တက်ရောက်မလား ခင်ဗျာ့။ မတက်ပါဘူး၊ လွှတ်တော်မှာ တခြား အလုပ်တွေ များပါတယ် တခြား လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဒီမှာ ရှိဖို့လိုပါတယ်။ များနိုင်သမျှ များများပေါ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီမှာ ရှိနေဖို့ လိုပါတယ်။ နိုင်ငံရေး ပါတီတွေ အစိုးရတွေ အနေနဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေထံက အကူအညီ ယူတာနဲ့ ပတ်သက်ပြီး အစ်မ ဘယ်လို သဘောထားရှိပါသလဲခင်ဗျာ့။ ဒါဟာ ဘယ်လိုအတွက် ဘယ်ပုံစံနဲ့ ဘာအတွက် ယူတယ်ဆိုတာပေါ်မှာ မူတည်တာပေါ့။ အကူအညီ လုံးဝ မယူရဘူးဆိုတာလည်း ဒါဟာ အင်မတန်မှ ကျဉ်းမြောင်းတဲ့ အမြင်ဖြစ်ပါတယ်။ ဒါပေမယ့် ယူပုံယူနည်းက တကယ်ပဲ နိုင်ငံအတွက် အကျိုးဖြစ်ဖို့ နောက်တော့ အရေးကြီးတာတော့ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ပွင့်လင်းမြင်သာမှုရှိမှ ပြည်သူကလည်း သဘောပေါက်မယ်။ ဘာ့အတွက်ယူတာလဲ ဒါဟာ ကောင်းသလား ဆိုးသလား။ ပွင့်လင်းမြင်သာမှုဆိုတာဟာ အစိုးရများကို အများကြီး အထောက်အကူ ဖြစ်ပါတယ်။ တစ်ချို့တွေက ထင်တာ ပွင့်လင်းမြင်သာမှုဆိုတာ အစိုးရကို တိုက်ခိုက်ဖို့ ထင်တယ်။ တစ်ကယ်တော့ မဟုတ်ဘူး ပွင့်လင်းမြင်သာမှုရှိမှ ကိစ္စတစ်ခု၊ စီမံကိန်းတစ်ခုကို အကောင်အထည် ဖေါ်လိုက်လို့ရှိရင် ဘယ်လို အကျိုးဆက်တွေ ရှိနိုင်သလဲဆိုတာ အဘက်ဘက်က သိရတယ်။ သိရတဲ့ အခါကျတော့ မှန်မှန်ကန်ကန် လုပ်ကိုင်နိုင်ဖို့အတွက် အများကြီး အထောက်အကူရတယ်။ အဲ့ဒီတော့ ဒီလိုဟာမျိုးတွေဆိုတာ ပွင့်လင်းမြင်သာမှုအပေါ်မှာ အခြေခံလို့ရှိရင် နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးဖြစ်နိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွဲချက်တင်ခံရပြီး သေဒဏ်ပေးခံရတဲ့ မြန်မာ လူငယ် နှစ်ယောက်အမှုကိုကော အစ်မ ဘယ်လိုမြင်သလဲခင်ဗျာ့။ ဒါဟာ သူတို့ရဲ့ တရားဥပဒေ လမ်းကြောင်းအရ သွားရမှာပဲ အမှုနဲ့ပတ်သက်လို့ ဆုံးခန်းတိုင်အောင်လို့ အဆင့်ဆင့် အယူခံတင်ပိုင်ခွင့်တွေ ပေးထားတယ်ဆိုတော့ အဲ့ဒီအခွင့်အရေးတွေကို အပြည့်အဝ ရအောင်လို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေက လုပ်ပေးရမှာပေါ့။ အစ်မ နားလည်သလောက်တော့ သံရုံးကနေ ငှားထားပေးတဲ့ ရှေ့နေတွေ တော်တော်များများ ရှိတယ်လို့တော့ ကြားရပါတယ်။ ကျနော်တို့ ရတဲ့ သတင်းတွေအရ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို ဆက်သွယ်ပြီးတော့ မြန်မာနိုင်ငံကနေပြီးတော့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကို တရားခံတွေအတွက် လွှတ်ပေးနိုင်တယ် ဆိုပြီးပြောတာ ကြားရပါတယ်။ အဲ့ဒါမျိုးကောသင့် တော်သလား အစ်မတို့ NLD ကော လွှတ်မလား။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ အစ်မ နားလည်သလောက် သံရုံးကနေ ငှားထားပေးတာ ငါးယောက် ခြောက်ယောက်လောက်ရှိတယ်။ ထပ်ပြီးတော့ လွှတ်ချင်တယ်ဆိုရင်လည်း လွှတ်လို့ရပါတယ်။ ရန်ကုန်တက္ကသိုလ် ပြုပြင်ရေးနဲ့ အဆင့်မြင့်တင်ရေးအတွက် အစည်းအဝေး လုပ်တယ်လို့ ကြားရပါတယ်။ ဘာတွေများ လုပ်ဆောင်မလဲခင်ဗျာ။ ဒါကတော့ ပုံမှန်ပါပဲ ဒီအစည်းအဝေး မလုပ်တာတော့ နည်းနည်းကြာပြီပေါ့။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးတို့ ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရေးတို့ဆိုတာ ပုံမှန်လုပ်နေကျ အလုပ်တွေပါ။ ရန်ကုန်ဆေးရုံကြီး ကိစ္စကတော့ အများကြီး ပိုပြီးတော့ ခရီးရောက်ပါတယ်။ ရန်ကုန်တက္ကသိုလ် ကိစ္စကတော့ လုပ်ရတာ နည်းနည်းခက်ပါတယ်။ ဒါပေမယ့် အခုပြန်ပြီးတော့ လုပ်စရာတွေ တော်တော်များပါတယ်။ ရန်ကုန်တက္ကသိုလ်ကိစ္စ ပြောရရင် ကျောင်းသားသမဂ္ဂ ဖျက်ဆီးခံရတဲ့ ကိစ္စကို လူတိုင်း စိတ်ဝင်စားပါတယ်။ အစ်မတို့ အစိုးရ လက်ထက်မှာ ကျောင်းသား သမဂ္ဂ အဆောက်အဦး ပြန်ဆောက်မလား ခင်ဗျာ့။ ကျောင်းသား သမဂ္ဂ အဆောက်အဦး ဆောက်တယ်ဆိုတာ ပြည်သူကလည်း လိုလားကြတယ်၊ ဘာမှလည်း အန္တရယ်မရှိပါဘူး။ ဖြစ်နိုင်ရင် လုပ်သင့်တဲ့ကိစ္စပါ။ တစ်ကယ်လို့များ လုပ်မယ်ဆိုရင် မူလပုံစံအတိုင်း ဖြစ်သင့်သလား ခင်ဗျာ့။ ဒါကတော့ သက်ဆိုင်တဲ့လူတွေက ဆုံးဖြတ်ရမှာပဲ မူလပုံစံ အနေအထားကို ပြန်ပြီးလုပ်လို့ရှိရင် အားလုံးကလည်း လက်ခံတယ် သင့်တော်တယ်ဆိုရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် တစ်ချို့ကလည်း ခေတ်နဲ့ လျော်ညီအောင် လုပ်ချင်တဲ့လူလည်း ရှိပါတယ်။ အဲ့ဒါလည်း မမှားပါဘူး တစ်ခေတ် တစ်ခေတ်ကို မှတ်သားသွားတာပေါ့နော်။ တစ်ချို့နိုင်ငံတွေက နှစ်တွေ ရာနဲ့ချီပြီးတော့မှ တည်ဆောက်ခဲ့တဲ့အခါမှာ အဆောက်အဦး အသစ်တွေ ဆောက်တဲ့အခါ သူတို့က နောက်ဆုံးပုံစံနဲ့ ဆောက်တာပဲ။ ဒါပေမယ့် အားလုံးတော့ သဟဇာတ ဖြစ်ဖို့တော့ လိုတာပေါ့။ ဘယ်လို ပုံစံနဲ့ ဆောက်မလဲဆိုတာ အစ်မ တစ်ယောက်တည်း ဆုံးဖြတ်မှာလည်းမဟုတ်ဘူး အခုအချိန်မှာ ဘယ်သူမှလည်း ဆုံးဖြတ်လို့မရသေးဘူး။ တကယ် ဒီလုပ်ငန်းကို အကောင်အထည်ဖေါ်တဲ့အခါမှ အားလုံးဝိုင်းပြီး စဉ်းစားရမှာပါ။ ကျောင်းသား သမဂ္ဂတွေ မြန်မာနိုင်ငံမှာ ပေါ်ထွန်းရေးကော အစ်မ ဘယ်လိုသဘောထားသလဲ ခင်ဗျာ့။ ဒါကတော့ ပညာရေး ဥပဒေထဲမှာ ပါပြီးသားလေး အဆင့်မြင့် ပညာရေး ဥပဒေကျလို့ရှိရင် ကျောင်းသား သမဂ္ဂတွေ ပေါ်ပေါက်ရေးဆိုတာဟာ တက္ကသိုလ်တွေဟာ သူတို့ ပဋိညာဉ် စာတမ်းအရ သတ်မှတ်မှာ ဖြစ်ပါတယ်။ အနုပညာရှင်တွေနဲ့ အနှေးယာဉ်လုပ်သားတွေ ရွေးကောက်ပွဲမှာ ကူညီခဲ့တဲ့အတွက် အစ်မ ဂုဏ်ပြုတာ ကျနော်တို့ ကြားရတယ်။ အဲဒီတော့ ရွေးကောက်ပွဲအတွက် ကူညီခဲ့တဲ့ တခြား အဖွဲ့အစည်းတွေကိုကော အစ်မ တွေ့ဖို့ရှိသေးလား ခင်ဗျာ့။ အားလုံးကို တွေ့ဆုံဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ တစ်တိုင်းပြည်လုံးကလည်း အားလုံး ကူညီကြပါတယ်။ အနုပညာရှင်တွေနဲ့ အနှေးယာဉ်လုပ်သားတွေကို သေသေချာချာ ဂုဏ်ပြုရတဲ့အကြောင်းက တော်တော်ကို အပင်ပမ်းခံခဲ့ရပါတယ်။ ကိုယ့်စရိတ်နဲ့ကိုယ် လုပ်ကြတယ် နောက် အထူးသဖြင့် အနှေးယာဉ် အလုပ်သမားတွေ ဆိုလို့ရှိရင် တစ်နေ့လုပ်မှ တစ်နေ့စားရတာ တစ်ကယ့်ကို အနစ်နာခံပြီးတော့ ယုံကြည်ချက်အရ လုပ်တော့ အထူးကျေးဇူးတင်ပါတယ်။ အနုပညာရှင်တွေလည်း ကျေးဇူးတင်တယ် အနုပညာရှင်တွေဆိုတာ သူတို့ဘာသာ သူတို့နေလို့ရှိရင် အနေသာကြီး။ ဘယ်သူကလည်း ဘာမှ ပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ဘဝတစ်ခုအတွက်ပဲ မစဉ်းစားဘဲနဲ့ တိုင်းပြည်အတွက် လုပ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို သဘောကျလို့။ ၂၀၁၅ ခုနှစ်ဟာ မြန်မာပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် နှစ်ဖြစ်တဲ့အတွက် အင်မတန် အရေးကြီးတယ်။ ပြည်သူလူထုအားလုံး ဝိုင်းဝန်း ကြိုးပမ်းကြပါလို့ အစ်မ ပြောခဲ့တယ်။ အခု ၂၀၁၅ ခုနှစ် ကုန်တော့မယ်ခင်ဗျာ့ မြန်မာပြည်သူတွေ တာဝန် ကျေခဲ့ပါသလား ခင်ဗျာ။ ဒီနှစ်အတွက် ကျေခဲ့ပြီ ဒါပေမယ့် နောက်နှစ်တွေ နောက်နှစ်တွေ ရှိသေးတယ်။ တာဝန်ဆိုတာ ဘယ်တော့မှ ဆုံးတာ မဟုတ်ပါဘူး လူဆိုတာ အသက်ရှိနေသရွေ့ တာဝန်ဆိုတာ ရှိတာပဲ။ အဲ့ဒီတော့ တာဝန်ကို မကြောက်စေချင်ဘူး ဘာဝန်ဆိုတာ ရှိဦးမှာလား ဆိုတဲ့စိတ်နဲ့ မဟုတ်ဘဲနဲ့ ငါတို့မှာ တာဝန်တွေရှိတယ် ဆိုတဲ့စိတ်နဲ့ တက်တက်ကြွကြွနဲ့ ဆက်ပြီးတော့ လုပ်စေချင်ပါတယ်။ ၂၀၁၅ ခုနှစ် ဖြစ်ပေါ်မှုတွေကိုကော အစ်မ ကျေနပ်မှုရှိလား။ ကျေနပ်မှုရှိပါတယ် ပြည်သူလူထုကနေပြီးတော့ တာဝန်ကျေပါတယ်။ ဒါပေမယ့် ခုဏ ပြောသလိုပဲ တာဝန်ဆိုတာကတော့ ဘယ်တော့မှ မဆုံးပါဘူး။ ဆက်ဆက်ပြီးတော့ ရှိမှာပါ အားလုံးအတူတူ လက်တွဲပြီးတော့ ဒီတာဝန်တွေကို ထမ်းဆောင်လို့ရှိရင်လည်း ထင်သလို လေးပင်မှာ မဟုတ်ပါဘူး။ ပေါ့ပါးမှာပါ။ ပြည်သူပြည်သားအားလုံးအတွက် နှစ်သစ်ကူးစကား ချီးမြင့်ပေးပါ ခင်ဗျာ။ နှစ်သစ်ကူးစကား တိုတိုနဲ့ ပြောရလို့ရှိရင် ဒီလိုတာဝန်တွေကို ဒီအချိန်မှာ ထမ်းဆောင်ပိုင်ခွင့်ရှိတာကို ဂုဏ်ယူပါ။ ဒီခေတ် ဒီအခါမှာ အသက်ရှင်နေတဲ့ နိုင်ငံသူ နိုင်ငံသားတွေအတွက် တိုင်းပြည်အတွက် အခွင့်အရေးကြီးရတယ် အခွင့်ကောင်းရတယ် ဆိုတာကို ဝမ်းသာကြပါ။
mizzima

မြန်မာနိုင်ငံမှ ပီနန်သို့ ခုတ်မောင်းလာသည့် သင်္ဘော ဖူးခက်ပင်လယ်အနီးတွင်နစ်မြှပ်မှုဖြစ်ပွား

မြန်မာနိုင်ငံမှ ပီနန်သို့ ခုတ်မောင်းလာသည့် သင်္ဘော ဖူးခက်ပင်လယ်အနီးတွင်နစ်မြှပ်မှုဖြစ်ပွား +++++++++++++++++++++++++++++++++++++++++++++++++++ မြန်မာသင်္ဘောသား ၇ ဦးကို ထိုင်းရေတပ်က ကယ်တင် +++++++++++++++++++++++++++++++++++++++++++++++++++ ထိုင်းနိုင်ငံ ဖူးခက်မှရေမိုင်၁၅၀အကွာတွင် သင်္ဘောနစ်မြှပ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သင်္ဘောတွင်လိုက်ပါလာသည့် မြန်မာသင်္ဘောသား ၇ ဦးကို ထိုင်းရေတပ်ပိုင် ဆိုင်ဘူရီဖရီးဂိတ်င်္ဘော မှ ကယ်တက်ခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာ ၃၁ရက်ယနေ့ နံနက်က ဆယ်ယူရရှိခဲ့သည့်အဆိုပါသင်္ဘောသား ၇ ဦးလိုက်ပါလာသည့် သင်္ဘောသည် ရခိုင်ပြည်နယ်မှ ပီနန်သို့ ကုန်သယ်ရန်သွားရောက်ခြင်းဖြစ်ကြောင်းသိရသည်။ သင်္ဘောသည် ဖူးခက်မှ အနောက်ရေမိုင် ၅၀ အကွာတွင်ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီ ကနစ်မြှပ်ခဲ့ခြင်းဖြစ်ကြောင်းဘန်ကောက်ပိုစ်သတင်းစာ ၏ဖော် ပြချက်အရသိရသည်။ ယခုအခါ ကယ်ဆယ်ထားသည့် မြန်မာသင်္ဘောသားများကို နေရပ်သို့ပြန်ပို့ရန် ထိုင်းနိုင်ငံမှတာဝန်ရှိသူများကစီစဉ်လျှက်ရှိကြောင်းသိရသည်။ Ref :Bangkok Post ‪#‎Democracytoday‬ Photo -နစ်မြှပ်ခဲ့သည့် သင်္ဘောသားများကို ခက်ခက်ခဲခဲဆယ်ယူနေပုံနှင့် ဆယ်ယူရရှိခဲ့သည့် မြန်မာသင်္ဘောသားခုနှစ်ဦးကို ထိုင်းနိုင်ငံရေတပ်မှ တာဝန်ရှိသူများနှင့်တွေ့ရစဉ်။

ရက်နေ4း20 ခန့်က့ မြိတ်မြို့နယ် ကျွဲကူး လှေထောက်ကျင်း တိုးတက်အောင်

36 mins · 31 12 2015 ရက်နေ4း20 ခန့်က့ မြိတ်မြို့နယ် ကျွဲကူး လှေထောက်ကျင်း တိုးတက်အောင် လှေနှင့်အခြားလှေတစ်စီး ပေါင်းနှစ်စီး မီးလောင် စတင်လောင်ကျွမ်း နေကြောင်း သတင်းရရှိပါတယ် ============ Ko Ye Credit April Maung Maung

Wednesday 30 December 2015

ခေါင်းအေးအေးနဲ့ တကယ်စဉ်းစားဆင်ခြင်တတ်တဲ့လူတွေဖြစ်ဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့ အရေးကြီးတယ် "

ခေါင်းအေးအေးနဲ့ တကယ်စဉ်းစားဆင်ခြင်တတ်တဲ့လူတွေဖြစ်ဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့ အရေးကြီးတယ် " ‪#‎မင်းကိုနိုင်‬ Q. သတင်းအချက်အလက်တစ်ခုကို ရတဲ့အခါမှာ အဲဒီသတင်းဟာ မှန်လား၊ မှားလား၊ ဖြစ်နိုင်ခြေရှိလား၊ ဖြစ်နိုင်ခြေမရှိဘူးလား၊ မမှန်ဘူးဆိုရင်ရော ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီသတင်းမှားကို လွှင့်တာလဲဆိုတာမျိုး ဝေဖန်ဆန်းစစ်တတ်ဖို့ ဆွေးနွေးပေးပါဦး အစ်ကို။ A. အဲဒါကို ကျွန်တော်က ကိုယ်ခံအားလို့ ပြောချင်တယ်။ လူတိုင်းဟာ နေ့စဉ်နဲ့အမျှ ရောဂါပိုးပေါင်းစုံနဲ့ ထိတွေ့နေရတယ်။ လေထဲမှာ၊ ရေထဲမှာ၊ အစားအသောက်ထဲမှာ ရောဂါပိုးတွေ ရှိနေကြတာပဲ။ ဒါပေမဲ့ ကိုယ်ခံအားကောင်းတဲ့သူက ခံနိုင်ရည်ရှိတယ်။ ရောဂါမဖြစ်ဘူး။ ကိုယ်ခံအား မကောင်းတဲ့သူကတော့ ရောဂါတွေ ဖြစ်လာမယ်။ စိတ်ရဲ့သဘောကလည်း ဒီလိုပဲ။ စိတ်မှာ ကိုယ်ခံအားကောင်းတယ်ဆိုတာ စာကောင်း ဖတ်ထားတယ်၊ စကားကောင်း နားထောင်ထားဖူးတယ်၊ ရင့်ကျက်ပြည့်ဝနေတယ် ဆိုတာမျိုးကို ပြောတာ။ အဲဒါဆိုရင် လာသမျှသတင်းတွေကို လက်မခံတော့ဘဲ အမှားအမှန် ဝေဖန်ဆန်းစစ်နိုင်တဲ့ အသိဉာဏ်ရှိနေမယ်။ ဒါက အသက်အရွယ်နဲ့တောင် မဆိုင်တော့ဘူး။ အသက်ကြီးနေပေမယ့်လည်း တစ်ခါတလေကျရင် သတင်းနဲ့အတူပါလာတဲ့ ၀ါဒဖြန့်ချိမှုအောက်မှာ တလိမ့်ခေါက်ကွေး ပါလာတတ်ကြတယ်။ စိတ်ထဲက သိသလိုလိုတော့ ရှိတယ်။ ဒါပေမဲ့ ပါတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအောက်မှာ နှိုးဆွမှုတွေ ရှိနေကြလို့ပဲ။ ကျွန်တော်တို့ရဲ့ငုပ်နေတဲ့ အရာတွေကို နှိုးဆွတာတွေရှိတယ်။ ဇာတိမာန်ကို တလွဲသုံးတာမျိုးတွေရှိတယ်။ အဲဒီအခါကျတော့ ငုပ်နေတာကို ချက်ချင်းသွားပြီးတော့ ဆွတဲ့အတွက် လူတွေဟာ ရုတ်တရက် ထရပ်လိုက်မိကြတယ်။ အားလုံးက ခေါင်းအေးအေးနဲ့ တကယ်စဉ်းစားဆင်ခြင်တတ်တဲ့ လူတွေဖြစ်ဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့ အရေးကြီးတယ်။ တစ်ခုရှိတာက ကျွန်တော်တို့ဆီမှာ သတင်းကို စောသိတာမျိုးကို ဂုဏ်ယူတတ်တာပဲ။ သိပြီးပြီလား။ မသိသေးဘူးဆိုရင်ပဲ သူက နည်းနည်းခေတ်နောက်ကျကျန်ခဲ့သလိုပေါ့။ အဲဒါကြောင့် သတင်းကိုသိခြင်း၊ မသိခြင်းထက် ဘယ်အကြောင်းအရာမဆို အလှည့်စားမခံရဖို့ ကျွန်တော်က နည်းနည်းတိုက်တွန်းချင်တယ်။ သတင်းကို သူ့ထက်သိတာ နောက်ကျပေမယ့် စောသိတဲ့လူက အလှည့်စားခံရပြီဆိုရင် ပိုနစ်နာတာပေါ့။ နောက်မှ သိရရင် သိရပါစေ။ သတင်းထဲမှာပါဝင်တဲ့ စေတနာယုတ်တွေနောက်ကို ကိုယ်ပါမသွားဖို့ လိုတယ်။ သတင်းရဲ့ အနှစ်သားကို ထုတ်နိုင်တယ်ဆိုရင်လည်း နောက်ကျမှသိတဲ့သူက ပိုကောင်းပါသေးတယ်။ " ကျွန်တော်တို့က မေးခွန်းထုတ်တဲ့ မျိုးဆက်ကို လိုချင်တာဆိုတဲ့ ကိုမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း " အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ချက် ‪#‎လူငယ်နှင့်ဦးဆောင်မှု‬ Eternal Light Magazine

စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့

စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Team)အား ဖျက်သိမ်းလိုက်ပြီ 30-12-2015 ပြည်တွင်း- ပြည်ပသို့ ကုန်သွယ်မှုလမ်းကြောင်းများမှ တရားမဝင်တင်ပို့/တင်သွင်း နေခြင်းများအား စနစ်တကျစိစစ်ဖော်ထုတ်ရန် နိုင်ငံတော်မှ တာဝန်ပေးချက်အရ တရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်စေရေး၊ စားသုံးသူပြည်သူလူထု အကာအကွယ်ပေးရေး စသည့် ရည်ရွယ်ချက်များဖြင့် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့သည့် “စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့” Mobile Team အား ယနေ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့် တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်တို့ ပြောကြားသည့် မင်္ဂလာဆုမွန်တောင်း နှစ်သစ်ကူးစကားသံများအား မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောကြားသည့် မင်္ဂလာဆုမွန်တောင်း နှစ်သစ်ကူးစကားသံများအား မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

ဗိုလ်မှူး ကျော်နုမော်ကို တပ်မတော်မှ ထုတ်ပယ်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်၏ နေအိမ်ခြံဝင်းတွင် ၈နှစ်အရွယ် မိန်ကလေးကို အမျိုးသမီးကြီးက ကိုယ်တုံးလုံးချွတ်ကာ နေပူလှမ်းရိုက်နှက်နှိပ်စက်မှုကြောင့် အိမ်ရှင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ကို တပ်မတော်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ “နှိပ်စက်ခံရတဲ့ ကလေးငယ်ရဲ့ မိဘတွေကို ငွေဆယ်သိန်း နစ်နာကြေးပေးပြီး ကလေး အိမ်ခေါ်ထားမှုရယ်၊ အိမ်ခေါ်ထားတဲ့ ကလေးနှိပ်စက်ခံရတယ်ဆိုတာ အိမ်ရှင်ဗိုလ်မှူးကျော်နုမော်မှာ တာဝန်ရှိတယ်၊ ဒါကြောင့် သူ့ကို တပ်မတော်က စစ်ခုံရုံးဖွဲ့ စစ်ဆေးတယ်၊ အမျိုးသားလွှတ်တော်တာဝန်ကနေ ရပ်ဆိုင်းခဲ့ပြီး တပ်မတော်က အပြီးအပိုင် ထုတ်ပယ်လိုက်ပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး တပ်မတော်အသိုင်းအဝိုင်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ ကလေးကို ညှဉ်းပန်းနှိပ်စက်ခံသော အသက် ၄၂ နှစ် အရွယ်ရှိ အိမ်အကူ အမျိုးသမီးကို ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားပြီး ပါဝင်ပတ်သက်သူများ၏ စစ်ဆေးချက်များကို ကလေးသူငယ် နှိပ်စက်မှုတွင် တိုက်ရိုက် စေခိုင်းသူ သို့မဟုတ် နောက်ကွယ်မှ စေခိုင်းသူအဖြစ် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါက တရားရုံးကထပ်မံအမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။ The Voice Weekly·

Tuesday 29 December 2015

နောက်ဆုံးရ ထောင်တွင်း ထိုင်းနိုင်ငံ ၊လိပ်ကျွန်း သတင်း

နောက်ဆုံးရ ထောင်တွင်း ထိုင်းနိုင်ငံ ၊လိပ်ကျွန်း သတင်း ------------------------------- ဒီနေ့မနက် ၁၁း၂၀-၁၂နာရီအထိ ထိုင်းအမျိုးသမီးရှေ့နေ၃ဦးနဲ့မဇာတို့ စုစုပေါင်း၎ဦး ညီငယ်၂ဦးကိုထောင်ဝင်စာတွေ့ခဲ့ကြပါတယ်။ ညီငယ်၂ဦးကိုနေ့ခင်းပိုင်းမှာ သီးသန့်၂ဦးတည်းခွဲထားပြီး ညအိပ်ချိန်မှာ အဆောင်ထဲအခြားအကျဉ်းသား၆၁ဦးနဲ့ တူတူအိပ်ရကြောင်းသိရပါတယ်။ သူတို့ကို ၂၄နာရီခြေကျင်းနဲ့ ၄လအထိ ထားမယ်လို့ သိရပါတယ်။ ထောင်ပြောင်းချိန်က ကြိုတင်အသိမပေးခဲ့သလို၊ ထောင်တွင်းကောလာဟလများအရ ဒီထောင်ဟာဆိုးတယ်လို့ကြားထားတော့ ညီငယ်၂ဦးဟာ အစောပိုင်းမှာ စိုးရိမ်စိတ်ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ သို့သော် ဒီထောင်ကိုရောက်လာတဲ့အခါမှာ ထောင်ဝန်ထမ်းနဲ့တကွအခြားအကျဉ်းသားများက ကောင်းမွန်စွာဆက်ဆံပြီးအားပေးစကားတွေပြောကြတာကြောင့် စိုးရိမ်စိတ်တွေလျော့သွားပြီလို့ဆိုပါတယ်။ရှေ့နေတွေက ထောင်ဝင်စာလာပေးတဲ့အတွက်လည်း ၀မ်းသာနေကြပါတယ်။ ညီငယ်၂ဦးဟာ အဆောင်၆/၂ မှာနေရပါတယ်။ သူတို့ကိုဆွေမျိုးများအနေနဲ့ အင်္ဂါနဲ့ကြာသာပတေး ၂ရက် ထောင်ဝင်စာတွေ့လို့ရပါမယ်။ ရှေ့နေအနေနဲ့ကတော့ နေ့စဉ်တွေ့လို့ရနိုင်ကြောင်းသိရပါတယ်။ ဒီနေ့မှာ မိခင်၂ဦးလည်း ထောင်ဝင်စာတွေ့ဖို့ရောက်နေပြီး မွန်းလွဲပိုင်းမှာ တွေ့ခွင့်ရမယ်လို့သိရပါတယ်။ သူတို့အတွက် ကိုယ်ပိုင်အသုံးဆောင်ပစ္စည်းအချို့တွေတော့ တပါတည်းပါလာ ပြီး ကျန်နေတဲ့အချို့နဲ့ ငွေကိုတော့ ကော့စမွီထောင်ကနေ လွှဲပြောင်းလာပေးဖို့စီစဉ်နေပါတယ်။ ဒီထောင်မှာ တီဗီကြည့်ခွင့်ရတာကြောင့် သူတို့ရဲ့သတင်းတွေကို တီဗီကလာသလောက် ကြည့်နေရတယ်လို့သိရပါတယ်။ ရှေ့နေအဖွဲ့အနေနဲ့ အနည်းဆုံး၁လ၁ခေါက်လောက် ထောင်ဝင်စာတွေ့ဖို့ စီစဉ်သွားမှာဖြစ်ပြီး အသေးစိတ်ကို ပြန်ဆွေးနွေးညှိနှိုင်းသွားပါမယ်။ လောလောဆယ် ရှေ့နေများသတင်းပို့လာသလောက် အများသိဖို့ ရေးတင်ပေးလိုက်ပါတယ်။ ထပ်မံသိရတဲ့ထူးခြားချက်များကို ပြန်တင်ပေးပါဦးမယ်။ Credits: Sein Htay Sun Via Nanda Kyaw Swar

ဆောက်လုပ်ဆဲ NLD ရုံးချုပ် အဆောက်အအုံတွင် ကျင်းပမည့် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမည်

ဆောက်လုပ်ဆဲ NLD ရုံးချုပ် အဆောက်အအုံတွင် ကျင်းပမည့် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်သည့် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနားသို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်တိုင်း NLD အလုပ်အမှု ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက “နံနက် ၁၀ နာရီမှာ ရုံးချုပ်မှာ လုပ်မှာပါ။ အန်တီ တက်ပါ့မယ်ခင်ဗျ။ သဘာပတိ ဘဘဦးတင်ဦးက အဖွင့်စကားပြောမယ်။ ပြီးရင် အန်တီ စကားပြောမယ်။ ပြီးရင် ကြေညာချက်ဖတ်မယ်။ သ၀ဏ်လွှာတွေ မှတ်တမ်းတင်မယ်။ သဘာပတိ နိဂုံးချုပ် စကားပြောမယ်။ ပြီးရင် ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ဧည့်ခံမယ်။ မြို့နယ်တွေကနေ စတုဒိသာကျွေးဖို့လည်း ဖိတ်ခေါ်ထားတာ ရှိပါတယ်။ မြို့နယ်အလိုက် ကျွေးနိုင်တဲ့ စတုဒိသာပေါ့” ဟု ပြောကြားသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဆောက်လုပ်ဆဲ NLD ရုံးချုပ် အဆောက်အအုံတွင် ကျင်းပမည်ဖြစ်ကာ အဆိုပါ အဆောက်အအုံကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်နေသည်။ eleven

လက်ဖက်ရည်ဆိုင် ဝန်ထမ်းများကို အချိန်ပိုကြေးမပေးဘဲ ရှစ်နာရီထက် ပိုခိုင်းပါက ဆိုင်ရှင်ကို အရေးယူမည်

လက်ဖက်ရည်ဆိုင် ဝန်ထမ်းများကို အချိန်ပိုကြေးမပေးဘဲ ရှစ်နာရီထက် ပိုခိုင်းပါက ဆိုင်ရှင်ကို အရေးယူမည် ------------------------------------------------------------------ မန္တလေး၊ ဒီဇင်ဘာ ၂၈ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့ရှိ ဝန်ထမ်းများကို ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တစ်ရက် အလုပ်လုပ်ချိန် ရှစ်နာရီထက် ပိုခိုင်းပါက အချိန်ပိုကြေးပေးရမည် ဖြစ်ပြီး ထိုသို့မပေးဘဲ ခိုင်းစေပါက အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဇော်က ပြောကြားသည်။ “အလုပ်သမားတွေကို အချိန်ပိုခိုင်းမယ်ဆိုရင် အချိန်ပိုကြေးပေးရမယ်။ မပေးရင် အရေးယူမယ်ဆိုတာ ခဏခဏ အသိပေးပြီးသား။ မန္တလေးက အလုပ်သမားရှိတဲ့ ဆိုင်တိုင်းကို ပြောပြီးသား။ မသိတဲ့ဆိုင် မရှိဘူး” ဟု ၎င်းက ဆိုသည်။ လက်ဖက်ရည်ဆိုင်များနှင့် ဘီယာဆိုင်များသည်၊ နံနက်လင်းချိန်မှစ၍ ညပိုင်း ညနက်ချိန်ထိ အလုပ်လုပ်ရသော လုပ်ငန်းများဖြစ်သည့် အတွက် အလုပ်ရှင်များ အနေနှင့် အလုပ်သမားများ၏ အလုပ်ချိန်၊ လုပ်ခလစာများကို ဥပဒေများနှင့်အညီ ခိုင်းစေပေးချေရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး အလုပ်သမားရေးရာများကို ဆောင်ရွက်ပေးရသော တိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးသန်းမြင့်စိုးက ပြောကြားသည်။ “အလုပ်သမား အခွင့်အရေးတွေကို အလုပ်သမားလေးတွေက တောင်းဆိုဖို့လည်း လိုပါတယ်။ သူတို့လေးတွေက သူတို့ရဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရတာကြောင့် ကလေးအလုပ်သမား ဆိုတာက ရှိတယ်။ မြန်မာနိုင်ငံမှာ ကလေးလုပ်သား မရှိအောင်က လက်ရှိအခြေအနေတွေအရ မဖြစ်နိုင်သေးဘူး” ဟု ၎င်းက ထပ်မံဆိုသည်။ ကလေးအလုပ်သမားများ အနေနှင့် အလုပ်သမား အခွင့်အရေးများကို သိရှိနားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့ကိုယ်စား အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများက တောင်းဆိုပေးခြင်း၊ အလုပ်သမားများကို အလုပ်သမား အခွင့်အရေးများ သိရှိနားလည်အောင် ရှင်းပြခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးသန်းစိုးမြင့်က ထပ်လောင်းပြောကြားသည်။ “ဒီမှာတော့ အလုပ်ချိန် ရှစ်နာရီ မကျော်ပါဘူးဗျ။ ဆိုင်က မနက် ၅ နာရီကနေ ညဆယ်နာရီထိ ဖွင့်တာကို ဝန်ထမ်းက နှစ်ဖွဲ့ကို အလှည့်ကျတာဝန်နဲ့ပါ နားချိန်တွေလည်း ရှိပါတယ်။ အလုပ်သမားရုံးက ခေါ်ပြီးသတိပေးတာတွေ ဘာတွေတော့ ကျွန်တော်မကြုံဖူးဘူးဗျ။ အရင်မန်နေဂျာတွေတော့ မသိဘူး” ဟု မန္တလေးခရိုင် အောင်မြေသာစံမြို့နယ် အတွင်းရှိ အာကာမင်း လက်ဖက်ရည်ဆိုင်တစ်ခုမှ မန်နေဂျာတစ်ဦးက ဆိုသည်။ လက်ရှိတွင် အလုပ်ရုံဆိုင်ရာ ဥပဒေသည် ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ပြီး ယင်းဥပဒေတွင် အလုပ်ရုံ ဥပဒေကို ဖောက်ဖျက်သူသည် ဒဏ်ငွေကျပ်ငါးရာ သို့မဟုတ် ထောင်ဒဏ်သုံးလ ကျခံရမည်ဟု ပြဋ္ဌာန်းထားပြီး အလုပ်ရုံ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် စီစဉ်နေကာ လက်ရှိတွင် မပြီးသေးကြောင်း ဦးဇော်ဇော်က ဆက်လက်ပြောကြားသည်။ အလုပ်ရှင်များ အနေနှင့် အလုပ်သမားများကို အလုပ်လုပ်ချိန် ရှစ်နာရီနှင့် နားချိန် သုံးနာရီ စုစုပေါင်း ၁၁ နာရီတိတိ အလုပ်သမားကို အလုပ်ထဲတွင် နေခိုင်း၍ ရပြီး အချို့အလင်းဖွင့်ရသော လက်ဖက်ရည်ဆိုင်များတွင် အဆိုင်းများလဲကာ ခိုင်းစေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ယင်းသို့ အလုပ်သမားများကို အလုပ်ချိန်ပို မခိုင်းစေရေး မန္တလေးခရိုင် အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စတိုးဆိုင် ပိုင်ရှင်များ ခေါ်ယူတွေ့ဆုံ သတိပေးခြင်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့က တိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာန ရုံးတွင် ကျင်းပခဲ့ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။ (မောင်သန့်)

အကယ်ဒမီဆုပေးပွဲ ဧပြီပထမပတ်တွင် ကျင်းပမည်

၂၀၁၄-၁၅ အတွက် (၂) နှစ်ပေါင်းပြုလုပ်မည့် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကိုလာမည့် ဧပြီ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဒုဥက္ကဋ္ဌဦးအေး ကြူလေးကပြောသည်။ ‘‘ဧပြီပထမပတ်ထဲမှာလုပ်ဖို့ တော့ သေချာသလောက်ဖြစ်သွား ပြီ။ ရက်ကတော့ အတိအကျ မ သတ်မှတ်ရသေးဘူး’’ဟု ဦးအေး ကြူလေးကပြောသည်။ ၂၀၁၄-၁၅ (၂) နှစ်ပေါင်း ပေးအပ်မည့် ရုပ်ရှင်ထူးချွန်ဆုပေး ပွဲကို ယခင်က ဖေဖော်ဝါရီအတွင်း ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အစိုးရအပြောင်းအလဲကာလ ဖြစ် သောကြောင့် ဧပြီလသို့ရွှေ့ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွက် အ ကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ် ကား၁၇ ကားရှိပြီး ထူးချွန်ဆုတစ် ဆုချင်းစီ အလိုက် သက်ဆိုင်ရာ အနုပညာရှင်၊ အတတ်ပညာရှင် များပါဝင်သည့် ဆုရွေးချယ်ရေး အဖွဲ့များ ခွဲ၍ ၂၀၁၄ အတွက် ထူးချွန်ဆုများကို ရွေးချယ်ပြီးစီး သွားပြီဖြစ်သည်။ ယခုနှစ်အတွက် အကယ်ဒမီစာရင်းဝင်ကားများ၏ ဆန်ခါတင် ဆုစာရင်းကိုထုတ်ပြန် ခဲ့ခြင်းမရှိပေ။ ၂၀၁၅ အတွက် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၂ ကားခန့်သာရှိပြီး ဒီဇင်ဘာ ၃၁ ရက်အထိ ရုံတင်သည့် ရုပ်ရှင်များ စာရင်းဝင်မည်ဖြစ်သောကြောင့် ဇာတ်ကားအရေအတွက်ကို အ တိအကျမပြောနိုင်သေးဟု ဦး အေးကြူလေးကပြောသည်။ ယခုနှစ်ထူးချွန်ဆုပေးပွဲတွင် ၂ နှစ်စာဆုများ ပေးအပ်ရမည် ဖြစ်သောကြောင့် ယခင်နှစ်များ ထက် အချိန်ပိုမိုကြာမြင့်မည်ဖြစ် ၍ ဆုပေးပွဲပြုလုပ်မည့်နေရာရွေး ချယ်နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။ ၂၀၁၃ ရုပ်ရှင်ထူးချွန်ဆုပေး ပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံးအနေဖြင့် ပထမအကြိမ် ဦး ဆောင်ပြုလုပ်ခဲ့ရာ အတတ်ပညာ ရှင်ဆိုင်ရာဆု အများစု ပေးအပ် နိုင်ခဲ့ခြင်းမရှိသောကြောင့် ဝေဖန် မှုများကြုံခဲ့ရသည်။ 7day

ဒေါ်အောင်ဆန်းစုကြည်ရန်ကုန်တက္ကသိုလ်ပြုပြင်ေ၇းအစည်းဝေးတက်ရောက်.

: ဒေါ်အောင်ဆန်းစုကြည်ရန်ကုန်တက္ကသိုလ်ပြုပြင်ေ၇းအစည်းဝေးတက်ရောက်. နေပြည်တော် ၂၀၁၅ ခုနှစ်၊ဒီဇင်ဘာလ ၂၉ ရက်နေ့ ၊နံနက် ၉း၀၀နာရီ အချိန်တွင် လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင် ( I.12 ) ပြည်သူလွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဆောင် တွင်ကျင်းပပြုလုပ်သော ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့် မြှင့် တင်ရေးအဖွဲ့ ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ ပြိး အဆိုပါအစည်းအဝေးသို့  ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဋ္ဌ)၊ ဒေါက်တာမောင်မောင်ဝင့်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာမြဦး(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးဖြိုးဇေယျသော်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာသိန်းဝင်း(ညွှန့်ကြားရေးမှူးချုပ် အဆင့်မြင့်ပညာဦးစီးဌာန)၊ ဒေါက်တာလှိုင်(ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)၊ ဒေါက်တာသိန်းဝင်း(ညွှန်/ချုပ်အဆင့်မြင့်ပညာ)၊ ဒေါက်တာဖိုးကောင်း(တာဝန်ခံပါမောက္ခချုပ်)၊ ဦးတင်ဝေ(ဒုတိယအမြဲတမ်းအတွင်းဝန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)၊ ဒေါ်ဆွေဆွေအောင်(ဌာနမှူး စီမံ-ဘဏ္ဍာ) တိုတက်ရောက်ဆွေးနွေးခဲ့ ကြသည်။ NLD Chairperson added 5 new photos to the album

အစိုးရတပ်နဲ့ ရခိုင်သူပုန် တိုက်ပွဲပြင်းထန်

Tuesday, December 29, 2015 အစိုးရတပ်နဲ့ ရခိုင်သူပုန် တိုက်ပွဲပြင်းထန် +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ၈ လ နီးပါး တိုက်ပွဲရပ်တန့်နေတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော်တို့အကြား ရခိုင်ပြည်နယ် ကျောက် တော်မြို့နယ်ဘက်မှာ ဒီကနေ့ပါဆို (၃)ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ဒီလိုဖြစ်တဲ့တိုက်ပွဲတွေမှာ နှစ်ဖက်တပ်ဖွဲ့တွေထိခိုက်မှုများပြားနေတယ်လို့ ရခိုင်တပ်မတော်ခေါင်းဆောင်တွေကပြောပါတယ်။လက်ရှိငြိမ်းချမ်း ရေးဖေါ်ဆောင်နေဆဲကာလအတွင်း မြန်မာတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ တိုက်ပွဲတွေရှိနေသေးပေမဲ့ နောင်တက်လာမဲ့အစိုးရသစ်လက်ထက်မှာ ကျယ်ပြန့်တဲ့ငြိမ်းချမ်းရေးဖြစ်လာနိုင်မယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ခေါင်းဆောင်တွေကနေသုံးသပ်ထားပါတယ်။ ဒီအခြေအနေ ကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေ ဆက်သွယ်မေးမြန်းထားပြီး အခုလိုသတင်းပေးပို့ထားပါတယ်။ မြန်မာအစိုးရကနေ NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ထားတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော် တို့အကြား ရခိုင်ပြည်နယ် ကျေက်တော်မြို့နယ် ဘက်မှာ ဒီဇင်ဘာ(၂၇)ရက်ကနေ ဒီကနေ့မနက်အထိ(၃)ရက်ဆက် တိုက်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ နှစ်ဖက်တပ်ဖွဲ့တွေအကြား(၃)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုတော့ ရခိုင်တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် ကအခုလိုပြောပါတယ်။ “ကျောက်တော်မှာဆိုရင် ရွှေပြည်သာစည်ရဲ့ အရှေ့ဘက်ပေါ့။ အဲဒီ ရွှေပြည်သာစည်ရဲ့ အရှေ့ဘက်နားမှာ ဖြစ်တယ်။ မနေ့ကလည်း အဲဒီတ၀ိုက်မှာပါပဲ။ ကျနော်တို့ ရခိုင့်တပ်မတော်ရဲ့ လှုပ်ရှားစစ်ကြောင်းနဲ့ ဒီမြန်မာ့တပ်မတော်ရဲ့ပေါ့နော်၊ ဆကစ (၉) လက်အောက်ခံ ၃၇၅ ကတော့ ဒီကျောက်တော်အခြေစိုက်ပေါ့။ သူတို့နဲ့ ထိတွေ့ပြီးတော့ ကျနော်တို့ တိုက်ပွဲတွေလည်းဖြစ်တယ်။ ဆိုတော့ အဲဒီ ပထမတရက်မှာ သူတို့ နဲနဲ အထိခိုက်များပြီးတော့ ဆုတ်သွားတယ်။ ၂၈ ရက်နေ့မှာ သူတို့ပြန်တက်လာတယ်။ မနေ့ကပေါ့ ၂၈ ရက်နေ့ ဆိုတော့ အဲဒီနေ့ကတော့ ၈ နာရီလောက်ကတည်းက စပြီးတော့ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ကတော့ ၁၀ ကြိမ်အထက်မှာရှိတယ်။ ပြီးရင် ဒီကနေ့မနက်ပဲ သူတို့ တချို့ ပြန်ပြီးတော့ အင်အားတွေထက်တိုးပြီးတော့ ထက်တက်လာတော့ ဒီကနေ့မနက် ၇ နာရီမှာ တိုက်ပွဲတွေ စပြီးတော့ ပြန်ဖြစ်နေတယ်ခင်ဗျ။” (၃)ရက်တာကာလအတွင်း (၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်က အခုလိုဆက်ပြောပါတယ်။ “မြေပြင်တပ်မှူးတွေရဲ့ သတင်းပေးချက်အရ သူတို့ မျက်မြင်ကိုယ်တွေ့တွေ့တာတောင်မှ မြန်မာတပ်မတော်ဖက်က အလောင်းပေါင်း ၂၀ နဲ့ ၁ လောင်းပေါ့နော် သူတို့တွေ့တယ်။ အလောင်း ၅ လောင်းကတော့ သူတို့ယူမသွားဘူး။ ဒဏ်ရာရတာကတော့ သူတို့ဖက်ကတော့ ၃၅ ယောက်လောက်ရှိတယ်။ ကျနော်တို့ကတော့ အဲလိုမျိုး ၂ ယောက်- ၃ ယောက်လောက်တော့ ဒဏ်ရာရတယ်။” အခုလိုဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက် ကျဆုံးမှုများပြားတယ်လို့ ရခိုင်တပ်မတော်ဘက်ကပြော ဆိုခဲ့ပေမဲ့လည်း သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။ လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာကျောက်တော်မြို့နယ်နဲ့မြောက်ဦးမြို့နယ်ဘက်မှာ စစ်တပ်အပါအ၀င် ရဲတပ်ဖွဲ့ဝင် တွေကိုပါ အင်အားဖြည့်တင်းထားပြီး လုံခြုံရေးတိုးမြင့်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရခိုင်တပ်မတော်ဟာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ဌာနချုပ်လိုင်ဇာမှာအခြေပြုပြီး ၂၀၁၄ ခုနှစ်လောက်မှာ ရခိုင်ပြည်နယ်ဒေသအတွင်းကို ၀င်ရောက်လှုပ်ရှားလာခဲ့သလို ပြီးခဲ့တဲ့ မတ်လနဲ့ဧပြီလမှာ ရခိုင်တပ်မတော်နဲ့ မြန်မာ့တပ်မတော် တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့အပြီး (၈)လတာတိုက်ပွဲ ရပ်တန့်နေရာကနေ အခုလိုတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့တာ လဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ထောင်စြုငိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီကိုဖွဲ့စည်းခဲ့ပြီး တိုက်ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဆောင်နေခဲ့ပေမဲ့ ရခိုင်တပ်မတော်အဖွဲ့နဲ့တော့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် NCAခေါ် တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ တွေ့ဆုံဆွေးနွေး ရာမှာလဲ ရခိုင်တပ်မတော် ကိုးကန့်တပ်ဖွဲ့နဲ့ တအာင်ပလောင်တပ်ဖွဲ့တို့ကို ချန်လှပ်ထားခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်တဲ့ တွေ့ဆုံမှုလုပ်ဆောင်ခြင်းမရှိတာဟာ ငြိမ်းချမ်းရေးနဲ့ပက်သက်ပြီးရိုးသားမှုမရှိဘူးလို့ ရခိုင်တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က အခုလိုပြောပါတယ်။ “သူတို့ရဲ့ ကျနော်တို့ ရခိုင်တပ်မတော်ပေါ်မှာ သဘောထားကတော့ နိုင်ငံရေးအရ ချန်ထားလိုမှုတွေကို သူတို့ရဲ့ပြောစကားအရကော၊ လက်တွေ့လုပ်ဆောင်ချက် အရကော ကျနော်တို့တွေ့ရတယ်ဆိုတော့ ဒါ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ သူတို့ ဘက်ကတော့ ဒီကနေ့အချိန်အထိတော့ ရိုးသားမှုမရှိဘူးလို့ပြောလို့ရတယ်။” NCA ခေါ် တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင်(၈)ဖွဲ့ အပါ အ၀င် တပ်မတော်ကိုယ်စားလှယ် အစိုးရနဲ့လွှတ်တော်ကိုယ်စားလှယ် နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့စုဖွဲ့ ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ကနေ လာမဲ့နှစ်သစ် ဇန်န၀ါရီ (၁၂)ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပသွားမှာဖြစ်ပါတယ်။ ညီလာခံတက်ရောက်ဖို့အတွက် ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကို ဖိတ်ကြားခြင်းမရှိသလို ၀တပ်ဖွဲ့UWSAနဲ့ မိုင်းလားတပ်ဖွဲနဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေ အနေနဲ့လည်း ညီလာခံ တက်မတက်ကိုတော့ မဆုံးဖြတ်ရသေးတဲ့အခြေအနေမှာ ရှိနေပါတယ်။ voa

သန်းခေါင်ယံအချိန်တွင်မုံရွာဈေးဟောင်းမီးလောင်

· သန်းခေါင်ယံအချိန်တွင်မုံရွာဈေးဟောင်းမီးလောင် ============================== မုံရွာ၊ဒီဇင်ဘာ၊၂၉ လူအများအိပ်ချိန် သန်းခေါင်ယံအချိန်တွင် မုံရွာဘုရားကြီးရပ်ကွက်ရှိ သီရိရတနာဈေး(ခ) ဈေးဟောင်းအတွင်း အနောက်မြောက် ထောင့်ရှိဈေးရုံမီးလောင် မှုဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့ဗဟိုမီးသတ်နှင့်ရပ်ကွက်အသီးသီးမှ မီးသတ်ကားများငြိမ်းသတ်နေဆဲဖြစ်ပြီး၊မည်မျှ ဆုံးရှုံးမှုမည်မျှရှိမည်ကိုမသိရသေးပေ။ မီးလောင်မှုကြောင့်ဈေးရုံ၃ရုံဆုံးရှုံးခဲ့တယ်လို့ဈေးသူဈေး သားများကပြောကြားသည်။ ၂၀၀၉ခုနှစ်တွင်ချင်းတွင်းရတနာဈေးမီးလောင်ခဲ့ပြီး ဈေးဟောင်းမှာဒုတိယမြောက် မီးလောင်သော ဈေးဖြစ်ခဲ့သည်။ Monywa Gazette

လူကြီးရဲ့ စေခိုင်းချက်အရ ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ငြိမ်း) မိသားစုကို သွားရောက်အားပေးခဲ့တဲ့ နေရွှေသွေးအောင်

လူကြီးရဲ့ စေခိုင်းချက်အရ ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ငြိမ်း) မိသားစုကို သွားရောက်အားပေးခဲ့တဲ့ နေရွှေသွေးအောင် ================================================= ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင်က ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ငြိမ်း) ကွယ်လွန်သွားမှုအတွက် မိသားစုထံ သွားရောက်အားပေးနှစ်သိမ့်ခဲ့ပြီး အဲဒီလို သွားရောက်နှစ်သိမ့်တာက လူကြီးရဲ့ စေခိုင်းချက် အရ ဖြစ်တယ်လို့ သူရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။ "ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ငြိမ်း) ကွယ်လွန်သွားခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက စိတ်မကောင်းစွာကြားသိရပါသည်။ သတင်းသိသိခြင်းပင်လူကြီးများကိုအကြောင်းကြားခဲ့ပြီး လူကြီးများကလည်းချက်ချင်းပင်ကူညီသတင်းမေးရန်ပြောကြားခဲ့သဖြင့် ယမန်နေ့ညနေပိုင်းက ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၏ဇနီးနှင့် တွေ့ဆုံအားပေးခွင့်ရရှိခဲ့ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ငြိမ်း) ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပြီး အဘဦးချစ်ဆွေတစ်ယောက် ငြိမ်းချမ်းသောဘုံဘဝတွင် ကောင်းမွန်နှစ်ခြိုက်စွာအနားယူနိုင်မည်ဟုယုံကြည်ပါသည်"

အေးချမ်းမြတ်မိုးအမှု အမိန့်ချပြီးနောက် နှစ်ဘက်လိုက်ပါလာသူများ တရားရုံးအပြင်၌ ခိုက်ရန်ဖြစ်ပွား

အေးချမ်းမြတ်မိုးအမှု အမိန့်ချပြီးနောက် နှစ်ဘက်လိုက်ပါလာသူများ တရားရုံးအပြင်၌ ခိုက်ရန်ဖြစ်ပွား ------ ------ ------ ------ ------ မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရသည့်အမှုအား ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်ပြီးချိန်၌ တရားရုံးအပြင်ဘက်တွင် နှစ်ဘက် လိုက်ပါလာသူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြစ်မှုကျုးလွန်သူ အံ့ဖြိုးပိုင်အား ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာ ၂၉ ရက် မနက် ၁၁ နာရီခန့်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၂ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမိန့်နှင့်ပတ်သက်၍ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတကြောင်းနှင့် တိုင်းအဆင့်သို့ ထပ်မံတက်ရောက်သွားမည်ဖြစ်ကြောင်း တရားလိုဖြစ်သူ အေးချမ်းမြတ်မိုး၏ဖခင် ဦးဝဏ္ဏက ပြောကြားခဲ့သည် ။News Watch

Monday 28 December 2015

အမေရိကန်နိုင်ငံသားတွေအနှစ်သက်ဆုံးပုဂ္ဂိုလ်စာရင်းထဲ ဒေါ်စုပါဝင်

အမေရိကန်နိုင်ငံသားတွေအနှစ်သက်ဆုံးပုဂ္ဂိုလ်စာရင်းထဲ ဒေါ်စုပါဝင် Tuesday, December 29, 2015 ၂၀၁၅ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အနှစ်သက်ဆုံးအမျိုးသမီးနဲ့အမျိုးသားတွေစာရင်းကို Gallup Poll စစ်တမ်းက ကောက်ခံရာမှာ အမေရိကန်သမ္မတ Barack Obama နဲ့ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရနိုင်ဖို့ မျှော်လင့်ထားတဲ့ Hillary Clinton တို့ဟာ ထိပ်ဆုံးနေရာတွေမှာ ရှိနေပါတယ်။ အမေရိကန်နိုင်ငံသား ၁၇% က အိုဘားမားကို အနှစ်သက်ဆုံး အမျိုးသားအဖြစ် ရွေးချယ်ခဲ့ကြပြီး ၁၃% က ဟယ်လာရီ ကလင်တန်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဟယ်လာရီကလင်တန်ဟာ ထိပ်ဆုံးမှာ အကြိမ်၂၀ မြောက် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး သမ္မတ Obama ကတော့ ခုတကြိမ်ဟာ ၈ ကြိမ်မြောက် အရွေးခံရတာဖြစ်ပါတယ်။ အနှစ်သက်ဆုံး အမျိုးသမီးတွေစာရင်းဝင် (၁၂)ယောက်ထဲမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ဟာ နံပတ် ၈ နေရာမှာရှိပါတယ်။ ပါကစ္စတန်နိုင်ငံသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Malala Yousafzai က နံပတ် ၂၊ Oprah Winfrey က နံပတ် ၃၊ သမ္မတကတော် Michelle Obama က နံပတ် ၄ ဖြစ်ပါတယ်။ စာရင်းမှာပါတဲ့ တခြားထင်ရှားတဲ့သူတွေထဲမှာ Queen Elizabeth II, ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့လည်း ပါဝင်ပါတယ်။ အနှစ်သက်ဆုံး အမျိုးသားစာရင်းဝင် (၁၀) ယောက်အနက် သမ္မတ အိုဘားမားအပြီး နောက်ထပ်အမျိုးသားတွေထဲမှာ Pope Francis နဲ့ ရီပါဘလစ်ကင်ပါတီကနေ သမ္မတလောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့ Donald Trump တို့ပါဝင်ပါတယ်။ တခြားထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲမှာ Microsoft ကုဋေကြွယ်သူဌေးကြီး Bill Gates, တိဘက်ဘုန်းတော်ကြီး Dalai Lama, သမ္မတဟောင်းတွေဖြစ်တဲ့ George W Bush နဲ့ Bill Clinton တို့ ပါဝင်ကြပါတယ်။ ဒီ Gallup Poll စစ်တမ်းကောက်ခံချက်ဟာ ၂၀၁၅ ဒီဇင်ဘာ (၂)ရက်ကနေ (၆)ရက်အထိ အမေရိကန်ပြည်နယ် (၅၀)အပြင် ၀ါရှင်တန်ဒီစီမှာနေထိုင်တဲ့ အသက် (၁၈)နှစ်အထက် လူ (၈၂၄)ယောက်ကို တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပြီး ကောက်ခံခဲ့တာဖြစ်ပါတယ်။ အနှစ်သက်ဆုံးပုဂ္ဂိုလ်အဖြစ် (၁၂)ကြိမ်မြောက် အများဆုံးအရွေးခံခဲ့ရသူကတော့ ၁၉၅၃ခုနှစ်ကနေ ၁၉၆၁ခုနှစ်ထိ အမေရိကန်သမ္မတအဖြစ်ထမ်းဆောင်ခဲ့တဲ့ Dwight D. Eisenhower ဖြစ်ပါတယ်။ voa

လိပ်ကျွန်းလူသတ်မှု စီရင်ချက်အပေါ် အနုပညာရှင်များနဲ့ လူငယ်လှုပ်ရှားသူတို့ရဲ့ ရင်ဖွင့်သံ

လိပ်ကျွန်းလူသတ်မှု စီရင်ချက်အပေါ် အနုပညာရှင်များနဲ့ လူငယ်လှုပ်ရှားသူတို့ရဲ့ ရင်ဖွင့်သံ - MONDAY, DECEMBER 28, 2015 - ထိုင်းလိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား လူငယ်နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် အနုပညာရှင်တချို့နဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူငယ်ရေးရာ တက်ကြွလှုပ်ရှား ဆောင်ရွက်နေသူတဦးရဲ့ အမြင် တို့ကို ဧရာဝတီသတင်းထောက် သီဟတိုးနဲ့ ယုမွန်ကျော်တို့က မေးမြန်းထားပါတယ်။ တေးရေး ရွှေဂျော်ဂျော် -- ပုံမှန် မြန်မာပြည်သူတယောက်အနေနဲ့ အရမ်းစိတ်မကောင်း ဖြစ်ရတာပေါ့၊ မခံချင်စိတ်လည်း ဖြစ်ရတာပေါ့။ တကယ့်ပြသနာမှာ ဘယ်လောက် ဘယ်သူက တကယ့် အသေးစိတ်ကို ကိုယ်ကိုယ်တိုင် မသိရှိတဲ့အတွက် ကြောင့်ရယ်၊ ကိုယ့်ထက်ပိုပြီး တာဝန်ရှိတဲ့လူတွေက ဘယ်လို ဆောင်ရွက်မှာလဲ မသိတဲ့ အတွက်ကြောင့်ရယ်၊ ခံစားဖို့တော့ ခက်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်ဟာ အကူးအပြောင်း ကာလလည်းဖြစ်တယ်။ ကိုယ့်ထက်ပိုပြီး တာဝန်လည်းရှိတယ်၊ ကိုယ့်ထက်ပိုလည်း လက်လှမ်းမှီတဲ့သူတွေက ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရုံကလွဲရင် ဘာမှ မတတ်နိုင်ဘူးပေါ့။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးပေါ့။ အဆိုတော် သားစိုး --- ဒါကတော့ သူတို့ တကယ်ပဲ ကျူးလွန်လား မကျူးလွန်ဘူးလားဆိုတာ သူတို့အသိဆုံးပါပဲ။ တရားကိုလည်း နတ်စောင့်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ကြီးက အရာရာမှာနောက်ကျနေတဲ့ ဆင်းရဲသား တိုင်းပြည်ဖြစ်နေတယ်။ လမ်းထဲမှာတောင် ဆင်းရဲသားလမ်းလျှောက်သွားတာနဲ့ သူဌေးလမ်းလျှောက်သွားတာ တူမှမတူတာပဲလေ။ သူဌေးလမ်းလျှောက်ရင် “သူဌေး မင်းဘာလုပ်နေတာလဲ”ပေါ့ ဆင်းရဲသားလမ်းလျှောက်ရင် “ဟာ မင်းဘာလုပ်နေတာလဲ မင်းဘာခိုးမလို့လဲ” လို့မေးကြတယ်။ ဆင်းရဲသားတိုင်းပြည်က လူတွေဆိုတော့လည်း ဒါမျိုးတွေ့ကြုံ့ရတာ မဆန်းပါဘူး။ ဒါမျိုးတွေ မကြုံ့တွေ့ချင်ဘူးဆိုရင် ကိုယ့်ဘာသာကြိုးစားကြဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်နယ်ပယ် ကိုယ့်လုပ်ငန်းခွင်မှာ ဘယ်သူမှ မတူအောင် တီထွင်ကြမယ်၊ ဆန်းသစ်ကြမယ် အခုဟာက ထိုင်းနဲ့ မြန်မာယှဉ်ကြမယ်ဆိုရင်တောင် ခရီးသွားတဲ့ လုပ်ငန်းကိုပဲ ယှဉ်ကြည့်ပေါ့။ ထိုင်းမှာ တနှစ်ကို နိုင်ငံခြားသား ၂၉ သန်း ၀င်နေတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာ တသန်းကျော်ကျော် ၀င်တာတောင်မှ ဟိုတယ် မလောက်ဘူးဆိုတော့ ကျနော်တို့တိုင်းပြည်နဲ့ ဘယ်လောက်ကွာဟနေလည်းဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ထိုင်းမှာဆိုရင် မိုးမျှော်အဆောက်အအုံက ရေတွက်လို့မရဘူးဆိုရင် မြန်မာနိုင်ငံမှာ မြို့ထဲမှာ နှစ်ခုလောက်နဲ့ ရေတွက်လို့ရနေတယ်။ ဆိုတော့ ကျနော်တို့တိုင်းပြည်က ဒါမျိုးခံရတာ မဆန်းပါဘူး။ ကျနော်တို့က အရာရာနုံချာဆင်းရဲ စုတ်ပြတ်နေတာကိုး။ ဒါမျိုးမဖြစ်ချင်ဘူး မကြိုက်ကြဘူးဆိုရင်တော့ ကျနော်တို့ အားလုံးကြိုးစားမှပဲ ဖြစ်မှာပါ။ သရုပ်ေဆာင် ဗေလုဝ --- အမေရိကန်နိုင်ငံက မိုက်ကယ်ဖီးလင်း စင်ကာပူနိုင်ငံမှာ ကားတွေကိုဓားနဲ့ခြစ်တုန်းကတော့ စင်ကာပူဥပဒေအရ သူကို ကြိမ်ဒဏ်ပေးတယ်လေ။ အဲဒီမှာ အမေရိကန်သမ္မတနဲ့ ပြည်သူလူထုက လျော့လျော့ပေါ့ပေါ့ပေးဖို့ ၀ိုင်းပြီး တောင်းပန်ကြတယ်ပေါ့။ သူ့လူမျိုးတယောက်ကို ထိရင် ဆတ်ဆတ်ထိနာကျဉ်းပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့လူမျိုး ဒီ ကလေးနှစ်ယောက်ကိုထိတာ ဆတ်ဆတ်ထိမခံနားကျဉ်းပါတယ်။ အစိုးရအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံအနေနဲ့ ပြည်သူကလည်း ဒီကလေးနှစ်ယောက်အတွက် ရှေ့က မားမားမတ်မတ်ရပ်ပြီး အစိုးရကလည်း ညှိညှိနှိုင်းနှိုင်းလုပ်ပေးမယ်ဆိုရင် ဒီကလေးတွေအနေနဲ့က သက်သာလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒါ မဟုတ်ဘူးဆိုတာ အားလုံးကလည်းသိတယ် ကမ္ဘာကလည်းသိတယ် သူတို့ဥပဒေကလည်း ပြောရမယ်ဆိုရင် သိပ်မကွာဘူးလေ ငွေများတရားနိုင်မှာပဲ။ တကယ်လို့ဒီကလေးနှစ်ယောက် အပြစ်မရှိဘဲ ဒီလိုအပြစ်ပေးခံရမယ်ဆိုရင် မြန်မာနိုင်ငံသားတယောက်အနေနဲ့ နာတယ်။ ဆတ်ဆတ်ထိနာတယ်။ ကြေကွဲပါတယ်။ ခံစားရပါတယ်။ သဉ္ဖာရွှန်းလဲ့ရည်(လူငယ်ရေးရာ ဆောင်ရွက်လှုပ်ရှားသူ) --- ပထမတော့ ဒီကိစ္စကို စကတည်းက လေ့လာဖြစ်တယ်၊ လေ့လာဖြစ်ပြီးတော့ သတင်းတွေ အမြဲတမ်း ထိုင်းသူငယ်ချင်းတွေနဲ့လည်း ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးဖြစ်တော့ သူတို့တွေ ကိုယ်တိုင်လည်း လက်မခံဘူး။ ထိုင်းနိုင်ငံမှာ ဦးဆောင်ပြီး လုပ်နေကြတဲ့၊ လှုမှုရေးတက်ကြွလှုပ်ရှားနေကြတဲ့၊ နိုင်ငံရေး တက်ကြွလှုပ်ရှား နေကြတဲ့ ထိုင်းသူငယ်ချင်းတွေကလည်း ဒီကိစ္စအပေါ်မှာ အကြီးကြီး သံသယရှိတယ်။ ဒါပေမဲ့ အခု ဒီလိုသတင်းတွေ ကြားမိတဲ့အခါမှာ တော်တော်လေးရှော့ခ်ဖြစ်မိတယ်။ ရှော့ခ်ဖြစ်မိတဲ့ အပြင် ဘာတွေ ဆက်ပြီး တွေးမိသလဲဆိုတော့ တရားဥပဒေ ကိစ္စပေါ့၊ အဓိကက ဒီလိုမျိုး စစ်တပ်က အုပ်ချုပ်တဲ့ နိုင်ငံတခုမှာ တရားဥပဒေကို ကျမတို့ ဘယ်လောက်ထိ မျှော်မှန်းလို့ ရပါ့မလဲဆိုတာ တော်တော်လေးကို သံဝေဂရမိတယ်။ အခုဆိုရင် ဒါက စစ်တပ်က အုပ်ချုပ်တဲ့ စစ်တပ်ရဲ့အာဏာ သက်ရောက်မှုရှိနေတဲ့ နိုင်ငံဖြစ်နေတဲ့အခါကျတော့ အဲဒီနိုင်ငံမှာရှိနေတဲ့ တရားစီရင်ရေးကိစ္စတွေက ဒီလိုပုံစံတွေ ဖြစ်နေပါလားဆိုတာ၊ ဖြစ်တတ်ပါလားဆိုတာက ကျမတို့ ကိုယ်တွေ အရင်တုန်းက ဖြစ်ခဲ့တာနဲ့ သွားမြင်မိတယ်။ နောက်တခုကတော့ လူငယ်တွေအနေနဲ့ တော်တော်လေး ၀မ်းနည်းမိတယ်။ အဲဒါက သူတို့က အသက် (၂၂)နှစ်ပဲ ရှိသေးတယ်။ ကိုယ့်နိုင်ငံမှာကိုယ် ပညာသင်ရမယ့် အရွယ်၊ အလုပ်လုပ်ရမယ့် အချိန်မှာ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းမရှိဘဲ တခြားနိုင်ငံမှာသွားပြီး ကျွန်ပြုနေရတယ်။ အောက်ခြေအလုပ်သမားအနေနဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ ဒီလို မတရားမှုတွေ ကြုံတွေ့နေရတဲ့အချိန် သူတို့ကို ဘယ်အရာကမှ မပံ့ပိုးပေးနိုင်ပါလားဆိုတာကိုလည်း မြင်မိတယ်။ အမှန်တိုင်းပြောရရင် သူတို့နှစ်ယောက်ရဲ့ ကိစ္စက တကမ္ဘာလုံးနီးပါး High Profile ဖြစ်သွားတဲ့ကိစ္စဖြစ်တယ် ဆိုတော့ High Profile ကိစ္စမှာတောင် ဒီလိုမျိုး တရားစီရင်ခံရတယ်ဆိုတော့ တခြား လူမသိ၊ သူမသိ မသိလိုက်ပဲနဲ့ စီရင်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေရဲ့ ထိုင်းရဲတွေနဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေက ဘယ်လောက်တောင် များနေမလဲလို့ တွေးမိတယ်။ ရွှေ့ပြောင်းလုပ်သား လူငယ်တွေအပေါ်မှာ ပြည်နယ် အဖွဲ့အစည်းတွေကော၊ ပြည်တွင်းမှာ လုပ်နေကြတဲ့ လူ့အဖွဲ့အစည်းတွေကော ဘယ်လိုနည်းနဲ့ ပြန်လည်ခေါ်ယူမလဲ၊ သူတို့ကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်သွားမလဲဆိုတဲ့ အဖြေကိုလည်း စဉ်းစားနေမိပါတယ်။

လူငယ်နှင့်ဦးဆောင်မှု

" သတင်းတွေကိုချည်းပဲ ဖတ်နေတဲ့အဆင့်ကနေ တကယ်အတွေးအခေါ်ပါတဲ့ ဆောင်းပါးတွေ၊ အက်ဆေးတွေ၊ ၀တ္ထုတွေကို ဖတ်တတ်လာအောင် " - ‪#‎မင်းကိုနိုင်‬ Q. လူတစ်ယောက်ဟာ ကလေးဘ၀ကနေ လူငယ်ဘ၀၊ အဲဒီကနေ တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ ဘ၀မှာ ကြုံတွေ့လာရမယ့် ကိစ္စရပ်မျိုးစုံ၊ နောက်တစ်ခုက နေရာပေါင်းစုံကနေရောက်လာမယ့် သတင်းအချက်အလက်ပေါင်းစုံကို ပိုင်းခြားဝေဖန်ဆန်းစစ်တတ်ဖို့၊ အမှန်အမှားကို ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်တတ်ဖို့အတွက် ဘာတွေလိုအပ်မလဲအစ်ကို။ A. ကျွန်တော်တို့က ကလေးတစ်ယောက်ရဲ့ လေ့လာမှုနယ်ပယ်ကို ပြန်ကြည့်လိုက်ရင် အတန်းကျောင်းရယ်၊ အစိုးရရဲ့ကျောင်းသင်ခန်းစာ သင်ရိုးညွှန်းတမ်းရယ်၊ အဲဒီမှာ တော်တော်ပိတ်မိသွားတယ်။ ကောင်းပြီ။ အခုတော့ ပွင့်လာတယ်။ မီဒီယာပေါင်းစုံ ပွင့်လာတယ်။ အနည်းဆုံးကတော့ အင်တာနက်မှာ ရှာကြ၊ ဖွေကြတယ်။ ဒါပေမဲ့ အခု ကျွန်တော်ကြည့်နေတာ ဘာသွားတွေ့သလဲဆိုတော့ လူတွေက သတင်းနောက်ကိုလိုက်တာ သိပ်များတယ်လို့ထင်တယ်။ သတင်းတွေရဲ့သဘောက အတွေးအခေါ်တွေ၊ အမြင်တွေမပါဘူးဆိုရင် ဒီမနက်ကသတင်းဟာ ညရောက်ရင် ပုပ်သိုးသွားတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒါတွေကို အငမ်းမရစားရင်းနဲ့ သတင်းတွေ စားပိုးနင့်သွားတယ်။ ကျွန်တော့်သဘောကတော့ သတင်းတွေအားလုံးရဲ့ ခေါင်းစဉ်ကိုကြည့်၊ အနှစ်သာရကို ကြည့်လိုက်ပြီးတဲ့အခါမှာ မလိုလို့ရှိရင် အဲဒီသတင်းတွေကို မေ့ပစ်ရမယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေးဖို့ နေရာချန်ထားရဦးမယ်။ အဲဒါက တော်တော်အရေးပါလိမ့်မယ်။ အခုက ထူးဆန်းတဲ့ အကြောင်းအရာတွေနောက်ကို လိုက်ကြတဲ့အခါကျတော့ အတွေးပါတဲ့၊ အမြင်ပါတဲ့ စာကိုဖတ်ဖို့ အားနည်းသွားတာပေါ့။ ကျွန်တော်က စာအုပ်တွေချည်းပဲဖတ်ရမယ်လို့ မဆိုလိုပါဘူး။ ဖန်သားပြင်ပေါ်မှာပဲကြည့်ကြည့်၊ သီချင်းတစ်ပုဒ်ကနေပဲ ရရပေါ့။ သူဟာ အတွေးတွေ၊ အမြင်တွေပါတတ်တဲ့ ဘယ်အမျိုးအစားကိုပဲဖြစ်ဖြစ် အဲဒါကို မွေ့ထုံစေချင်တယ်။ Q. အဲဒီတော့ လူငယ်တစ်ယောက်ဟာ သတင်းတွေကိုချည်းပဲ ဖတ်နေတဲ့အဆင့်ကနေ တကယ်အတွေးအခေါ်ပါတဲ့ ဆောင်းပါးတွေ၊ အက်ဆေးတွေ၊ ၀တ္ထုတွေကို ဖတ်တတ်လာအောင် ဘာတွေလုပ်ပေးဖို့ လိုအပ်မလဲ အစ်ကို။ A. လုပ်ပေးသင့်တာကတော့ စာဖတ်ခါစ သို့တည်းမဟုတ် ဘယ်စာတွေကို ဖတ်ရမယ်၊ ဘယ်လိုဖတ်ရမယ်ဆိုတာကို ကောင်းကောင်း မကျေညက်သေးတဲ့လူငယ်တွေကို ကျွန်တော်တို့က ညွှန်းသင့်တယ်။ ကျွန်တော်တို့ တစ်ခါတစ်ရံကျရင် အက်ဆေးကောင်းတွေထဲကနေ ဘ၀င်ခိုက်သွားတဲ့ စကားလုံးတွေကို ရတတ်တယ်။ အဲဒါဆိုရင် နောက်မျိုးဆက်သစ်တွေကို ကျွန်တော်တို့က အဲဒါလေးကို တစ်ကြောင်းတန်သည်၊ နှစ်ကြောင်းတန်သည် ပြောပြသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီအခါကျရင် သူက ကောင်းလှချေလားလို့ ခံစားမယ်။ အရသာကိုသိသွားတဲ့အခါမှာ ဘယ်ထဲမှာ ရှာဖတ်ရမလဲဆိုရင် ဒီကလောင်က ရေးတတ်တဲ့စာတွေထဲမှာ ဒါမျိုးလေးတွေ ရှိတတ်တယ်ဆိုတာကို ပြောပြလိုက်ရင်တော့ သူက သူ့ဘ၀အတွက် လိုအပ်တဲ့ ကိရိယာတွေ၊ လက်နက်ပစ္စည်းတွေ၊ တန်ဆာပလာတွေကို သူ့ဘာသာ ရှာဖွေယူတတ်သွားမယ်။ Q. မြည်းစမ်းခိုင်းတဲ့ သဘောလားအစ်ကို။ A. ဟုတ်တယ်။ ကျွန်တော်တို့က မြည်းခိုင်းရမယ်။ မြည်းပြီးတော့မှ သူကြိုက်တာကို ရွေးခိုင်းရမယ်။ ကြာလာလို့ရှိရင် အတွေးအခေါ်ဘက်ကို အားသန်တဲ့သူဟာ ကျန်တဲ့ဖျော်ဖြေရေးနဲ့ သတင်းသက်သက်ကို သူလျှော့လိမ့်မယ်။ လျှော့လိုက်ပြီးတော့ ဘ၀အတွက် ခွန်အားပါမယ့်၊ နောက်ခြေလှမ်းတွေအတွက် အရေးပါမယ့်အရာတွေကို သူယူတော့မှာပေါ့။ " ကျွန်တော်တို့က မေးခွန်းထုတ်တဲ့မျိုးဆက်ကို လိုချင်တာဆိုတဲ့ ကိုမင်းကိုနိုင်နှင့် တွေ့ဆုံခြင်း " အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ချက် Eternal Light Magazine

ထိုင်းလူသတ်မှုဖြင့် မတရားဖမ်းဆီးသေဒဏ်ချမှတ်ခံထားရသော မြန်မာလူငယ်နှစ်ဦးအား ''ဖိုးတစ်ခေတ်'' ကိုယ်တော်ကယ်တင်မည်

သူကယ်မယ်တဲ့ ----------------- ထိုင်းလူသတ်မှုဖြင့် မတရားဖမ်းဆီးသေဒဏ်ချမှတ်ခံထားရသော မြန်မာလူငယ်နှစ်ဦးအား ''ဖိုးတစ်ခေတ်'' ကိုယ်တော်ကယ်တင်မည် ဒီဇင်ဘာ ၂၇ ယမန်နေ့နံနက်အစောပိုင်းက Echo Today သတင်းအဖွဲ့မှ အများနည်းတူ ကိုယ်တော်ကြီး ဖိုးတစ်ခေတ်ထံသတင်းသွားယူရင်း Echo Today သတင်းထောက်တစ်ဦးဖြစ်သူ မကျော့ကေကြူကြူကြိုင်မှ ကိုယ်တော်ကြီးဖိုးတစ်ခေတ်အား အမှတ်မထင်မေးခွန်းတစ်ခုမေးဖြစ်ခဲ့ပါတယ်။ ဒီမေးခွန်းကတော့ ထိုင်းနိုင်ငံမှာသေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးအပေါ် ကိုယ်တော်ကြီးဖိုးတစ်ခေတ်ရဲ့ သဘောထားအမြင်ပါပဲ။ ဒီမေးခွန်းကို ကိုယ်တော်ကြီးဖိုးတစ်ခေတ်က - '' မပူပါနဲ့ သူငယ်မ။ ကိုယ်တော့်မှာ အစီအစဉ်ရှိပါတယ်။ ဘယ်သူမှ မကူရင်နေပါ။ မကယ်ရင်နေပါ။ ဆန္ဒလည်းပြစရာမလိုသလို ဆဲဆိုနေစရာလည်းလိုပါဘူး။ ကိုယ်တော့်မှာ အစီအရင်တွေရှိပါတယ်။ ထိုင်ရာကမထပဲ ကယ်တင်သွားမှာပါ။ သူငယ်လေးနှစ်ကောင်က ထိုင်းမှာ ဖမ်းခံနေရတယ်လေ။ ထိုင်း နော်။ အဲတော့ ကိုယ်တော်က ထိုင်မယ်။ ထိုင်း နဲ့ ထိုင်။ ဝစ်စနှစ်လုံးပေါက်မပါတော့ဘူး တွေ့လား။ အဲ့ဝစ်စပေါက်နှစ်လုံးက အဲ့သူငယ်နှစ်ကောင်ကို ကိုယ်စားပြုတယ်။ ကိုယ်တော် ဒါကြောင့်ထိုင်ပါမယ်။ ၆ ရက် နဲ့ လေးဆယ့်ရှစ်မိနစ်ကိုယ်တော် ထိုင်ရင် ဒီသူငယ်နှစ်ကောင်လွတ်ပါပြီ။ ဒါပေမယ့် ဒီ ထိုင်နေစဉ်ကာလ အတွင်း ဘူးသီး ဖရဲသီး ဆက်ကပ်မှုမပြတ်ပါစေနဲ့'' ဟု မိန့်ကြားခဲ့ပါတယ်။ ကိုယ်တော်ရဲ့အစီအရင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုများရှိနေသလို ယုံကြည်သူများကတော့ ဖရဲသီးများ ဘူးသီးများလာရောက်လှူဒါန်းနေကြောင်းသိရပါတယ်။ ဒီနေ့နေ့လည် ၁၁ နာရီထဲက စထိုင်နေတဲ့ ကိုယ်တော်ဖိုးတစ်ခေတ်ဟာ အစားအသောက်စားခြင်း အညစ်အကြေးစွန့်ခြင်း တစ်စုံတစ်ရာပြုလုပ်တော့မည်မဟုတ်ပဲ ၆ ရက်နဲ့ လေးဆယ့်ရှစ်မိနစ်တိတိ ''ထိုင်းဝစ်စနှစ်လုံးပြုတ် သူငယ်နှစ်ကောင်လွတ် အထိုင်ဖရဲဘူး အစီအရင်ကြီး'' စတင်နေပြီဖြစ်ပါတယ်။ ကိုယ်တော်ကြီးဖိုးတစ်ခေတ်သာ အားကိုးရာဖြစ်လာမလားဆိုတာကတော့ မြန်မာလူငယ်လေးနှစ်ယောက် လွတ်မြောက်ပါစေ ကိုယ်တော့် တန်ခိုးဆထက်တိုးပွားပါစေ ‪#‎သတင်း_ကျော့ကေကြူကြူကြိုင်‬

စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး ၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း,,,, ရဲဘော်တို့........

စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး ၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း,,,, ရဲဘော်တို့........ ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။ ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။ တကယ့်သစ္စာဖြစ်ရမယ်.......... ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။ တော်အောင်ကြိုးစားကြပါ........ ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။ ရာထူးအဆင့်အတန်း ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။ တန်ခိုးပြဘို့မဟုတ်......... တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။ မှန်ကန်သော လူမျိုးရေးတရား.......... လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။ ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။ ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။ လူကြီးဆိုတာ ဘာလဲ......... နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။ ဘယ်တော့မှ သစ္စာမဖောက်.......... နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။ သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။ စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ....... နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။ ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။ http://forverfriends.ning.com/…/topics/2863689:Topic:6978835 ( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်) ( အထက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။ (ဗိုလ်ဥတ္တမကျော်)

လူစိတ်ဝင်စားမူများနေတဲ့ ဂုတ်ထိပ်တံတားကြီး အကြောင်း

လူစိတ်ဝင်စားမူများနေတဲ့ ဂုတ်ထိပ်တံတားကြီး အကြောင်း ====================================== ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲအကြား မန္တလေး၊ လားရှိုး မီးရထား လမ်းပေါ်တွင် တည်ရှိသည်။ သီပေါမြို့နယ်တွင် ဟိုကွတ် အမည်ဖြင့် ရွာတစ်ရွာရှိရာ ဟိုကွတ်ဟူသော အမည်သည် ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုး ကွယ်ပျောက်၍ သွားသည်ကို အစွဲပြု၍ခေါ်ခြင်းဖြစ်သည်ဟု မြန်မာ့စွယ်စုံ ကျမ်း အတွဲ(၃) တွင် ရေးသားထားသည်။ ထိုရွာအနီးတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အခြား တစ်နေရာရောက်မှ မြစ်ကြောင်း ပြန်ပေါ်လာသဖြင့် နမ်းပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွှန်း ကာ ယင်းနေရာကို ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။ ကာလ ရွေ့လျားလာသောအခါ ငုပ်ထိပ်မှ ဂုတ်ထိပ် ဖြစ်လာခဲ့သည်။ ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက် ၁၈၉၇ ခုနှစ်တွင် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ခဲ့ပြီး မန္တလေးနှင့် ကွမ်းလုံကို လည်း ရထားလမ်းဖောက်လုပ်ရန် စီစဉ်ခဲ့ကာ ယင်းလမ်း ပေါ်တွင် မီးရထားဖြတ်သန်း သွားနိုင်မည့် ဂုတ်ထိပ်တံတား ကို ဆောက်လုပ်ခဲ့ကြသည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရထားလမ်းဖြစ်လာမည့် ဂုတ်ထိပ်တံတားကို တာဝန်ယူ တည်ဆောက်ရန် ဗြိတိသျှအစိုးရက မြန်မာ့မီးရထား ကုမ္ပဏီကို တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ၁၈၉၉ ခုနှစ် တွင် မြန်မာ့မီးရထားကုမ္ပဏီက ဂုတ်ထိပ်တံတားကြီး ဆောက်လုပ်ရန် အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယား နှင့် မေရီလန်းစတီးကုမ္ပဏီတို့ကို ငှားရမ်းခဲ့သည်။သို့သော် တံတားကြီးကို ဦးစီးတည်ဆောက်သူမှာ မြန်မာ့မီးရထား ဌာနမှ အင်ဂျင်နီယာSir Arthur Rendel နှင့် ဗြိတိသျှ၊ မြန်မာအင်ဂျင်နီယာများဖြစ်ကြသည်။ တံတားအတွက် အသုံးပြုသော ပစ္စည်းများကို အမေရိကန်နိုင်ငံမှ တိုက် ရိုက် မှာယူတင်သွင်းခဲ့သည်။ (Goteik viaduct by Sir Arthur Rendel) ဂုတ်ထိပ်တံတားကြီး၏ ဒီဇိုင်းပုံစံကို ဗြိတိန်နိုင်ငံမှ ဆာ အေအမ်ရင်းဒဲလ်အင်ကုမ္ပဏီက ရေးဆွဲခဲ့သည်။ တံတားကြီးကို ထောက်ပင့်ထားသောသံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၃၂ဝ မြင့်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေမြင့်သည်။ ဂုတ်ထိပ်တံတား၏ ထူးခြားချက်မှာ အခြားသော တံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော်မတ်စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်သန်းတည် ဆောက်ထားခြင်းဖြစ်ပေသည်။ ဂုတ်ထိပ်တံတားသည် ပေ ၂၂၆ဝ ရှည်လျားပြီး တံတား၏ အောက်ခြေသံတိုင် အချို့ကို အနိမ့်ဆုံး ချိုင့်ဝှမ်း မြေပြင်မှ ပေ ၁၁ဝဝ ခန့်အမြင့်တွင် စိုက်ထူထားသည်။တံတား၏ပျမ်းမျှအမြင့်သည် တံတားအောက်ရှိ လိုဏ်ဂူ အောက်တွင် ဖြတ်သန်းစီးဆင်း နေသော မြစ်ရေပြင်မှ အထက် ပေ ၈၂ဝ ဖြစ်ပြီး အမြင့်ဆုံး ထောက်တိုင်နေရာရှိ မီးရထားသံလမ်းသည် တံတားအောက်မြေပြင် မှ ၃၃၅ ပေ အမြင့်တွင် တည်ရှိသည်။ တံတားတစ်ခုလုံးအတွက် သံနှင့် သံမဏိ ၄၃၁၁ တန်၊ သံမှိုပေါင်းတစ်သန်း အသုံးပြုခဲ့ရသည်။ တံတားတိုင်ပေါင်း ၁၆ တိုင်ရှိရာ တံတားကြီး၏ အလယ်တိုင်များဖြစ်ကြသည့် တိုင်အမှတ် ရှစ်နှင့် ကိုးသည် အမြင့်ဆုံးဖြစ်ကြသည်။ ရထားလမ်းဖြတ်သန်းသွားမည့် ဂုတ်ထိပ်တံတားကို ဂုတ်ထိပ်ကျေးရွာရှိ ကျောက်ဂူကြီးနှစ်ခုကို ဖြတ်သန်းလျက် တောင်ထိပ် နှစ်ခုကို သွယ်တန်းဖောက်လုပ်ခဲ့ရသည်။တံတားကြီး ဆောက်လုပ်မှု လုပ်ငန်းများကို ၁၈၉၉ ခုနှစ် တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉ဝဝ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြီးစီးခဲ့ကာ ထိုခေတ်က ငွေကျပ် (၁၆၉၈၂ဝဝ) ကုန်ကျခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင် တံတား ကြီးကို စတင်အသုံးပြုခဲ့သည်။ ဂုတ်ထိပ်တံတားကြီးသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း မဟာမိတ်တို့၏ မြေလှန်စနစ်ကြောင့် ဖျက်ဆီးခြင်း ကို ခံခဲ့ရသဖြင့် တိုင်အမှတ် (၂)နှင့် (၅)တို့ ပျက်စီးခဲ့ရသည်။ မြန်မာနိုင်ငံမှ ဂျပန်တို့ ပြန်လည်ဆုတ်ခွာချိန်တွင်လည်း ဂုတ်ထိပ်တံတား၏ အမြင့်ဆုံးတိုင်များဖြစ်သည့် တံတား အလယ်တိုင် လေးတိုင်ကို ဗုံးခွဲဖျက်ဆီးခဲ့သဖြင့် တိုင် အမှတ် (၁၁) သည် အောက်ခြေပြတ်ခဲ့ပြီး တိုင်အမှတ် (၁ဝ) နှင့် (၁၂) တို့မှာ လဲကျပျက်စီးခဲ့ကြသည်။ ထိုတိုင် များပေါ်တွင် တပ်ဆင်ထားသော ပေ ၁၂ဝ စီ ရှည်သည့် ပေါင်းကူး သံပေါင်လေးခုသည်လည်း မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်တွင် ပျက်စီးနေသော ဂုတ်ထိပ်တံတားကြီးကို မြန်မာနိုင်ငံ မီးရထားဌာနက ပြင်ဆင်ခဲ့သည်။ ဂုတ်ထိပ် တံတား ပြင်ဆင်ခြင်း လုပ်ငန်းများကို ၁၉၄၈ ခုနှစ် မေလ တွင် စတင်လုပ်ဆောင် ခဲ့သော်လည်း ပစ္စည်းများရှားပါးမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် သုံးနှစ်ကျော် အချိန်ကြာမြင့်ခဲ့ကာ ၁၉၅၁ ခုနှစ်သြဂုတ်လတွင် ပြီးစီး ခဲ့သည်။ ထိုအချိန်က ဂုတ်ထိပ်တံတားကြီး ပြင်ဆင်မှု ကုန်ကျစရိတ်ငွေမှာ ငွေကျပ် ၃၂ သိန်း ဖြစ်သည်။ မီးရထားပေါ်မှမြင်ရသည့် ဂုတ်ထိပ်တံတားကြီး၏ အနီးကပ်မြင်ကွင်းကို တံတားကြီးပေါ်မှ ဖြတ်သန်းသွားဖူး ကြသူတိုင်း မမေ့နိုင်အောင် အမှတ်တရ ဖြစ်ကြရပေ သည်။ ယခုအခါ သက်တမ်း ၁၁၅ နှစ်ကျော်ခဲ့ပြီဖြစ်သည့် ဂုတ်ထိပ်တံတားသို့ သွားရောက် ကြည့်ရှုလိုသူ ကမ္ဘာ လှည့် ခရီးသည်များအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက သီးသန့်ရထားတွဲRGC ၁၁ဝ ကို ငှားရမ်းစီးနင်းနိုင်ရန် စီစဉ်ပေးထားသည်။ ယင်းသီးသန့် ရထားတွဲသည် ခရီးသည် ၂ဝ လိုက်ပါနိုင်ကာ ပြင်ဦးလွင် ဘူတာမှ နောင်ပိန်ဘူတာ အသွားအပြန် ခရီးစဉ်အတွက် မြန်မာကျပ်ငွေ နှစ်သိန်း ပေးသွင်းရသည်ဟု သိရှိရပေ သည်။ ရထားတွဲငှားရမ်းလိုသူများသည် မြန်မာ့မီးရထား၊ မန္တလေးတိုင်းရုံးတွင် ကြိုတင်လျှောက်ထားရသည်။ ဂုတ်ထိပ်တံတားအဆင်းရှိ မော်တော်ကားလမ်းသည် ဂုတ်ထိပ်တံတား၏ အနောက်ဘက်တွင်ရှိသဖြင့် ကားလမ်း မှ ဂုတ်ထိပ်တံတားကို မမြင်နိုင်ကြဘဲ မီးရထားစီးမှသာ ဂုတ်ထိပ်တံတားကြီးကိုမြင်နိုင်သည်။ ဂုတ်ထိပ် တံတားကို အနီးကပ်မြင်တွေ့နိုင်ရန် ဂုတ်ထိပ်ကြည့် ခရီးသည်များ သည် မီးရထားဖြင့်သာ ဂုတ်ထိပ်တံတားရှိရာသို့ သွားကြ ရပေသည်။ နေ့စဉ်နိုင်ငံခြားသားခရီးသည် ၂ဝ မှ ၃ဝ ကျော်အထိ မီးရထားဖြင့် လာကြကြောင်း သိရှိရပေသည်။ ယခုအခါတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကား လမ်းဆက်သွယ်ရေးသည် အထူးကောင်းမွန်နေပြီဖြစ်သဖြင့် မီးရထားစီးခရီးသည် အရေအတွက်သည် ယခင်ကထက် များစွာ လျော့နည်းသွားခဲ့သော်လည်း မိမိတို့တစ်သက်တာ တွင် မမေ့နိုင်ဖွယ် အမှတ်တရ ဖြစ်စေနိုင်သည့် ဂုတ်ထိပ် တံတားမြင်ကွင်းများကို ကြည့်ရှုလိုကြသော ပြည်တွင်း ပြည်ပမှ ခရီးသည်များသည်ကား ကျွန်တော်စီးနင်းလိုက် ပါခဲ့သည့် မီးရထားခရီးကိုပင် နေ့စဉ်လိုက်ပါစီးနင်း လျက်ရှိနေပါပေသည်။ Credit: မောင်သာ(ရှေးဟောင်းသုတေသန)

အမေရိကားမှာတောင် မြန်မာလိုမျိုး အမတ်ပင်စင် မရှိဘူး

အမေရိကားမှာတောင် မြန်မာလိုမျိုး အမတ်ပင်စင် မရှိဘူး ===================================== နိုင်ငံတကာသာဂိ၊ (မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၅ အခုတလော မြန်မာသတင်းတွေမှာ ပထမ ၅ နှစ် သက်တမ်းပြုတ် အမတ်တွေက တလုံးတခဲတည်းခံစားခွင့် လားပင်စင် အဲလေ အမတ်ပင်စင် တောင်းနေတယ် ဆိုပါ့လား။ နိုင်ငံရေးအမတ်ပြုတ်နဲ့ နိုင်ငံရေးပင်စင်နဲ့ ဘာဆိုင်လို့လဲလို့ မေးလကြလို့ မြန်မြန် ဂူးဂဲလုပ်ပြီး ဖြေလိုက်ပါတယ်။ အမေရိကန်မှာတောင် မြန်မာအမတ်ပြုတ်တွေလိုမျိုး ပင်စင်မရှိဘူး။ ပြီးတော့ ပင်စင်ဆိုတာ သတ်မှတ်ထားတဲ့ သက်ကြီးရွယ်အိုတန်းရောက်မှ ခံစားခွင့်ရတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဥပဒေအရ သူတို့ အောက်လွှတ်တော်အမတ်က သက်တမ်းတကြိမ်ကို ၂ နှစ် ဖြစ်ပါတယ်။ အဲသည်အမတ်ဟာ လွှတ်တော်မှာ ငါးနှစ်အနည်းဆုံး ထမ်းဆောင်ဖူးမှ ပင်စင်ခံစားခွင့်ရှိပါတယ်။ ပင်စင်ကို ခံစားရာမှာ သတ်မှတ်ထားတဲ့ သက်ကြီးရွယ်အိုသက် ၆၂ နှစ် ရှိမှ စတင်ခံစားရမှာပါ။ အမေရိကန်က အထက်လွှတ်တော်အမတ်တွေက သက်တမ်းတကြိမ် ၆ နှစ် ဖြစ်တော့၊ အထက်လွှတ်တော်အမတ်ကတော့ တကြိမ်အရွေးခံရပြီး ပင်စင်ခံစားခွင့် ရပြီ ဖြစ်သော်လည်း အသက် ၆၂ နှစ် ကျမှ ပင်စင်လစာ၊ ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။ သို့သော်လည်း ၆၂ ကျမှချည်း တော့ မဟုတ်ပါ။ အသက် ၅၀ နှင့် အမတ်သက် ၂၀ ရှိလျင်ဖြစ်စေ၊ အမတ်သက် ၂၅ နှစ်နဲ့ အထက်ရှိရင် အသက်မသတ်မှတ်ဘဲ ပင်စင်ခံစားခွင့်ပေးပါတယ်။ ဒါတွေက နိုင်ငံရေးအမတ်လုပ်တမ်းကစားပြီး ပင်စင်ထုတ် လုပ်စားမယ့်သူတွေအတွက် အတားအဆီးတွေပဲ ဖြစ်ပါတော့တယ်။ ၁၉ ၈၄ ခုနှစ်ကတည်းက သတ်မှတ်ထားတဲ့ ပင်စင်ခံစားခွင့်အစီအစဉ်က ဒီလိုပါ။ အမတ်ဟောင်းရဲ့ အမြင့်ဆုံး ၃ နှစ်စာ လစာရယ်၊ ထမ်းဆောင်ခဲ့တဲ့ အမတ် နှစ် အရေအတွက်ရယ်၊ ၁.၇ ရာခိုင်နှုန်း မြောက်ဖော်ကိန်းက ပထမ အနှစ် ၂၀ အမတ်သက်အတွက် ဖြစ်ပြီး အမတ်သက် အနှစ် ၂၀ အထက် အနှစ်အတွက် မြောက်ဖော်ကိန်းက ၁ ရာခိုင်နှုန်း ရယ်ကို ထည့်ပြီး တွက်ချက် ရမယ်လို့ ဆိုထားပါတယ်။ ဥပမာအားဖြင့် အောက်လွှတ်တော်အမတ်တဦး အမတ်သက် ၂၅ နှစ်မှာ အနားယူတော့မယ် ဆိုပါစို့။ သူ့အတွက် ပထမ အနှစ် ၂၀ က တွက်နည်းတခု၊ ကျန်တဲ့ ၅ နှစ်က တွက်နည်း တခု ဖြစ်ပါတယ်။ အမတ်တဦးရဲ့ အမြင့်ဆုံးလစာက အမေရိကန်ဒေါ်လာ ၁၇၂,၄၄၃.၀၀ (တနှစ်စာ) ရှိတော့ အဲဒါကို တည်ပြီး ပထမ အနှစ် ၂၀ နဲ့မြှောက်၊ ပြီးတော့ ရာခိုင်နှုန်း (x ၀.၀၁၇) နဲ့မြှောက်ပါ။ နောက် ကျန်တဲ့ ၅ နှစ်အတွက် ၁၇၂,၄၄၃ x ၅ x 0.01 ကို တွက်ချက်ပြီး ၂ ခုကို ပြန်ပေါင်းပါ။ သူ့အတွက် အမတ်ပင်စင် တနှစ်ကို ဒေါ်လာ ၆၇,၂၅၀.၀၀ သာ ရပါတယ်။ ဒါဟာ အမေရိကားမှာ သာမန်လူလတ်တန်းစားတဦးရဲ့ ၀င်ငွေနဲ့ ညီပါတယ် ခင်ဗျာ။ ကဲ … သက်တမ်း ၃ ကြိမ် ထမ်းဆောင်ခဲ့တဲ့ ပင်စင်သက်နားကပ်နေတဲ့ အောက်လွှတ်တော်အမတ်ဘဲဖြစ်ဖြစ် သက်တမ်း ၁ကြိမ်သာ ထမ်းဆောင်ရသေးတဲ့ သက်ကြားအို အထက်လွှတ်တော်အမတ်ပဲ ဖြစ်ဖြစ် အထက်ပါ တွက်နည်းနဲ့ တွက်ပြီး ပင်စင်ယူမယ်ဆိုရင်တောင် (သက်တမ်း ၆ နှစ် ထမ်းဆောင်ဖူးက) တနှစ်လုံး ဒေါ်လာ ၁၇,၅၈၈.၀၀ သာ ရနိုင်ပါတယ်။ သူတို့ အမတ်လစာ အပြည့်နဲ့ ပင်စင်စားဖို့ မဖြစ်ရေးချ မဖြစ်ပါခင်ဗျား။ ပြည်ထောင်စုဥပဒေက ဘယ်အမတ် ကြီးငယ် မဟူ အနားယူချိန်မှာ လစာပြည့်နဲ့ ပင်စင်ရနိုင်ခွင့် မရှိရအောင် ကာကွယ်ထားပါတယ်။ ဥပဒေမှာ ဘယ်အမတ်ပင်စာလစာမှ မူလ အမတ်လစာ၏ ၈၀% ထက် ပိုခံစားခွင့် မရှိစေရလို့ ပြဌာန်းထားပါတယ်။ အဲသလို ခံစားချင်ရင်တောင် အမတ်လုပ်သက် ၆၇ နှစ် ရှိမှ အမတ်လစာရဲ့ ၈၀% နဲ့ နားခွင့်ရမယ် ဆိုပဲ။ အသက် ၂၀ နဲ့ အမတ်လုပ်ခဲ့သူ တောက်လျောက်အရွေးခံရလို့ ၆၇ နှစ် ရှိချိန်မှာ သူ့အသက် ၈၇ နှစ် ကျမှ ပင်စင် ၈၀% သာ ရမှာပါ။ ကဲ … စဉ်းစားတော်မူကြပါ။ မြန်မာပြည်က လက်သန်းပိုင်ရှင်များ ခင်ဗျား။ မြန်မာပြည်က အမတ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို သက်တမ်းတခုပြီးနောက် အမတ်ပြုတ် အစိုးရပြုတ်အဖြစ် ပင်စင်လစာ တလုံးတခဲတည်း ပေးမယ် ဆိုတဲ့အခါကျတော့ အမေရိကန်နည်းအရဆိုရင် အမတ်လစာရဲ့ ၁၀% သာ ခံစားခွင့် ရတာဖြစ်ပါတယ်တခုတော့ ရှိတာပေါ့လေ ပင်စင်ဆိုတာက အသက် ၆၂ ကျော်မှ ခံစားခွင့်ရတာ၊ မသေမချင်း ရတာ။ မြန်မာပြည်ကတော့ ၅ နှစ် သက်တမ်းပြုတ်အမတ်က အမတ်လစာ၊ အစိုးရလစာရဲ့ ၅ ဆ (အမတ် တလ ၁၀သိန်း x ၅ ဆ = သိန်း ၅၀) တလုံးတခဲတည်း လက်ငင်း ခံစားခွင့်ဆိုတာက ပင်စင်ဆိုတဲ့ အိုနာစာ မဟုတ်ဘဲ အမတ်လုပ်တဲ့ ဘိုးနပ်စ် ဖြစ်နေတယ်လို့ ပြောချင်မိသဗျာ။ အစိုးရ၀န်ကြီးများဆိုရင် တလ သိန်း ၃၀ တန် ၀န်ကြီးပြုတ်က တစုတခဲတည်း ကျပ် သိန်း ၁၅၀ ပိုက်ပြီး အိမ်ပြန်လက်ဆောင်တဲ့ ခင်ဗျ။ မြန်မာပြည်မှာ ခုချိန်ထိ အဆင်းရဲဆုံးနိုင်ငံအဖြစ် ချွတ်ခြုံကျ ဘိတ်ချီးကျနေလို့ အမတ်တွေ အစိုးရတွေ ၀င်လုပ်ကြတဲ့ပြီး တိုင်းပြည်ကို တိုးတက်အောင် ကြံဆောင်ကြတယ် အထင်ကြီးနေမိတာ လက်သန်းလေးတွေရဲ့ ပြည်သူ့ဘဏ္ဍာကို မပြုတ်ခင်ကလည်း စား၊ ပြုတ်ပြီးတော့လည်း သိန်းဆုကြီးပိုက် အိမ်ပြန်တယ် ဆိုတော့ သူတို့ အမတ်တွေ အစိုးရတွေ မပြုတ်ခင် တိုင်းပြည်ကောင်းစားသွားအောင် ဘာလုပ်ပေးခဲ့တဲ့ ပေတံနဲ့ ဘိုးနပ်စ်ပေးရမှာတုန်းလို့ မေးခွန်း ထုတ်ချင် စရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အမတ်တွေဆီက လစာဖြတ်ပြီးတော့ ပါတီကို ဘဏ္ဍာဖြည့်မယ်၊ ထူထောင်မယ်လို့ ဆိုခဲ့ဘူး ပါတယ်။ ပါတီက ဆင်းရဲတဲ့ပါတီဆိုတော့ ပါတီအမှီအခိုကင်းစေဖို့ အမတ်တွေရဲ့ လစာကို အလှူခံပြီး ကိုယ်ထူကိုယ်ထ ပြည်သူ့ပါတီ အင်န်အယ်ဒီလုပ်ရမယ် ဆိုသကိုးဗျ။ သည်အတိုင်းသာဆို အင်န်အယ်ဒီပါတီက အမတ်တွေ နောက်သက်တမ်းလွန် မပြောကောင်း မဆိုကောင်း ပြုတ်ကြရင် အဆိုပါ အမတ်ပြုတ် ချီးမြှင့်ငွေ သိန်း ၅၀ ဆီကလည်း ပါတီရန်ပုံငွေအတွက် ဖြတ်ကြရဦးမှာပဲလို့ မျက်စောင်းထိုးထားရမလား မသိပါဘူး ခင်ဗျာ။ ကဲ … အလျင်အမြန် ဝေဖန်စာရေးလိုက်ရတဲ့ဆီမှာ တခုတော့ မြန်မာပြည် အမတ်ပြုတ် ပင်စင်စာထဲမှာ မပါရလိုက်တဲ့ တမတ်သားတွေကိုတော့ သနားမိပါရဲ့။ အမတ်ပြုတ် အစိုးရပြုတ် နိုင်ငံရေးပင်စင် ချီးမြှင့်ငွေရမယ့်သူတွေထဲ ကာလုံက စိတ်တိုင်းကျခန့်တဲ့ ၀န်ကြီးတွေ၊ တပ်ကိုယ်စားလှယ် အမတ်တွေတော့ မပါဝင်ဘူး ဆိုပါသတဲ့။ သူတို့က အစိုးရနဲ့ လွှတ်တော် လစာ ခံစားသူတွေ မဟုတ်ဆိုပဲ။ သည်တော့ကာ သည် တမတ်သား ကာလုံ ၀န်ကြီးနဲ့ အမတ်တွေက ဘယ်က လုပ်ခလစာများ စားနေကြလို့လေလဲ။ သူတို့တွေ ပင်စင်စား အနားယူကြမယ် ဆိုရင်ဖြင့် ဘယ်လောက် တန်ကြေးများ ရှိနေမှာပါလိမ့်မလဲလို့ အတွေးခေါင်နေမိပါကြောင်း။

နိုင်ငံရေးဆိုတာ ကြီးမြတ်တဲ့ အလုပ် - လူထုစိန်ဝင်း

နိုင်ငံရေးဆိုတာ ကြီးမြတ်တဲ့ အလုပ် - လူထုစိန်ဝင်း တလောလေးက ဂျာနယ်တစ်စောင်မှာ နိုင်ငံရေးလုပ်ဖို့ စိတ်ကူးမရှိတဲ့ အကြောင်း၊ ဘယ်တုန်းကမှလည်း မလုပ်ခဲ့တဲ့ အကြောင်း ရေးလိုက်ပါတယ်။ အဲဒီဆောင်းပါးကို ဖတ်ပြီးတဲ့ အခါကျတော့ ထောင်တွေ၊ ကျွန်းတွေထဲမှာ ဆယ်နှစ် ဆယ်မိုး မက နေခဲ့ဖူးခဲ့ဘူးလားလို့ မေးလာပါတယ်။ နိုင်ငံရေးကို ဒါလောက် စိတ်ဝင်တစား လေ့လာနေပြီးတော့ နိုင်ငံရေးပါတီတွေ ဘာတွေထဲ ဝင်မလုပ် ခဲ့ဘူးဆိုတာ အံ့သြနေပုံ ရပါတယ်။ ယုံကြည်ချက်ရှိတယ် ဘယ်ပါတီမှ မဝင်ခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကောလိပ်ကျောင်း ရောက်စကတည်းက သတင်းစာ အလုပ်လုပ် မယ့်လို့ စိတ်ထဲမှာ ရည်ရွယ်ထား ပြီးဖြစ်လို့ပါ ။ သတင်းစာ သမားဆိုတော့ မှန်တာ ကိုသာ ရေးရမယ်။ ဘယ်သူ့ မျက်နှာကိုမှ မကြည့်ရဘူး။ စာဖတ်ပရိသတ် ပြည်သူလူထု မျက်နှာတစ်ခုတည်းကိုသာ ကြည့်ရမယ်လို့ နားလည် သဘောပေါက်ထားလို့ ဖြစ်ပါ တယ်။ ဘယ်ပါတီမှ မဝင်ပေမယ့် ယုံကြည်ချက် မရှိတာတော့ မဟုတ်ပါဘူး။ ကျောင်းသား ဘဝကစပြီ ဒီနေ့အထိ အစွဲအမြဲ၊ အခိုင်အမာ ယုံကြည်တဲ့ ယုံကြည်ချက် ရှိပါတယ်။ လူရယ်လို့ ဖြစ်လာရင် ယုံကြည်ရာ အယူအဆ တစ်ခု၊ ဝါဒတစ်ခုရှိ မြဲဖြစ်တယ်။ တချို့က ဗုဒ္ဓအယူဝါဒကို ယုံကြည်တယ်။ တချို့က ခရစ်တော်ရဲ့ အယူဝါဒကို ယုံကြည် သက်ဝင်တယ်။ တချို့က ဗြဟ္မဏ အယူဝါဒကို ကိုးကွယ် ဆည်းကပ်တယ်။ ဒါလူတစ်ဦး ချင်းစီရဲ့ ဗီဇနဲ့ ပတ်ဝန်းကျင်က ဖန်တီးပေး ချက်ဖြစ်တယ်။ လူတိုင်းဟာ သူယုံကြည်ချင်တာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိတယ်။ ကိုယ်မယုံကြည်တဲ့ အရာမို့ မှားတယ်၊ မကောင်းဘူး သတ်မှတ်လို့ မရဘူး။ ကိုယ်နဲ့မတူလို့ ရန်သူလို့ သဘောထားလို့ မဖြစ်ဘူး။ အကျိုးစီးပွားနှင့် ပဋိပက္ခ လူ့လောကမှာ လူမျိုးပေါင်းစုံ ရှိတယ်။ ဘာသာအယူဝါဒ မျိုးစုံရှိတယ်။ သတင်းစာဆိုတာက လူတိုင်းနဲ့ ဆိုင်တဲ့ အရာဖြစ် တယ်။ လူတိုင်း ဖတ်ကြတယ်။ အဲဒီတော့ သတင်းစာ သမားက ကိုယ့်ယုံကြည် ချက်ကို ကိုယ့်စိတ်ထဲမှာပဲ ထားပြီး အရေး ကိစ္စ အဖြာဖြာကို ဓမ္မဓိဌာန် ကျကျကြည့်မြင် သုံးသပ်ရေးသား ရပါတယ်။ နိုင်ငံရေး ပါတီ တစ်ခုခုမှာ ပါဝင်ဆောင်ရွက် သူဟာ သူ့ပါတီ စည်းကမ်းကို လိုက်နာပြီး သူ့ပါတီကပေးတဲ့ တာဝန်ကို ထမ်းဆောင် ရပါတယ်။ သူ့ပါတီအတွက် ဝါဒဖြန့် စည်းရုံးလှုံ့ဆော်ရ ပါတယ်။ သူ့ပါတီမှားတာ မကောင်းတာကို သူ့ပါတီတွင်းမှာ လွတ်လပ်စွာ ပြောဆို ဝေဖန်ခွင့်ရှိပေမယ့် အပြင်မှာ ထုတ်ပြောတာ၊ ဝေဖန်တာ၊ ရေးသားတာ မလုပ်ရပါဘူး။ ပါတီစည်းကမ်းက ပိတ်ပင် တားမြစ်ထားပါတယ်။ ဒါ သဘာဝ ကျပါတယ်။ ပါတီ အဖွဲ့အစည်း လုပ်ကြတဲ့အခါမှာ စည်းကမ်းကလနားဆိုတာ မရှိလို့ ဘယ်ဖြစ်မှာလဲ။ သတင်းစာ သမားက ပါတီတစ်ခုခု ဝင်ထားရင် ပါတီရဲ့ စည်းကမ်းစည်းမျဉ်းနဲ့ သတင်းစာ လုပ်ငန်းရဲ့ ဓမ္မဓိဌာန်ကျမှု နှစ်ခုအကြား “အကျိုး စီးပွားချင်း ပဋိပက္ခ ဖြစ်မှု” (Conflict of interest ) ဆိုတာ မလွဲမသွေ ပေါ်ထွက်လာမှာ ဖြစ်တယ်။ ရင့်ကျက်မှုအများကြီးလို နောက်ပြီးတော့ ပါတီအဖွဲ့အစည်းနဲ့ နိုင်ငံရေး လုပ်တယ် ဆိုတာက တော်ရုံတန်ရုံ စိတ်ဓါတ်၊ တော်ရုံ အရည် အချင်းနဲ့ ဖြစ်တာ မဟုတ်ပါဘူး။ အသိဥာဏ်ထက် မြတ်ပြီး ဗဟုသုတ ပြည့်စုံဖို့ လိုပါတယ်။ စိတ်ဓါတ်ရေးရာ မှာလည်း အင်မတန် ရင့်ကျက် တည်ငြိမ်ဖို့ လိုပါတယ်။ စိတ်နုပြီး ထိလွယ်ရှလွယ် (emotional and Sensational) ဖြစ်လို့ မရပါဘူး။ အများကြီး အရေထူ ရပါတယ်။ နိုင်ငံရေး လုပ်တဲ့ အခါမှာ လုံးဝကို “ငါတကောကော” လို့ မရပါဘူး။ လူအများနဲ့ အဖွဲ့ အစည်းနဲ့ လုပ်ကြရတာ ဖြစ်တော့ ကိုယ်လုပ်ချင် ဖြစ်ချင် တာကို အများသဘောတူ လက်ခံမှ လုပ်လို့ ရပါတယ်။ အများက သဘောမတူရင် တူအောင် ကြိုးစားရမှာက ကိုယ့်တာဝန် ဖြစ်တယ်။ ပါတီအဖွဲ့ အစည်းတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ မဲခွဲဆုံးဖြတ်တာမျိုးက ညီညွတ်ရေးကို ထိခိုက်စေပြီး “ဂိုဏ်း”၊ “အုပ်စု” စိတ်ဓာတ် ပေါ်ပေါက် စေတယ်။ ကွဲတဲ့ပြဲတဲ့ အထိ ဦးတည်စေတယ်။ ဒါကြောင့် မလွှဲမရှောင်သာမှ မဲခွဲ ဆုံးဖြတ်တာမျိုး လုပ်သင့်တာ မျိုးဖြစ်တယ်။ အားလုံး သဘောတူ ဆုံးဖြတ်ချက် (unanimous) ဖြစ်အောင် စိတ်ရှည်လက်ရှည် ကြိုးစားဖို့ လိုအပ်တယ်။ သဘောထား အယူအဆချင်း မတူရင် တူတဲ့အထိ အကြိမ်ကြိမ် စည်းဝေးညှိနှိုင်း တိုင်ပင်သင့်တယ်။ လုံးဝ ညှိမရရင်၊ မတူတာတွေကို ဆိုင်းငံ့ထားပြီး တူတာတွေကိုပဲ ဆုံးဖြတ်ချက် ချလုပ်ကိုင် သင့်တယ်။ ဒါမှ မကွဲမပြဲဘဲ ညီညွတ်ရေး တည်ဆောက်လို့ ရမှာ ဖြစ်တယ်။ ငရဲကြီးမှာ ကြောက်ရင် မလုပ်နဲ့ တစ်ကိုယ်တော် လူစွမ်းကောင်း လုပ်တတ်တဲ့ ၊ ငါမှမှန်တယ်၊ ငါမှတတ်တယ်၊ ငါမှ သိတယ်ဆိုတဲ့ “ငါစွဲ” သိပ်ကြီးမားတဲ့ ၊ နိုင်ငံရေး လုပ်တယ်ဆိုတာ “ ပရဟိတ” လည်း ပါတယ်၊ “အတ္တဟိတ” လည်းပါ တယ်လို့ ယူဆတဲ့၊ ငရဲ့ကြီးမှာ သိပ်ကြောက်တဲ့၊ လူစားမျိုးတွေ နိုင်ငံရေး လုပ်ဖို့ လုံးလုံးမသင့်ပါဘူး။ နောက်ပြီး ဘာယုံကြည်ချက်၊ ဘာမူဝါဒမှ မရှိဘဲ “ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက်” လုပ်တတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ “ဆိတ်ဟိုဒင်း” လို ဟိုဘက်ပြေးကပ်လိုက်၊ ဒီဘက်ပြေးကပ်လိုက် လုပ်တတ်တဲ့ လူစားမျိုးတွေနဲ့ နိုင်ငံရေး ဆိုတာလည်း လုံးလုံးမအပ်စပ်ပါဘူး။ နိုင်ငံရေး အလုပ်ဆိုတာ “ အင်မတန်ကြီး ကျယ်မြင့်မြတ်” တဲ့ အလုပ်ဖြစ်တယ်။ အသိဉာဏ် ပညာနဲ့ စိတ်ဓါတ် ကြီးမြင့်သူများ သာလုပ်သင့်တဲ့ အလုပ်ဖြစ်တယ်။ ဘာမသိ ညာမသိနဲ့ ပိုက်ဆံရှိတိုင်း ရာထူးဂုဏ်ထူးရှိတိုင်း ဝင်လုပ်လို့ ရတာမျိုး မဟုတ်ဘူး။ နိုင်ငံရေး အလုပ်ဆိုတာ ကျွမ်းကျင်မှု အထူးလိုအပ်တဲ့ အလုပ်မျိုး ဖြစ်တာကြောင့် “ ပရော်ဖက်ရှင်နယ်” အရည်အချင်းရှိ သူများသာ လုပ်နိုင်တာမျိုး ဖြစ်တယ်။ ကြီးမြတ်တဲ့ အလုပ် ကိုယ်တိုင်က ကျောင်းသားဘဝကတည်းက သတင်းစာ သမားလုပ်ဖို့ သန္နိဋ္ဌာန် အခိုင်အမာ ချမှတ်ထားက တစ်ကြောင်း၊ ကိုယ့်မှာက အထက်မှာ ပြောခဲ့တဲ့ နိုင်ငံရေးသမား အရည်အချင်း မျိုးမရှိတာက တစ်ကြောင်းကြောင့်၊ ဘယ်တုန်းကမှ ပါတီတစ်ခုဝင်ပြီး နိုင်ငံရေးမလုပ်ခဲ့သလို နောင်လည်း ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး အလုပ်ဆိုတာ အင်မတန် ကြီးမြတ်တဲ့ အလုပ်မျိုးဖြစ်လို့ပါ။ လူထုစိန်ဝင်း